ရှမ်းပြည်နယ်တွင်း နိုင်ငံ့ဝန်ထမ်းများအား ဒေသစရိတ် ခံစားခွင့်ပြုမည့် ဒေသများ ပြန်လည်စိစစ်

ရှမ်းပြည်နယ်တွင်း နိုင်ငံ့ဝန်ထမ်းများအား ဒေသစရိတ် ခံစားခွင့်ပြုမည့် ဒေသများ ပြန်လည်စိစစ်
စကျတငျဘာ 16, 2017
By Tachileik News Agency


တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသော ဒေသများတွင် တာဝန် ထမ်းဆောင်ရသည့် နိုင်ငံ့ဝန်ထမ်းများအတွက် ဒေသစရိတ်ခံစားခွင့်ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွင်း တိုးသင့်သည်များ တိုး၍၊ လျှော့သင့်သည်များ လျှော့နိုင်ရန်အတွက် ယခင် သတ်မှတ်ထားသော ဒေသများမှ လက်ရှိအနေအထားနှင့် ချိန်ထိုး၍ ပြန်လည်စိစစ်ရန် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးများ ကျင်းပနေခြင်းဖြစ်ရာ ရှမ်းပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့် စိစစ်ရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အတွင်းရှိ ခရိုင်အုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား (၂၅)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

တိုင်းဒေသကြီး/ပြည်နယ်၊ နေပြည်တော်အဆင့်ကော်မတီများ၏ ပြည်ထောင်စုအဆင့် စိစစ်ရေး ကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်နေ့တွင် ကျင်းပပြီးနောက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးများ ကျင်းပကြခြင်းဖြစ်ကြောင်း သိရသည်။

ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသော ဒေသများအား ပြန်လည်စိစစ်သတ်မှတ်ရေး ပြည်ထောင်စုအဆင့် စိစစ်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက တာဝန်ယူထားပြီး အဖွဲ့ဝင်များအဖြစ် နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာန/ဦးစီးဌာနများမှ အမြဲတမ်း အတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ ပါဝင် ဖွဲ့စည်းထားပြီး တိုင်းဒေသကြီး/ပြည်နယ်၊ နေပြည်တော်အဆင့် စိစစ်ရေးကော်မတီများကိုလည်း ဖွဲ့စည်းထားခြင်းဖြစ်သည်။







~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း ဝေးလံခေါင်သီ၍ လူမှုရေး ခက်ခဲသော ဒေသများအား ပြန်လည်စိစစ် သတ်မှတ်ရေးအတွက် ပြည်နယ်အဆင့်စိစစ်ရေးကော်မတီနှင့် ပြည်နယ်တွင်းမှ ခရိုင်အုပ်ချုပ်ရေးမှူးများ စက်တင်ဘာလ (၁၂)ရက်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ရှိ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် ညှိနှိုင်းဆွေးနွေးထားကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသော ဒေသများတွင် တာဝန် ထမ်းဆောင်ရသည့် နိုင်ငံ့ဝန်ထမ်းများအတွက် ဒေသစရိတ်ခံစားခွင့်ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွင်း တိုးသင့်သည်များ တိုး၍၊ လျှော့သင့်သည်များ လျှော့နိုင်ရန်အတွက် ယခင် သတ်မှတ်ထားသော ဒေသများမှ လက်ရှိအနေအထားနှင့် ချိန်ထိုး၍ ပြန်လည်စိစစ်ရန် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးများ ကျင်းပနခြေင်းဖြစ်ရာ ရှမ်းပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့် စိစစ်ရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အတွင်းရှိ ခရိုင်အုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား (၂၅)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

တိုင်းဒေသကြီး/ပြည်နယ်၊ နပြေည်တော်အဆင့်ကော်မတီများ၏ ပြည်ထောင်စုအဆင့် စိစစ်ရေး ကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်နေ့တွင် ကျင်းပပြီးနောက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးများ ကျင်းပကြခြင်းဖြစ်ကြောင်း သိရသည်။

ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသော ဒေသများအား ပြန်လည်စိစစ်သတ်မှတ်ရေး ပြည်ထောင်စုအဆင့် စိစစ်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက တာဝန်ယူထားပြီး အဖွဲ့ဝင်များအဖြစ် နပြေည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာန/ဦးစီးဌာနများမှ အမြဲတမ်း အတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ ပါဝင် ဖွဲ့စည်းထားပြီး တိုင်းဒေသကြီး/ပြည်နယ်၊ နပြေည်တော်အဆင့် စိစစ်ရေးကော်မတီများကိုလည်း ဖွဲ့စည်းထားခြင်းဖြစ်သည်။

လူမှုရေး သင့်တင့်သော ဒေသ၊ လူမှုရေးခက်ခဲသော ဒေသ၊ လူမှုရေးအခက်ခဲဆုံး ဒေသဟူ၍ အုပ်စု(၃)စုခွဲခြား သတ်မှတ်စိစစ်ထားပြီး ယခင်က ဒေသစရိတ်ခံစားခွင့်ပြုထားသည့် မြို့(၉၈)မြို့၊ ကျေးရွာအုပ်စု(၂၈၅၆)အုပ်စု ရှိခဲ့ကြောင်း သိရသည်။

သတ်မှတ်ထားသည့် ဒေသများ၏ အနေအထားအား (၂)နှစ် တစ်ကြိမ်ပြန်လည်စိစစ်သုံးသပ်၍ အဆင့်လျော့ချခြင်း၊ တိုးမြှင့်ခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ဓာတ်ပုံ - ပြည်နယ်အစိုးရ

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~