ရွမ္းျပည္နယ္အတြင္း ျပန္လည္စြန္႔လႊတ္ေျမ ဧရိယာ(၆,၉၇၆)ဧကကို အျမန္ဆံုးေပးႏုိင္ရန္ ေဆာင္ရြက္ေန

ရွမ္းျပည္နယ္အတြင္း ျပန္လည္စြန္႔လႊတ္ေျမ ဧရိယာ(၆,၉၇၆)ဧကကို အျမန္ဆံုးေပးႏုိင္ရန္ ေဆာင္ရြက္ေန
စက်တင်ဘာ 16, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း မူလပိုင္ရွင္မ်ားထံ ျပန္လည္ေပးအပ္ရန္က်န္ရွိေနသည့္ ေျမဧရိယာ(၆၉၇၆)ဧကကို အျမန္ဆံုး ျပန္လည္ေပးအပ္ႏုိင္ေရးေဆာင္ရြက္ရန္ ရွမ္းျပည္နယ္ လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္းခံရမႈမ်ား ျပန္လည္စိစစ္ေရးေကာ္မတီ အစည္းအေဝးကို စက္တင္ဘာလ(၁၃)ရက္ေန႔က ေတာင္ႀကီးၿမိဳ႕တြင္ က်င္းပခဲ့ေၾကာင္း သိရသည္။

ေကာ္မတီ၏ အမွတ္စဥ္(၂/၂၀၁၇) အစည္းအေဝးကို ေတာင္ႀကီးၿမိဳ႕၊ ရွမ္းျပည္နယ္ လယ္ယာေျမ စီမံခန႔္ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနတြင္ က်င္းပရာ ရွမ္းျပည္နယ္လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္းခံရမႈမ်ား ျပန္လည္စိစစ္ေရး ေကာ္မတီ ဥကၠဌ၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္အစိုးရအဖြဲ႕ဝင္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႔ အတြင္းေရးမွဴး၊ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးစိုးေဇာ္၊  ျပည္နယ္လယ္ယာေျမ စီမံခန႔္ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန ျပည္နယ္ဦးစီးမွဴး၊ ရွမ္းျပည္နယ္အတြင္းရွိ ခရိုင္(၁၃)ခရိုင္မွ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ လယ္ယာေျမစီမံခန႔္ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန ခရိုင္ဦးစီးမွဴးမ်ား တက္ေရာက္ ေဆြးေႏြးၾကေၾကာင္း သိရသည္။

လယ္ယာေျမႏွင့္အျခားေျမမ်ား သိမ္းဆည္းခံရမႈမ်ား ျပန္လည္ စိစစ္ေရးဗဟိုေကာ္မတီကို နိုင္ငံေတာ္ သမၼတ႐ုံး၏ ၂၀၁၆ ခုႏွစ္၊ ေမလ (၅) ရက္ေန႔တြင္ ထုတ္ျပန္သည့္ အမိန႔္ေၾကာ္ျငာ စာအမွတ္၊ ၁၄/၂၀၁၆ ျဖင့္ ဖြဲ႕စည္းခဲ့ျခင္းျဖစ္ေၾကာင္း သိရၿပီး ရွမ္းျပည္နယ္လယ္ယာေျမ ႏွင့္ အျခားေျမမ်ား သိမ္းဆည္းခံရမႈမ်ား ျပန္လည္ စိစစ္ေရးေကာ္မတီကို ျပည္နယ္ဝန္ႀကီးခ်ဳပ္က ဥကၠဌအျဖစ္ ေဆာင္ရြက္ၿပီး ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား အပါအဝင္ အဖြဲ႕ဝင္ (၁၃)ဦးျဖင့္ ဖြဲ႕စည္းထားျခင္းျဖစ္ေၾကာင္း သိရသည္။

ျပည္နယ္ေကာ္မတီ၏ အဓိကလုပ္ငန္းတာဝန္မွာ ျပည္ေထာင္စုလႊတ္ေတာ္သို႔ တင္သြင္းခဲ့သည့္ လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္းခံရမႈေၾကာင့္ ျပည္သူမ်ားနစ္နာမႈ မရွိေစေရး စုံစမ္းေရး ေကာ္မရွင္၏ အစီရင္ခံစာပါ ေျမသိမ္းဆည္းမႈမ်ားႏွင့္ ပတ္သက္၍ လက္ရွိက်င့္သုံးလ်က္ရွိသည့္ ေျမစီမံခန႔္ခြဲမႈ ဆိုင္ရာ တည္ဆဲဥပေဒ၊ နည္းဥပေဒမ်ားႏွင့္အညီ ေျဖရွင္းေဆာင္ရြက္ရန္၊ မူလပိုင္ဆိုင္ လုပ္ကိုင္ခဲ့ေသာ သက္ဆိုင္သူမ်ားသို႔ လုပ္ထုံးလုပ္နည္းႏွင့္အညီ ေပးအပ္ႏိုင္ေရးေဆာင္ရြက္ရန္၊ သိမ္းဆည္းေျမေပၚတြင္ အေကာင္အထည္ေဖာ္လ်က္ရွိေသာ လုပ္ငန္းသည္ ေဒသအတြက္ အက်ိဳးျပဳ/မျပဳ၊ ေဒသခံမ်ားအတြက္ အလုပ္အကိုင္ အခြင့္အလမ္း ရ/မရ၊ ေဆာင္ရြက္ေသာ လုပ္ငန္းသည္ မူလ တင္ျပထားေသာ စီမံကိန္းအမ်ိဳးအစားအတိုင္း ေဆာင္ရြက္ျခင္း ရွိ/မရွိ စိစစ္ေဆာင္ရြက္သြားရန္ႏွင့္ မူဝါဒဆိုင္ရာ အဆုံးအျဖတ္ခံယူရန္ ေပၚေပါက္ပါက ဗဟိုေကာ္မတီသို႔ တင္ျပရန္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အတြင္း ျပန္လည္စြန႔္လႊတ္ေျမ စုစုေပါင္း ေျမဧရိယာ (၇၀၉၁၀)ဧကအနက္ စိုက္ပ်ိဳးေျမဧရိယာ (၂၅၇၆၇)ဧကႏွင့္ စိုက္ပ်ိဳးေျမ မဟုတ္ေသာ အျခားေျမဧရိယာ(၃၈၁၆၇)ဧကတို႔ကို ျပန္လည္လႊဲေျပာင္း ေပးအပ္ႏုိင္ခဲ့ၿပီး ျဖစ္ေၾကာင္း သိရသည္။

ဓာတ္ပံု - ျပည္နယ္အစိုးရ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်ရန်ကျန်ရှိနေသည့် မြေဧရိယာ(၆၉၇၆)ဧကကို အမြန်ဆုံး ပြန်လည်ပေးအပ်နိုင်ရေးဆောင်ရွက်ရန် ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အစည်းအဝေးကို စက်တင်ဘာလ(၁၃)ရက်နေ့က တောင်ကြီးမြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကော်မတီ၏ အမှတ်စဉ်(၂/၂၀၁၇) အစည်းအဝေးကို တောင်ကြီးမြို့၊ ရှမ်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် ကျင်းပရာ ရှမ်းပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်၊ ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်(၁၃)ခရိုင်မှ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ခရိုင်ဦးစီးမှူးများ တက်ရောက် ဆွေးနွေးကြကြောင်း သိရသည်။

လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးဗဟိုကော်မတီကို နိုင်ငံတော် သမ္မတရုံး၏ ၂၀၁၆ ခုနှစ်၊ မေလ (၅) ရက်နေ့တွင် ထုတ်ပြန်သည့် အမိန့်ကြော်ငြာ စာအမှတ်၊ ၁၄/၂၀၁၆ ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ရှမ်းပြည်နယ်လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီကို ပြည်နယ်ဝန်ကြီးချုပ်က ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် အဖွဲ့ဝင် (၁၃)ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

ပြည်နယ်ကော်မတီ၏ အဓိကလုပ်ငန်းတာဝန်မှာ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှု မရှိစေရေး စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာပါ မြေသိမ်းဆည်းမှုများနှင့် ပတ်သက်၍ လက်ရှိကျင့်သုံးလျက်ရှိသည့် မြေစီမံခန့်ခွဲမှု ဆိုင်ရာ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖြေရှင်းဆောင်ရွက်ရန်၊ မူလပိုင်ဆိုင် လုပ်ကိုင်ခဲ့သော သက်ဆိုင်သူများသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ပေးအပ်နိုင်ရေးဆောင်ရွက်ရန်၊ သိမ်းဆည်းမြေပေါ်တွင် အကောင်အထည်ဖော်လျက်ရှိသော လုပ်ငန်းသည် ဒေသအတွက် အကျိုးပြု/မပြု၊ ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်း ရ/မရ၊ ဆောင်ရွက်သော လုပ်ငန်းသည် မူလ တင်ပြထားသော စီမံကိန်းအမျိုးအစားအတိုင်း ဆောင်ရွက်ခြင်း ရှိ/မရှိ စိစစ်ဆောင်ရွက်သွားရန်နှင့် မူဝါဒဆိုင်ရာ အဆုံးအဖြတ်ခံယူရန် ပေါ်ပေါက်ပါက ဗဟိုကော်မတီသို့ တင်ပြရန်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ပြန်လည်စွန့်လွှတ်မြေ စုစုပေါင်း မြေဧရိယာ (၇၀၉၁၀)ဧကအနက် စိုက်ပျိုးမြေဧရိယာ (၂၅၇၆၇)ဧကနှင့် စိုက်ပျိုးမြေ မဟုတ်သော အခြားမြေဧရိယာ(၃၈၁၆၇)ဧကတို့ကို ပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ပြည်နယ်အစိုးရ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~