တာချီလိတ်ခရိုင်အတွင်း တောင်သူများအား မြေသြဇာ စနစ်တကျသုံးစွဲရေး လက်တွေ့သရုပ်ပြနှင့် ဒေသသုံး ဘာသာစကားများဖြင့် ရှင်းလင်းခြင်း ဆောင်ရွက်

တာချီလိတ်ခရိုင်အတွင်း တောင်သူများအား မြေသြဇာ စနစ်တကျသုံးစွဲရေး လက်တွေ့သရုပ်ပြနှင့် ဒေသသုံး ဘာသာစကားများဖြင့် ရှင်းလင်းခြင်း ဆောင်ရွက်
စက်တင်ဘာ 27, 2017
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စု၊ ပါဝုန်းကျေးရွာရှိ ဘက်စုံ အဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာစိုက်ခင်းဧက(၃၀၀)တွင် စက်တင်ဘာလ (၂၆)ရက်နေ့က ဒေသတွင်းမှ တောင်သူများအား ဓာတုမြေသြဇာနှင့် သဘာဝမြေသြဇာ စနစ်တကျသုံးစွဲရေး လက်တွေ့ သရုပ်ပြနှင့် ဒေသသုံးဘာသာစကားအလိုက် ရှင်းလင်းခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်သည့် အဆိုပါကွင်းဆင်း သရုပ်ပြပွဲသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်သူစုစုပေါင်း လူဦးရေ (၆၃)ဦး တက်ရောက်ကြပြီး ဗမာ၊ ရှမ်း၊ လားဟူနှင့် အာခါဘာသာစကားများဖြင့် မြေသြဇာစနစ်တကျ သုံးစွဲနည်းကို ရှင်းလင်းပြောကြား လက်တွေ့ သရုပ်ပြခြင်းဖြစ်ကြောင်း သိရသည်။

ပုလဲဓာတ်မြေသြဇာ (၁)ဆနှင့် သဘာဝမြေဆွေး/နွားချေး (၃)ဆ (၁း၃)ဖြင့် ရောစပ်သုံးစွဲနည်းကို တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးလှဝင်းက ရှင်းလင်းပြသပြီး ခရိုင် မြေအသုံးချရေး တာဝန်ခံ ဒေါ်မြဥမ္မာက လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။


အဆိုပါ ကွင်းဆင်းပွဲတွင် တက်ရောက်လာသည့် တောင်သူများအား မြေသြဇာ စနစ်တကျ ပြုလုပ်သုံးစွဲနည်းပညာ လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စု၊ ပါဝုန်းကျေးရွာရှိ ဘက်စုံ အဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာစိုက်ခင်းဧက(၃၀၀)တွင် စက်တင်ဘာလ (၂၆)ရက်နေ့က ဒေသတွင်းမှ တောင်သူများအား ဓာတုမြသြေဇာနှင့် သဘာဝမြသြေဇာ စနစ်တကျသုံးစွဲရေး လက်တွေ့ သရုပ်ပြနှင့် ဒေသသုံးဘာသာစကားအလိုက် ရှင်းလင်းခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်သည့် အဆိုပါကွင်းဆင်း သရုပ်ပြပွဲသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်သူစုစုပေါင်း လူဦးရေ (၆၃)ဦး တက်ရောက်ကြပြီး ဗမာ၊ ရှမ်း၊ လားဟူနှင့် အာခါဘာသာစကားများဖြင့် မြသြေဇာစနစ်တကျ သုံးစွဲနည်းကို ရှင်းလင်းပြောကြား လက်တွေ့ သရုပ်ပြခြင်းဖြစ်ကြောင်း သိရသည်။

ပုလဲဓာတ်မြသြေဇာ (၁)ဆနှင့် သဘာဝမြေဆွေး/နွားချေး (၃)ဆ (၁း၃)ဖြင့် ရောစပ်သုံးစွဲနည်းကို တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးလှဝင်းက ရှင်းလင်းပြသပြီး ခရိုင် မြေအသုံးချရေး တာဝန်ခံ ဒေါ်မြဥမ္မာက လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။

အဆိုပါလက်တွေ့ကွင်းဆင်းသရုပ်ပြပွဲသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) စိုက်ပျိုးရေးဦးစီးဌာန၊ ဒုပြည်နယ် ဦးစီးမှူး ဦးတင်ဦး၊ မြေအသုံးချရေးတာဝန်ခံ ဦးပက်ထရစ်ဗျူးနှင့် တာချီလိတ်ခရိုင်၊ မြို့နယ်နှင့် မြို့အဆင့် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ခံများလည်း တက်ရောက်ကြကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းပွဲတွင် တက်ရောက်လာသည့် တောင်သူများအား မြသြေဇာ စနစ်တကျ ပြုလုပ်သုံးစွဲနည်းပညာ လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~