က်ိဳင္းတံုၿမိဳ႕ မဟာျမတ္မုနိဘုရားပရိဝုဏ္ႏွင့္ ဓေမၼာဒယေက်ာင္းတုိက္ပရိဝုဏ္တို႔အား ေဆးလိပ္ေငြ႕ကင္းစင္နယ္ေျမအျဖစ္ သတ္မွတ္ထားရွိ

က်ိဳင္းတံုၿမိဳ႕ မဟာျမတ္မုနိဘုရားပရိဝုဏ္ႏွင့္ ဓေမၼာဒယေက်ာင္းတုိက္ပရိဝုဏ္တို႔အား ေဆးလိပ္ေငြ႕ကင္းစင္နယ္ေျမအျဖစ္ သတ္မွတ္ထားရွိ
စက်တင်ဘာ 23, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ ့ပိုင္း) က်ိဳင္းတုံၿမိဳ႕ရိွ မဟာျမတ္မုနိဘုရားပရိဝုဏ္ႏွင့္ ဓေမၼာဒယေက်ာင္းတိုက္ ပရိဝုဏ္ တို႔အား စက္တင္ဘာလ (၂၃)ရက္ေန႔မွစ၍ ေဆးလိပ္ေငြ ့ကင္းစင္နယ္ေျမမ်ားအျဖစ္ သတ္မွတ္ လိုက္ေၾကာင္း က်ိဳင္းတုံၿမိဳ႕နယ္ ေဆးလိပ္ေငြ႕ကင္းစင္ေရးႀကီးၾကပ္မႈေကာ္မတီထံမွ သိရသည္။

"ဒီမနက္ပိုင္းမွာ ေဆးလိပ္ေငြ ့ကင္းစင္နယ္ေျမျဖစ္ေၾကာင္းကို ဘုရားႀကီးမွာ Sticker (၈)ခု၊ ဓေမၼာဒယ ဘုန္းေတာ္ႀကီး ေက်ာင္းမွာ Sticker (၂)ခုကပ္ၿပီးေတာ့ အဲဒီေနရာ(၂)ခုကို ေဆးလိပ္ေငြ ့ကင္းစင္ နယ္ေျမအျဖစ္ သတ္မွတ္လိုက္ပါတယ္။ အဲဒီ ဘုရားပရိဝုဏ္ေတြမွာ ေဆးလိပ္လုံး၀ ေသာက္ခြင့္မရွိပါဘူး"ဟု က်ိဳင္းတုံၿမိဳ႕နယ္ ျပည္သူ ့က်န္းမာေရးဦးစီးဌာနမွဴး ေဒါက္တာနန္းႏြန္းခမ္းက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ေဆးလိပ္ေငြ ့ကင္းစင္နယ္ေျမအတြင္း ေဆးလိပ္ေသာက္ျခင္းေတြ ့ရိွပါက ဒဏ္ေငြ(၅၀၀၀)က်ပ္ႏွင့္ ေဆးလိပ္ေရာင္းခ်ျခင္း ေတြ ့ရိွပါက ဒဏ္ေငြ(၂)သိန္းက်ပ္ ေပးေဆာင္ရမည္ျဖစ္ေၾကာင္း သိရသည္။

"ကၽြန္မတို ့က ျပည္နယ္လူမႈေရး၀န္ႀကီးရဲ႕ ညႊန္ၾကားခ်က္နဲ ့ လုပ္ရတာျဖစ္ပါတယ္။ ရွမ္းျပည္နယ္ တစ္ခုလုံးက (၁၃)ခရိုင္မွာ ရိွတဲ့ၿမိဳ ့ေပါင္း(၁၂)ၿမိဳ႕ကို ေဆးလိပ္ေငြ ့ကင္းစင္ ၿမိဳ႕ေတာ္ျဖစ္ေပၚလာေရး အတြက္ လူမႈေရး၀န္ႀကီးက လမ္းညႊန္ထားတာျဖစ္ပါတယ္။ က်ိဳင္းတုံမွာ လုပ္သလိုပဲ တျခားၿမိဳ႕ ေတြမွာလည္း ေဆးလိပ္ေငြ ့ကင္းစင္ေရး ႀကီးၾကပ္မႈေကာ္မတီေတြ ဖြဲ ့ထားၿပီးေတာ့ ခရိုင္အဆင့္၊ ၿမိဳ႕နယ္အဆင့္ဆိုျပီး အသီးအသီး အေကာင္အထည္ ေဖာ္ေနၾကၿပီျဖစ္ပါတယ္။"ဟု က်ိဳင္းတုံၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွဴး ေဒါက္တာနန္းႏြန္းခမ္းက ေျပာသည္။

က်ိဳင္းတုံၿမိဳ႕နယ္ ေဆးလိပ္ေငြ ့ကင္းစင္ေရး ႀကီးၾကပ္မႈေကာ္မတီတြင္ ၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန၊ က်န္းမာေရးဦးစီးဌာန၊ ပညာေရးဌာနႏွင့္ အား/ကာတို ့ ပါ၀င္ေၾကာင္း သိရသည္။

သတင္း #ဇြဲျမတ္
ဓာတ္ပုံ - ေအာင္ျမင္ပါေစ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိဘုရားပရိဝုဏ်နှင့် ဓမ္မောဒယကျောင်းတိုက် ပရိဝုဏ် တို့အား စက်တင်ဘာလ (၂၃)ရက်နေ့မှစ၍ ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများအဖြစ် သတ်မှတ် လိုက်ကြောင်း ကျိုင်းတုံမြို့နယ် ဆေးလိပ်ငွေ့ကင်းစင်ရေးကြီးကြပ်မှုကော်မတီထံမှ သိရသည်။

"ဒီမနက်ပိုင်းမှာ ဆေးလိပ်ငွေ့ကင်းစင်နယ်မြဖြေစ်ကြောင်းကို ဘုရားကြီးမှာ Sticker (၈)ခု၊ ဓမ္မောဒယ ဘုန်းတော်ကြီး ကျောင်းမှာ Sticker (၂)ခုကပ်ပြီးတော့ အဲဒီနေရာ(၂)ခုကို ဆေးလိပ်ငွေ့ကင်းစင် နယ်မြေအဖြစ် သတ်မှတ်လိုက်ပါတယ်။ အဲဒီ ဘုရားပရိဝုဏ်တွေမှာ ဆေးလိပ်လုံးဝ သောက်ခွင့်မရှိပါဘူး"ဟု ကျိုင်းတုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန်းနွန်းခမ်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအတွင်း ဆေးလိပ်သောက်ခြင်းတွေ့ရှိပါက ဒဏ်ငွေ(၅၀၀၀)ကျပ်နှင့် ဆေးလိပ်ရောင်းချခြင်း တွေ့ရှိပါက ဒဏ်ငွေ(၂)သိန်းကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်မတို့က ပြည်နယ်လူမှုရေးဝန်ကြီးရဲ့ ညွှန်ကြားချက်နဲ့ လုပ်ရတာဖြစ်ပါတယ်။ ရှမ်းပြည်နယ် တစ်ခုလုံးက (၁၃)ခရိုင်မှာ ရှိတဲ့မြို့ပေါင်း(၁၂)မြို့ကို ဆေးလိပ်ငွေ့ကင်းစင် မြို့တော်ဖြစ်ပေါ်လာရေး အတွက် လူမှုရေးဝန်ကြီးက လမ်းညွှန်ထားတာဖြစ်ပါတယ်။ ကျိုင်းတုံမှာ လုပ်သလိုပဲ တခြားမြို့ တွေမှာလည်း ဆေးလိပ်ငွေ့ကင်းစင်ရေး ကြီးကြပ်မှုကော်မတီတွေ ဖွဲ့ထားပြီးတော့ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဆိုပြီး အသီးအသီး အကောင်အထည် ဖော်နကြပြေီဖြစ်ပါတယ်။"ဟု ကျိုင်းတုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန်းနွန်းခမ်းက ပြောသည်။

ကျိုင်းတုံမြို့နယ် ဆေးလိပ်ငွေ့ကင်းစင်ရေး ကြီးကြပ်မှုကော်မတီတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် အား/ကာတို့ ပါဝင်ကြောင်း သိရသည်။

သတင်း #ဇွဲမြတ်
ဓာတ်ပုံ - အောင်မြင်ပါစေ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~