တာလေမြို့တွင် ရခိုင်ပြည်နယ်မြောက်ခြမ်းရှိ အကြမ်းဖက်ဒေသမှ ပြည်သူများအတွက် အလှူခံဌာန စတင်ဖွင့်လှစ်
တာလေမြို့တွင် ရခိုင်ပြည်နယ်မြောက်ခြမ်းရှိ အကြမ်းဖက်ဒေသမှ ပြည်သူများအတွက် အလှူခံဌာန စတင်ဖွင့်လှစ်
စကျတငျဘာ 6, 2017
By Tachileik News Agency
ရခိုင်ပြည်နယ်မြောက်ခြမ်း ဘူးသီးတောင်၊ မောင်တောဒေသများ၌ ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာရသူ အကြမ်းဖက် ဘေးရှောင်ပြည်သူများအတွက် တာချီလိတ်ခရိုင်၊ တာလေမြို့ရှိ မြို့သူ/မြို့သားများမှ အလှူခံဌာနအား အခြေခံပညာအထက်တန်းကျောင်း(တာလေ)ရှေ့တွင် စက်တင်ဘာလ(၆)ရက်နေ့က စတင်၍ ဖွင့်လှစ်ထားကြောင်း သိရသည်။
အဆိုပါ အလှူခံဌာနသို့ စတင်ဖွင့်လှစ်သည့်နေ့တွင် တာလေမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများက လာရောက် ကူညီ၍ အလှူငွေများ လက်ခံပေးကြောင်း နှင့် တာလေမြို့ရှိ မြို့သူ၊ မြို့သားများမှလည်း ပါဝင်ကူညီလျက်ရှိကြောင်း သိရသည်။
၂၅-၈-၂၀၁၇ ရက်နေ့ မှ ၅-၉-၂၀၁၇ ရက်နေ့အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် Arakan Rohingya Salvation Army (ARSA) အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ ထိတွေ့ တိုက်ခိုက်မှုပေါင်း (၉၇) ကြိမ် ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် (၁၃) ဦး ၊ နိုင်ငံ့ဝန်ထမ်း (၂) ဦး၊ စုစုပေါင်း (၁၅)ဦး ကျဆုံးခဲ့ရကြောင်းနှင့် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဒေသခံတိုင်းရင်းသား (၁၄) ဦး၊ ဒေသခံဟိန္ဒူ ဘာသာဝင် (၇)ဦး၊ ဘင်္ဂါလီ (၇)ဦး စုစုပေါင်း(၂၈)ဦး သေဆုံးခဲ့ရသည့်အပြင် ARSA အစွန်းရောက်အကြမ်းဖက်သမား (၃၇၁) ဦး (ဇစ်မြစ်- တပ်မတော်) အသေရရှိခဲ့ကာ (၃၈) ဦး ဖမ်းဆီးရမိခဲ့ကြောင်း၊ Arakan Rohingya Salvation Army (ARSA) အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် (၁၅) ဦး ၊ နိုင်ငံ့ဝန်ထမ်း(၃)ဦး ၊ ဒေသခံတိုင်းရင်းသား (၄) ဦး၊ စုစုပေါင်း (၂၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ကျေးရွာပေါင်း (၅၉) ရွာ၊ အိမ်အလုံးရေ ( ၆၈၄၂) လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး တံတား (၈ ) စင်း မိုင်းထောင် ဖျက်ဆီးခြင်းခံခဲ့ရသည့်အပြင် စက်တင်ဘာလ(၅)ရက်နေ့အထိ အကြမ်းဖက်မှုကြောင့် ပြည်တွင်း နေရပ်စွန့်ခွာရသူ တိုင်းရင်းသား (၂၆၇၄၇) ဦး ရှိနေပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
~~~~~~~~⊰❂ unicode ~~~~~~~~
ရခိုင်ပြည်နယ်မြောက်ခြမ်း ဘူးသီးတောင်၊ မောင်တောဒေသများ၌ ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာရသူ အကြမ်းဖက် ဘေးရှောင်ပြည်သူများအတွက် တာချီလိတ်ခရိုင်၊ တာလမြေို့ရှိ မြို့သူ/မြို့သားများမှ အလှူခံဌာနအား အခြေခံပညာအထက်တန်းကျောင်း(တာလေ)ရှေ့တွင် စက်တင်ဘာလ(၆)ရက်နေ့က စတင်၍ ဖွင့်လှစ်ထားကြောင်း သိရသည်။
"ကျွန်တော်တို့ ဒီနေ့ အလှူခံဌာနစဖွင့်ပါတယ်။ စက်တင်ဘာလ(၁၅)ရက်နေ့ အထိ (၁၀)ရက်တိတိ ဖွင့်လှစ်သွားပြီး ရရှိလာတဲ့ အလှူငွေကို တာချီလိတ်က အလှူခံဌာနကနေ တစ်ဆင့် သွားရောက် ပေးပို့ လှူဒါန်းမှာဖြစ်ပါတယ်"ဟု တာလမြေို့ ရခိုင်ပြည်နယ်ကူညီထောက်ပံ့ရေး အလှူခံဌာနမှ ဦးငြိမ်းသောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ အလှူခံဌာနသို့ စတင်ဖွင့်လှစ်သည့်နေ့တွင် တာလမြေို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက လာရောက် ကူညီ၍ အလှူငွေများ လက်ခံပေးကြောင်း နှင့် တာလမြေို့ရှိ မြို့သူ၊ မြို့သားများမှလည်း ပါဝင်ကူညီလျက်ရှိကြောင်း သိရသည်။
၂၅-၈-၂၀၁၇ ရက်နေ့ မှ ၅-၉-၂၀၁၇ ရက်နေ့အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် Arakan Rohingya Salvation Army (ARSA) အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ ထိတွေ့ တိုက်ခိုက်မှုပေါင်း (၉၇) ကြိမ် ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် (၁၃) ဦး၊ နိုင်ငံ့ဝန်ထမ်း (၂) ဦး၊ စုစုပေါင်း (၁၅)ဦး ကျဆုံးခဲ့ရကြောင်းနှင့် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဒေသခံတိုင်းရင်းသား (၁၄) ဦး၊ ဒေသခံဟိန္ဒူ ဘာသာဝင် (၇)ဦး၊ ဘင်္ဂါလီ (၇)ဦး စုစုပေါင်း(၂၈)ဦး သေဆုံးခဲ့ရသည့်အပြင် ARSA အစွန်းရောက်အကြမ်းဖက်သမား (၃၇၁) ဦး (ဇစ်မြစ်- တပ်မတော်) အသေရရှိခဲ့ကာ (၃၈) ဦး ဖမ်းဆီးရမိခဲ့ကြောင်း၊ Arakan Rohingya Salvation Army (ARSA) အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် (၁၅) ဦး၊ နိုင်ငံ့ဝန်ထမ်း(၃)ဦး၊ ဒေသခံတိုင်းရင်းသား (၄) ဦး၊ စုစုပေါင်း (၂၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ကျေးရွာပေါင်း (၅၉) ရွာ၊ အိမ်အလုံးရေ ( ၆၈၄၂) လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး တံတား (၈ ) စင်း မိုင်းထောင် ဖျက်ဆီးခြင်းခံခဲ့ရသည့်အပြင် စက်တင်ဘာလ(၅)ရက်နေ့အထိ အကြမ်းဖက်မှုကြောင့် ပြည်တွင်း နေရပ်စွန့်ခွာရသူ တိုင်းရင်းသား (၂၆၇၄၇) ဦး ရှိနပြေီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~