Update News

ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ ရဲခ်ဳပ္အျဖစ္ ရဲမွဴးခ်ဳပ္ေအာင္ဝင္းဦးအား အစမ္းခန္႔အပ္





ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ ဒုတိယရဲခ်ဳပ္ ရဲမွဴးခ်ဳပ္ေအာင္ဝင္းဦးအား ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ ရဲခ်ဳပ္အျဖစ္ တာဝန္ ဝတၱရားမ်ား စတင္ေဆာင္ရြက္သည့္ေန႔မွစ၍ အစမ္းခန္႔ထားလုိက္ေၾကာင္း  စက္တင္ဘာလ (၂၁)ရက္ေန႔တြင္ ျမန္မာႏိုင္ငံျပန္တမ္း ထုတ္ျပန္လုိက္သည္။

ဒုတိယ ရဲခ်ဳပ္ ရဲမွဴးခ်ဳပ္ေအာင္၀င္းဦးအား လစ္လပ္ေနေသာ ရဲခ်ဳပ္ေနရာတြင္ ယာယီရဲခ်ဳပ္အျဖစ္ ၂၀၁၇ ခုႏွစ္ ေမ ၁ ရက္ေန႔မွ စတင္၍ တာဝန္ထမ္းေဆာင္ရန္ ျပည္ထဲေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြက တာဝန္ေပးခဲ့ျခင္းျဖစ္သည္။

ႏိုင္ငံ၀န္ထမ္းစည္းမ်ဥ္းအရ ယာယီရဲခ်ဳပ္အျဖစ္ တစ္ႏွစ္တာ၀န္ယူရမည္ျဖစ္ၿပီးမွ ႏိုင္ငံေတာ္သမၼတက ရဲခ်ဳပ္အျဖစ္ အတည္ျပဳခန္႔အပ္ရမည္ျဖစ္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~



မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲမှူးချုပ်အောင်ဝင်းဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်အဖြစ် တာဝန် ဝတ္တရားများ စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်ကြောင်း စက်တင်ဘာလ (၂၁)ရက်နေ့တွင် မြန်မာနိုင်ငံပြန်တမ်း ထုတ်ပြန်လိုက်သည်။

ဒုတိယ ရဲချုပ် ရဲမှူးချုပ်အောင်ဝင်းဦးအား လစ်လပ်နေသော ရဲချုပ်နေရာတွင် ယာယီရဲချုပ်အဖြစ် ၂၀၁၇ ခုနှစ် မေ ၁ ရက်နေ့မှ စတင်၍ တာဝန်ထမ်းဆောင်ရန် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

နိုင်ငံဝန်ထမ်းစည်းမျဉ်းအရ ယာယီရဲချုပ်အဖြစ် တစ်နှစ်တာဝန်ယူရမည်ဖြစ်ပြီးမှ နိုင်ငံတော်သမ္မတက ရဲချုပ်အဖြစ် အတည်ပြုခန့်အပ်ရမည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::