ပုံပါကျင်မြို့ ကုန်းဆာရွာတွင် လျှပ်စစ်ဝါယာရှော့ကြောင့် နေအိမ်တစ်လုံး မီးလောင်

ပုံပါကျင်မြို့ ကုန်းဆာရွာတွင် လျှပ်စစ်ဝါယာရှော့ကြောင့် နေအိမ်တစ်လုံး မီးလောင်
စကျတငျဘာ 15, 2017
By Tachileik News Agency


ပုံပါကျင်မြို့၊ မိုင်းဟန်အုပ်စု၊ ကုန်းဆာကျေးရွာရှိ ဦးစောဝေလှ၏ နေအိမ်တွင် လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမောင်နှင့် ဒေသခံများ၊ ပုံပါကျင်မြို့ မီးသတ်စခန်းနှင့် နားကောင်းမူး မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ် (၁)စီးဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။


မီးလောင်မှုနှင့် ပတ်သက်၍ နေအိမ်ပိုင်ရှင်  ဦးစောဝေလှ(ဘ)ဦးကျဘိုအား နားကောင်းမူးရဲစခန်းတွင် (ပ) ၇/၂၀၁၇ ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ မိုင်းဟန်အုပ်စု၊ ကုန်းဆာကျေးရွာတွင် စက်တင်ဘာလ (၁၄) ရက်နေ့ ည (၈)နာရီခန့်က လျှပ်စစ်ဝါယာရှော့ဖြစ်ကာ နေအိမ်တစ်လုံး မီးလောင်သွားကြောင်း သိရသည်။

ပုံပါကျင်မြို့၊ မိုင်းဟန်အုပ်စု၊ ကုန်းဆာကျေးရွာရှိ ဦးစောဝလှ၏ နေအိမ်တွင် လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမောင်နှင့် ဒေသခံများ၊ ပုံပါကျင်မြို့ မီးသတ်စခန်းနှင့် နားကောင်းမူး မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ် (၁)စီးဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် တစ်ထပ်နေအိမ်တစ်လုံး မီးလောင်ကျွမ်းသွားပြီး အခြားနေအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်းနှင့် ထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်း သိရသည်။

မီးလောင်မှုနှင့် ပတ်သက်၍ နေအိမ်ပိုင်ရှင် ဦးစောဝလှ(ဘ)ဦးကျဘိုအား နားကောင်းမူးရဲစခန်းတွင် (ပ) ၇/၂၀၁၇၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - သန်းဇော်ဦး 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~