မိုင္းျဖတ္ၿမိဳ႕ ျပည္ေထာင္စုလမ္းမႀကီးေပၚရွိ လမ္းကြ်ံသြားသည့္ တံတားမွတစ္ဆင့္ ယာဥ္ႀကီးမ်ား ျဖတ္သန္းသြားလာႏိုင္ရန္ ညတြင္းခ်င္းအၿပီး ေဆာင္ရြက္ေန

မိုင္းျဖတ္ၿမိဳ႕ ျပည္ေထာင္စုလမ္းမႀကီးေပၚရွိ လမ္းကြ်ံသြားသည့္ တံတားမွတစ္ဆင့္ ယာဥ္ႀကီးမ်ား ျဖတ္သန္းသြားလာႏိုင္ရန္ ညတြင္းခ်င္းအၿပီး ေဆာင္ရြက္ေန
စက်တင်ဘာ 1, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခ႐ိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္အတြင္း ၂၀၁၇ခုႏွစ္ ၾသဂုတ္လ (၃၁)ရက္ေန႔ ညပိုင္းကတည္းက မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ မိုင္းျဖတ္တြင္ တံတားတစ္စင္း ကြ်ံက်မႈ ျဖစ္ပြားခဲ့ရာ စက္တင္ဘာလ(၁)ရက္ေန႔ နံနက္က စ၍ ညေနပိုင္း အခ်ိန္အထိ ယာဥ္ငယ္မ်ားသာ သြားလာႏိုင္ေသးသည့္ အတြက္ စက္တင္ဘာလ(၂)ရက္ေန႔တြင္ ယာဥ္ႀကီးမ်ားသြားလာႏိုင္ရန္ ယေန႔ ညတြင္းခ်င္းအၿပီး ျပဳျပင္မႈမ်ားကို ေဆာင္ရြက္ေနလ်က္ရွိေၾကာင္း သိရသည္။

မိုင္းျဖတ္ၿမိဳ႕နယ္ စီမံကိန္းေရးဆြဲေရးဦးစီးဌာနအနီး ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ေက်ာက္စီ ခံုးေက်ာ္ တံတားတစ္စင္း ကြ်ံက်သြားမႈေၾကာင့္ စက္တင္ဘာလ(၁)ရက္ေန႔ နံနက္ပိုင္းကစ၍ ညေနပိုင္းအခ်ိန္အထိ တာခ်ီလိတ္ - က်ဳိင္းတံု မွလာေသာ ယာဥ္ငယ္မ်ားသာ သြားလာႏိုင္ေသးသျဖင့္ ဆက္လက္၍ ယာဥ္ႀကီးမ်ားသြားလာႏိုင္ရန္အတြက္ မိုင္းျဖတ္ၿမိဳ႕ ျပည္သူ႔ေဆာက္လုပ္ေရး လမ္းဦးစီးဌာန (ၿမိဳ႕ျပ) မွ ဦးစီးအရာရွိ ဦးတင္မိုး ဦးစီးသည့္ ၀န္ထမ္းမ်ားႏွင့္၊ တာ၀န္ရွိသူမ်ားမွ ပူးေပါင္း၍ ေဆာင္ရြက္ ေနလ်က္ရွိေၾကာင္း သိရသည္။

ကြ်ံက်ေနသည့္ တံတားေၾကာင့္ ယာဥ္အႏၱရာယ္မ်ား မျဖစ္ေပၚေရး၊ ထိခိုက္မႈမ်ား မရွိေစေရးအတြက္ အမွတ္ (၁၈) စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္ လက္ေအာက္ခံ တပ္ရင္းမ်ားမွ တပ္မေတာ္အရာရွိမ်ားႏွင့္ တပ္ဖြဲ႔ဝင္မ်ား၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးလႈိင္ႏွင့္ မိုင္းျဖတ္ၿမိဳ႕ ျပည္သူ႔ေဆာက္လုပ္ေရး လမ္းဦးစီးဌာန (ၿမိဳ႕ျပ)မွ တာ၀န္ရွိသူမ်ား၊ ဌာနဆိုင္ရာ အႀကီးအကဲမ်ားႏွင့္ ဝန္ထမ္းမ်ားမွ ပူးေပါင္းေဆာင္ရြက္ခဲ့ၾကၿပီး စက္တင္ဘာလ(၂)ရက္ေန႔တြင္ ယာဥ္ႀကီးမ်ားလည္း သြားလာႏိုင္ရန္အတြက္ ေဆာင္ရြက္ ေနလ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း/ဓာတ္ပံု - ကိုသာ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အတွင်း ၂၀၁၇ခုနှစ် သြဂုတ်လ (၃၁)ရက်နေ့ ညပိုင်းကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုင်းဖြတ်တွင် တံတားတစ်စင်း ကျွံကျမှု ဖြစ်ပွားခဲ့ရာ စက်တင်ဘာလ(၁)ရက်နေ့ နံနက်က စ၍ ညနေပိုင်း အချိန်အထိ ယာဉ်ငယ်များသာ သွားလာနိုင်သေးသည့် အတွက် စက်တင်ဘာလ(၂)ရက်နေ့တွင် ယာဉ်ကြီးများသွားလာနိုင်ရန် ယနေ့ ညတွင်းချင်းအပြီး ပြုပြင်မှုများကို ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာနအနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကျောက်စီ ခုံးကျော် တံတားတစ်စင်း ကျွံကျသွားမှုကြောင့် စက်တင်ဘာလ(၁)ရက်နေ့ နံနက်ပိုင်းကစ၍ ညနေပိုင်းအချိန်အထိ တာချီလိတ် - ကျိုင်းတုံ မှလာသော ယာဉ်ငယ်များသာ သွားလာနိုင်သေးသဖြင့် ဆက်လက်၍ ယာဉ်ကြီးများသွားလာနိုင်ရန်အတွက် မိုင်းဖြတ်မြို့ ပြည်သူ့ဆောက်လုပ်ရေး လမ်းဦးစီးဌာန (မြို့ပြ) မှ ဦးစီးအရာရှိ ဦးတင်မိုး ဦးစီးသည့် ဝန်ထမ်းများနှင့်၊ တာဝန်ရှိသူများမှ ပူးပေါင်း၍ ဆောင်ရွက် နေလျက်ရှိကြောင်း သိရသည်။

ကျွံကျနေသည့် တံတားကြောင့် ယာဉ်အန္တရာယ်များ မဖြစ်ပေါ်ရေး၊ ထိခိုက်မှုများ မရှိစေရေးအတွက် အမှတ် (၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ တပ်ရင်းများမှ တပ်မတော်အရာရှိများနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်နှင့် မိုင်းဖြတ်မြို့ ပြည်သူ့ဆောက်လုပ်ရေး လမ်းဦးစီးဌာန (မြို့ပြ)မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး စက်တင်ဘာလ(၂)ရက်နေ့တွင် ယာဉ်ကြီးများလည်း သွားလာနိုင်ရန်အတွက် ဆောင်ရွက် နေလျက်ရှိကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~