မေကြးၿမိဳ႕နယ္ အုန္းတဲြေက်းရြာ၌ ေျမအိုးႏွင့္ထည့္ထားေသာ က်ည္ဆံမ်ားေတြ႔ရိွ

မေကြးၿမိဳ႕နယ္ အုန္းတဲြေက်းရြာ၌ ေျမအိုးႏွင့္ထည့္ထားေသာ က်ည္ဆံမ်ားေတြ႔ရိွ
စက်တင်ဘာ 27, 2017
By Tachileik News Agency

မေကြးတုိင္းေဒသႀကီး၊ မေကြးၿမိဳ႕နယ္၊ အုန္းတဲြေက်းရြာအုပ္စု၊ အုန္းတဲြေက်းရြာရိွ ေနအိမ္ျခံဝန္းမ်က္ႏွာစာ ေရစီးေျမာင္း အတြင္းမွ ေျမအိုးႏွင့္ထည့္ထားေသာ က်ည္ဆံမ်ား စက္တင္ဘာလ (၂၇)ရက္ နံနက္ပိုင္းက ေတြ႔ရိွေၾကာင္း သိရသည္။

အုန္းတဲြေက်းရြာေန ဦးမိုးဝင္း၏ ေနအိမ္ဝိုင္း အိမ္ေရွ႕မ်က္ႏွာစာရိွ ေရစီးေျမာင္းမွ အဆိုပါ က်ည္ဆံမ်ားအား ေတြ ့ရွိသျဖင့္ အုပ္ခ်ဳပ္ေရးမွဴးဦးေအာင္ဝင္းက ရဲကင္းစခန္းမွဴး ရဲအုပ္သန္းစိုးထံသို႔ ဖုန္းျဖင့္ ဆက္သြယ္ အေၾကာင္း ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္း ရဲကင္းစခန္းမွဴး ရဲအုပ္သန္းစိုးႏွင့္အဖဲြ႔သည္ က်ည္ဆံမ်ားေတြ ့ရိွရာေနရာသို ့ ေရာက္ရိွ စစ္ေဆးခဲ့ရာ ေဆြးေျမ႕ေနသည့္ ရိုင္ဖယ္က်ည္ဆံအေဟာင္း (၅၅) ေတာင့္၊ ထိပ္ဖူးအပိုင္းအစ(၅)ခု၊ က်ည္ကိုယ္ထည္ အပိုင္းအစ (၅)ခုတို႔ျဖစ္ေၾကာင္း အတည္ျပဳခဲ့သည္ဟု သိရသည္။

ေတြ႕ရိွရသည့္ က်ည္ဆံေဟာင္းမ်ားအား သက္ဆုိင္ရာ နယ္ေျမခံတပ္ထံ ရဲတပ္ဖြဲ႕က လႊဲေျပာင္း ေပးအပ္လုိက္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု- #ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ အုန်းတွဲကျေးရွာအုပ်စု၊ အုန်းတွဲကျေးရွာရှိ နေအိမ်ခြံဝန်းမျက်နှာစာ ရေစီးမြောင်း အတွင်းမှ မြေအိုးနှင့်ထည့်ထားသော ကျည်ဆံများ စက်တင်ဘာလ (၂၇)ရက် နံနက်ပိုင်းက တွေ့ရှိကြောင်း သိရသည်။

အုန်းတွဲကျေးရွာနေ ဦးမိုးဝင်း၏ နေအိမ်ဝိုင်း အိမ်ရှေ့မျက်နှာစာရှိ ရေစီးမြောင်းမှ အဆိုပါ ကျည်ဆံများအား တွေ့ရှိသဖြင့် အုပ်ချုပ်ရေးမှူးဦးအောင်ဝင်းက ရဲကင်းစခန်းမှူး ရဲအုပ်သန်းစိုးထံသို့ ဖုန်းဖြင့် ဆက်သွယ် အကြောင်း ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း ရဲကင်းစခန်းမှူး ရဲအုပ်သန်းစိုးနှင့်အဖွဲ့သည် ကျည်ဆံများတွေ့ရှိရာနေရာသို့ ရောက်ရှိ စစ်ဆေးခဲ့ရာ ဆွေးမြေ့နေသည့် ရိုင်ဖယ်ကျည်ဆံအဟောင်း (၅၅) တောင့်၊ ထိပ်ဖူးအပိုင်းအစ(၅)ခု၊ ကျည်ကိုယ်ထည် အပိုင်းအစ (၅)ခုတို့ဖြစ်ကြောင်း အတည်ပြုခဲ့သည်ဟု သိရသည်။

တွေ့ရှိရသည့် ကျည်ဆံဟောင်းများအား သက်ဆိုင်ရာ နယ်မြေခံတပ်ထံ ရဲတပ်ဖွဲ့က လွှဲပြောင်း ပေးအပ်လိုက်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ- #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~