လင်းခေးမြို့၏ ဆေးလိပ်‌‌ငွေ့ကင်းစင်‌‌ကျောင်းအ‌ခြေပြုမီနီမာရသွန် ပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ ၄၆၀ ပါဝင်ယှဉ်ပြိုင်
လင်းခေးမြို့၏ ဆေးလိပ်‌‌ငွေ့ကင်းစင်‌‌ကျောင်းအ‌ခြေပြုမီနီမာရသွန် ပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ ၄၆၀ ပါဝင်ယှဉ်ပြိုင်
စကျတငျဘာ 21, 2017
By Tachileik News Agency
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်နယ်တွင်း ဆေးလိပ်ငွေ့ကင်းစင်လှုပ်ရှားမှုအဖြစ် ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့တွင် ‌ဆေးလိပ်‌‌ငွေ့ကင်းစင်‌‌ကျောင်းအ‌ခြေပြု မီနီမာရသွန် ပြိုင်ပွဲအား စက်တင်ဘာလ (၂၁)ရက်နေ့က ကျင်းပရာ ကျောင်းသား၊ကျောင်းသူ (၄၆၀) ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်တွင်း ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများ သတ်မှတ် ဖော်ဆောင်ခြင်းနှင့် ဆေးလိပ်ငွေ့ကင်းစင်ရေးအသိပညာပေးလှုပ်ရှားမှုကို လုပ်ဆောင်နေခြင်းဖြစ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဒေသတွင်းမြို့နယ်များအလိုက် ဆေးလိပ်ငွေ့ကင်းစင် လှုပ်ရှားမှုများကို လိုက်လံဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
သတင်း #အင်မိုင်ခ
ဓာတ်ပုံ #MT
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်နယ်တွင်း ဆေးလိပ်ငွေ့ကင်းစင်လှုပ်ရှားမှုအဖြစ် ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့တွင် ‌ဆေးလိပ်‌‌ငွေ့ကင်‌းစင်‌‌ကျောင်‌းအ‌ခြပြေု မီနီမာရသွန် ပြိုင်ပွဲအား စက်တင်ဘာလ (၂၁)ရက်နေ့က ကျင်းပရာ ကျောင်းသား၊ကျောင်းသူ (၄၆၀) ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
“ လင်းခေးခရိုင်အတွင်း ပြည်နယ်အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းစစ်ဆေးမှုလုပ်ရင်း မနက်က လင်းခေးမြို့မှာ ကျောင်းအခြပြေု မီနီမာရသွန်ပါ တစ်ခါတည်းလုပ်လိုက်တာပါ။ ပြည်နယ်တွင်း တခြားဒေသတွေမှာလည်း ဆေးလိပ်ငွေ့ကင်းစင်အားကစားလှုပ်ရှားမှုတွေ လုပ်ဆောင်နေပါတယ် ”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
အဆိုပါပြိုင်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မိဘပြည်သူများ တက်ရောက်အားပေးခဲ့ကြပြီး ပြိုင်ပွဲအား လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက သေနတ်ပစ်ဖောက် တာလွှတ်ပေးခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများအား ဆုငွေကျပ် (၇၉၄၀၀၀)အား ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူနှင့် တာဝန်ရှိသူများက အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်တွင်း ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများ သတ်မှတ် ဖော်ဆောင်ခြင်းနှင့် ဆေးလိပ်ငွေ့ကင်းစင်ရေးအသိပညာပေးလှုပ်ရှားမှုကို လုပ်ဆောင်နခြေင်းဖြစ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဒေသတွင်းမြို့နယ်များအလိုက် ဆေးလိပ်ငွေ့ကင်းစင် လှုပ်ရှားမှုများကို လိုက်လံဆောင်ရွက်ပေးနခြေင်း ဖြစ်ကြောင်း သိရသည်။
သတင်း #အင်မိုင်ခ
ဓာတ်ပုံ #MT
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~