ပုဂၢိဳလ္ေရးစြပ္စြဲခ်က္မ်ား ဆက္လက္လုပ္ေဆာင္ပါက အေရးယူမည္ဟု မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္ ဝန္ႀကီးဆို

ပုဂၢိဳလ္ေရးစြပ္စြဲခ်က္မ်ား ဆက္လက္လုပ္ေဆာင္ပါက အေရးယူမည္ဟု မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္ ဝန္ႀကီးဆို
စက်တင်ဘာ 2, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ဝင္ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးအား လူမႈကြန္ရက္စာမ်က္ႏွာတြင္ ပုဂၢိဳလ္ေရးစြပ္စြဲေရးသားမႈမ်ား လုပ္ေဆာင္ေနမႈအား ရပ္တန္႔ျခင္းမရိွပါက ဥပေဒေၾကာင္းအရ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း စက္တင္ဘာလ (၂)ရက္ေန႔တြင္ ေျပာၾကားလုိက္သည္။

အမ်ိဳးသမီးတစ္ဦးႏွင့္ပတ္သက္၍ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားေနမႈမ်ားမွာ မမွန္ကန္ေၾကာင္း မေကြးတိုင္းေဒသႀကီး အစိုးရအဖဲြ႔ဝင္ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးက စက္တင္ဘာလ(၂)ရက္ မြန္းလဲြ (၁)နာရီအခ်ိန္တြင္ မေကြးၿမိဳ႕၌ သတင္းစာရွင္းလင္းပဲြ ျပဳလုပ္ရာ၌ ယင္းကဲ့သို႔ ေျပာၾကားလိုက္ျခင္းျဖစ္သည္။

“ေဖ႔စ္ဘုတ္မွာ စြပ္စဲြထားတာအားလံုး လံုးဝမဟုတ္ပါဘူး။ မႏၱေလးကို ကၽြန္ေတာ့္ကားနဲ႔ သူတို႔ဇနီးေမာင္ႏွံ (စြပ္စြဲခံရသည့္ အမိ်ဳးသမီးႏွင့္ ၎၏အမ်ိဳးသား) လိုက္ပါတယ္ဆိုတာရယ္၊ ဟိုတယ္မွာ တည္းခိုၾကတယ္ ဆိုတာေတာ႔ မွန္ပါတယ္။ ကၽြန္ေတာ္နဲ႔ သူတို႔ဇနီးေမာင္ႏွံဟာ နဂိုကတည္းက ခင္မင္တဲ႔ သူေတြျဖစ္တာေၾကာင္႔ စကုၿမိဳ႕မွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ အာဇာနည္ (၉) ဦးရဲ႕ ရုပ္တုေတြ စိုက္ထူႏိုင္ဖို႔အတြက္ ေၾကးရုပ္တုေတြအပ္ႏွံႏိုင္ဖို႔ မႏၱေလးက တမၸဝတီဦးဝင္းေမာင္ရဲ႕ အလုပ္ရံုကို သြားတာမွာ လိုက္ပါလာၾကတာ ျဖစ္ပါတယ္”ဟု ဝန္ႀကီး ဦးေနမ်ိဳးေက်ာ္က ေျပာသည္။

စြပ္စြဲခံရသည့္ အမ်ိဳးသမီးႏွင့္ ၎၏ ခင္ပြန္းျဖစ္သူ ဦးေအးမင္းတို႔ု႔သည္ ၾသဂုတ္(၁၉)ရက္ေန႔က မႏၱေလးၿမိဳ႕သို႔ ဝန္ႀကီးႏွင့္အတူလုိက္ပါလာၿပီး ဟိုတယ္တစ္ခုတြင္ အတူတည္းခိုခဲ့ရာ ဦးေအးမင္းတို႔ ဇနီးေမာင္ႏွံအခန္းတြင္ စကားမ်ားရန္ျဖစ္ေနၾကသျဖင္႔ သြားေရာက္ တားျမစ္ခဲ့ျခင္းသာျဖစ္ေၾကာင္း ဝန္ႀကီးက ဆိုသည္။

“အဲဒီေန႔က မႏၱေလးကိုေန႔ခ်င္းျပန္ဆိုၿပီး သူကေခၚလို႔ သူ႔ကားနဲ႔ပဲ လိုက္သြားျဖစ္ခဲ႔တာပါ။ ဟိုေရာက္ေတာ႔မွ ညအိပ္မယ္ျဖစ္ၿပီး ဟိုတယ္ပါ စီစဥ္ထားတယ္ဆိုတာေၾကာင္႔ တည္းျဖစ္ၾကတာပါ”ဟု ဦးေအးမင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ထိုေန႔က ဝန္ႀကီးႏွင္႔အတူ စကုၿမိဳ႕မွ ကားတစ္စီးျဖင္႔ လိုက္ပါလာၾကေသာ ေၾကးရုပ္ျဖစ္ေျမာက္ေရး ေကာ္မတီအဖဲြ႔မွာ အလုပ္ၿပီးေျမာက္၍ ညေနပိုင္းတြင္ မႏၱေလးမွ ျပန္လည္ထြက္ခြာသြားၾကျခင္းျဖစ္ၿပီး ဝန္ႀကီး၊ ယာဥ္ေမာင္းႏွင္႔ ဦးေအးမင္းတို႔ဇနီးေမာင္ႏွံသာက်န္ရိွခဲ့ၾကျခင္းျဖစ္သည္ဟု ဦးေအးမင္းက ဆိုသည္။

၎၏ အမ်ိဳးသမီးအား ဝန္ႀကီးႏွင့္ အဆက္အသြယ္ရိွသည္ဟု သံသယရိွသျဖင့္ ဟိုတယ္တြင္ တည္းခိုေနစဥ္ စကားမ်ား ရန္ျဖစ္ၾကျခင္းျဖစ္ေၾကာင္း ဦးေအးမင္းထံမွ သိရၿပီး ခင္ပြန္းျဖစ္သူသည္ သံသယစိတ္ျဖင္႔ စြပ္စဲြ သမုတ္မႈျပဳလုပ္မႈကို အႀကိမ္ႀကိမ္ျပဳလုပ္ေလ့ရိွကာ ယခုေျပာဆိုေရးသားေနမႈမ်ားမွာ စြပ္စြဲခံရျခင္း ျဖစ္သည္ဟု ဦးေအးမင္း၏ ဇနီးျဖစ္သူက ဆိုသည္။

သတင္း၊ဓာတ္ပံု #ဖီးနစ္



~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးအား လူမှုကွန်ရက်စာမျက်နှာတွင် ပုဂ္ဂိုလ်ရေးစွပ်စွဲရေးသားမှုများ လုပ်ဆောင်နေမှုအား ရပ်တန့်ခြင်းမရှိပါက ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ (၂)ရက်နေ့တွင် ပြောကြားလိုက်သည်။

အမျိုးသမီးတစ်ဦးနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားနေမှုများမှာ မမှန်ကန်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးက စက်တင်ဘာလ(၂)ရက် မွန်းလွဲ (၁)နာရီအချိန်တွင် မကွေးမြို့၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ၌ ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“ဖေ့စ်ဘုတ်မှာ စွပ်စွဲထားတာအားလုံး လုံးဝမဟုတ်ပါဘူး။ မန္တလေးကို ကျွန်တော့်ကားနဲ့ သူတို့ဇနီးမောင်နှံ (စွပ်စွဲခံရသည့် အမျိုးသမီးနှင့်၎င်း၏အမျိုးသား) လိုက်ပါတယ်ဆိုတာရယ်၊ ဟိုတယ်မှာ တည်းခိုကြတယ် ဆိုတာတော့ မှန်ပါတယ်။ ကျွန်တော်နဲ့ သူတို့ဇနီးမောင်နှံဟာ နဂိုကတည်းက ခင်မင်တဲ့ သူတွဖြေစ်တာကြောင့် စကုမြို့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် (၉) ဦးရဲ့ ရုပ်တုတွေ စိုက်ထူနိုင်ဖို့အတွက် ကြေးရုပ်တုတွေအပ်နှံနိုင်ဖို့ မန္တလေးက တမ္ပဝတီဦးဝင်းမောင်ရဲ့ အလုပ်ရုံကို သွားတာမှာ လိုက်ပါလာကြတာ ဖြစ်ပါတယ်”ဟု ဝန်ကြီး ဦးနေမျိုးကျော်က ပြောသည်။

စွပ်စွဲခံရသည့် အမျိုးသမီးနှင့်၎င်း၏ ခင်ပွန်းဖြစ်သူ ဦးအေးမင်းတို့သည် သြဂုတ်(၁၉)ရက်နေ့က မန္တလေးမြို့သို့ ဝန်ကြီးနှင့်အတူလိုက်ပါလာပြီး ဟိုတယ်တစ်ခုတွင် အတူတည်းခိုခဲ့ရာ ဦးအေးမင်းတို့ ဇနီးမောင်နှံအခန်းတွင် စကားများရန်ဖြစ်နကြေသဖြင့် သွားရောက် တားမြစ်ခဲ့ခြင်းသာဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

“အဲဒီနေ့က မန္တလေးကိုနေ့ချင်းပြန်ဆိုပြီး သူကခေါ်လို့ သူ့ကားနဲ့ပဲ လိုက်သွားဖြစ်ခဲ့တာပါ။ ဟိုရောက်တော့မှ ညအိပ်မယ်ဖြစ်ပြီး ဟိုတယ်ပါ စီစဉ်ထားတယ်ဆိုတာကြောင့် တည်းဖြစ်ကြတာပါ”ဟု ဦးအေးမင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုနေ့က ဝန်ကြီးနှင့်အတူ စကုမြို့မှ ကားတစ်စီးဖြင့် လိုက်ပါလာကြသော ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီအဖွဲ့မှာ အလုပ်ပြီးမြောက်၍ ညနေပိုင်းတွင် မန္တလေးမှ ပြန်လည်ထွက်ခွာသွားကြခြင်းဖြစ်ပြီး ဝန်ကြီး၊ ယာဉ်မောင်းနှင့် ဦးအေးမင်းတို့ဇနီးမောင်နှံသာကျန်ရှိခဲ့ကြခြင်းဖြစ်သည်ဟု ဦးအေးမင်းက ဆိုသည်။

၎င်း၏ အမျိုးသမီးအား ဝန်ကြီးနှင့် အဆက်အသွယ်ရှိသည်ဟု သံသယရှိသဖြင့် ဟိုတယ်တွင် တည်းခိုနေစဉ် စကားများ ရန်ဖြစ်ကြခြင်းဖြစ်ကြောင်း ဦးအေးမင်းထံမှ သိရပြီး ခင်ပွန်းဖြစ်သူသည် သံသယစိတ်ဖြင့် စွပ်စွဲ သမုတ်မှုပြုလုပ်မှုကို အကြိမ်ကြိမ်ပြုလုပ်လေ့ရှိကာ ယခုပြောဆိုရေးသားနေမှုများမှာ စွပ်စွဲခံရခြင်း ဖြစ်သည်ဟု ဦးအေးမင်း၏ ဇနီးဖြစ်သူက ဆိုသည်။

သတင်း၊ဓာတ်ပုံ #ဖီးနစ် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~