တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းဖုန္း(ခ)ေက်းရြာအုပ္စုရွိ ေရွးေဟာင္းေစတီေတာ္ ျပဳျပင္ေရးအတြက္ ဌာနေပါင္းစံုႏွင့္ လူမႈေရးအသင္းအဖြဲ႔မ်ား စုေပါင္း၍ ရွင္းလင္း

တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းဖုန္း(ခ)ေက်းရြာအုပ္စုရွိ ေရွးေဟာင္းေစတီေတာ္ ျပဳျပင္ေရးအတြက္ ဌာနေပါင္းစံုႏွင့္ လူမႈေရးအသင္းအဖြဲ႔မ်ား စုေပါင္း၍ ရွင္းလင္း
စက်တင်ဘာ 16, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ မုိင္းဖုန္း(ခ)ေက်းရြာအုပ္စု၊ ဆြတ္ဆုိင္ေက်းရြာအနီးရွိ ေရွးေဟာင္း လြယ္ယြန္းခမ္းေစတီေတာ္အား ျပန္လည္ျပဳျပင္ေရးအတြက္ စက္တင္ဘာလ(၁၆)ရက္ေန႔ နံနက္ပိုင္းက တာခ်ီလိတ္ေန အဖြဲ႔အစည္းေပါင္းစံုမွ  စုေပါင္း ရွင္းလင္းခဲ့ၾကေၾကာင္း သိရသည္။

တာခ်ီလိတ္တပ္နယ္မွ အရာရွိ၊ အရာခံ စစ္သည္မ်ား၊ ဝမ္ပံုေရေၾကာင္း ရဲတပ္ဖြဲ႕မွဴး ဒုတိယရဲမွဴးႀကီး လွမိုးႏွင့္ ေရေၾကာင္းရဲတပ္ဖြဲ႕ဝင္မ်ား၊ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းဝင္းေအာင္ႏွင့္ ဌာနဆုိင္ရာမ်ား၊ အရန္မီးသတ္၊ ၾကက္ေျခနီ၊ လူမႈေရးအသင္းအဖြဲ႕မ်ား၊ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ ေဒသခံမ်ားက အဆိုပါ ေစတီဝန္းက်င္ သန္႔ရွင္းေရးအတြက္ လုပ္အားဒါနအျဖစ္ စုေပါင္းရွင္းလင္းၾကျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေစတီေတာ္သည္ ေရွးေဟာင္ေစတီေတာ္တစ္ဆူျဖစ္ေၾကာင္း ႏွင့္  မိုင္းဖုန္းဆရာေတာ္မွ ဦးေဆာင္၍ အလွဴရွင္မ်ားျဖင့္ စုေပါင္းကာ ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။

ဓာတ္ပံု-  တာခ်ီလိတ္နာေရးကူညီမႈအသင္း၊ ၿမိဳ႕နယ္ေထြ/အုပ္၊ UTTW၊ Myat Myat



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဆွတ်ဆိုင်ကျေးရွာအနီးရှိ ရှေးဟောင်း လွယ်ယွန်းခမ်းစေတီတော်အား ပြန်လည်ပြုပြင်ရေးအတွက် စက်တင်ဘာလ(၁၆)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်နေ အဖွဲ့အစည်းပေါင်းစုံမှ စုပေါင်း ရှင်းလင်းခဲ့ကြကြောင်း သိရသည်။

တာချီလိတ်တပ်နယ်မှ အရာရှိ၊ အရာခံ စစ်သည်များ၊ ဝမ်ပုံရေကြောင်း ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှမိုးနှင့် ရေကြောင်းရဲတပ်ဖွဲ့ဝင်များ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် ဌာနဆိုင်ရာများ၊ အရန်မီးသတ်၊ ကြက်ခြေနီ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံများက အဆိုပါ စေတီဝန်းကျင် သန့်ရှင်းရေးအတွက် လုပ်အားဒါနအဖြစ် စုပေါင်းရှင်းလင်းကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စေတီတော်သည် ရှေးဟောင်စေတီတော်တစ်ဆူဖြစ်ကြောင်း နှင့် မိုင်းဖုန်းဆရာတော်မှ ဦးဆောင်၍ အလှူရှင်များဖြင့် စုပေါင်းကာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ- တာချီလိတ်နာရေးကူညီမှုအသင်း၊ မြို့နယ်ထွေ/အုပ်၊ UTTW၊ Myat Myat

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~