ေက်ာက္မဲတြင္ လွည့္ကင္းေဆာင္ရြက္သည့္ တပ္ဖြဲ႕ဝင္မ်ားအား အမ်ဳိးသားတစ္ဦးမွ ေသနတ္၊လက္ပစ္ဗံုးတို႔ျဖင့္ တုိက္ခုိက္မႈ

ေက်ာက္မဲတြင္ လွည့္ကင္းေဆာင္ရြက္သည့္ တပ္ဖြဲ႕ဝင္မ်ားအား အမ်ဳိးသားတစ္ဦးမွ ေသနတ္၊လက္ပစ္ဗံုးတို႔ျဖင့္ တုိက္ခုိက္မႈ
စက်တင်ဘာ 5, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ ခိုမုန္းေက်းရြာအုပ္စု ေအာင္ေျမသာယာေက်းရြာတြင္ တပ္နယ္မွ ကြန္မန္ဒိုတပ္စုက လွည့္ကင္းေဆာင္ရြက္စဥ္  ဆိုင္ကယ္စီးနင္းလာသည့္ အမ်ိဳးသားတစ္ဦးက  ေသနတ္၊ လက္ပစ္ဗံုးတို႔ျဖင့္ တုိက္ခိုက္ထြက္ေျပးမႈ ျဖစ္ပြားေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕ ခိုမုန္းေက်းရြာအုပ္စု ေအာင္ေျမသာယာေက်းရြာတြင္ ၂၀၁၇ခုႏွစ္ စက္တင္ဘာလ(၅)ရက္ေန႔ အကူး (၀၁း၄၀)နာရီ၀န္းက်င္ အခ်ိန္က အဆိုပါ အဖြဲ႔မွ လွည့္ကင္းေဆာင္ရြက္ၿပီး ျပန္အလာတြင္ ၎တို႔ ေနာက္မွ ဆုိင္ကယ္တစ္စီးလိုက္လာသည္ကို မသကၤာသျဖင့္ တပ္ဖြဲ႕ဝင္မ်ားက ဆုိင္ကယ္ ရပ္တန္႔လုိက္စဥ္ ေနာက္မွလိုက္လာသည့္ အမ်ိဳးသားက လြယ္အိတ္ထဲမွ ပစၥတိုေသနတ္ျဖင့္ ထုတ္ပစ္ရာ က်ည္မထြက္သျဖင့္ လက္ပစ္ဗံုးျဖင့္ ထပ္မံပစ္ခတ္ျခင္းျဖစ္ေသာ္လည္း လက္ပစ္ဗံုးမွာလည္း ေပါက္ကြဲျခင္းမ ရိွေၾကာင္း သိရသည္။

တပ္ဖြဲ႕ဝင္မ်ားက ျပန္လည္၍ ခုခံပစ္ခတ္ရာ တိုက္ခုိက္သည့္ အမ်ိဳးသားသည္ ဆုိင္ကယ္ပစ္ထားခဲ့ၿပီး ေက်ာက္မဲၿမိဳ႕ အမွတ္(၉)ရပ္ကြက္၊ ေရႊဖီဦးလမ္းမေပၚမွ စြယ္ေတာ္လမ္းၾကားဘက္သို႔ ထြက္ေျပး သြားေၾကာင္း သိရသည္။

အဆုိပါ အမ်ိဳးသားပစ္ခဲ့သည့္ မေပါက္ကြဲေသးသည့္ လက္ပစ္ဗံုးမွာ စနက္တံျပဳတ္ေနသျဖင့္ ေသနတ္ျဖင့္ ပစ္ခတ္ ေဖာက္ခြဲပစ္ခဲ့ရေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ တပ္နယ္မွ တာ၀န္ရွိသူမ်ား အပါအ၀င္ ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး ဟန္၀င္းလႈိင္ ႏွင့္ နယ္ထိန္းေခါင္ေဆာင္ ဒုရဲအုပ္ ေကာင္းျမတ္ေက်ာ္တို႔ ပါ၀င္သည့္ တပ္ဖြဲ႔၀င္မ်ားမွ သြားေရာက္၍ စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ ခိုမုန်းကျေးရွာအုပ်စု အောင်မြေသာယာကျေးရွာတွင် တပ်နယ်မှ ကွန်မန်ဒိုတပ်စုက လှည့်ကင်းဆောင်ရွက်စဉ် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားတစ်ဦးက သေနတ်၊ လက်ပစ်ဗုံးတို့ဖြင့် တိုက်ခိုက်ထွက်ပြေးမှု ဖြစ်ပွားကြောင်း သိရသည်။

ကျောက်မဲမြို့ ခိုမုန်းကျေးရွာအုပ်စု အောင်မြေသာယာကျေးရွာတွင် ၂၀၁၇ခုနှစ် စက်တင်ဘာလ(၅)ရက်နေ့ အကူး (ဝ၁း၄၀)နာရီဝန်းကျင် အချိန်က အဆိုပါ အဖွဲ့မှ လှည့်ကင်းဆောင်ရွက်ပြီး ပြန်အလာတွင်၎င်းတို့ နောက်မှ ဆိုင်ကယ်တစ်စီးလိုက်လာသည်ကို မသင်္ကာသဖြင့် တပ်ဖွဲ့ဝင်များက ဆိုင်ကယ် ရပ်တန့်လိုက်စဉ် နောက်မှလိုက်လာသည့် အမျိုးသားက လွယ်အိတ်ထဲမှ ပစ္စတိုသေနတ်ဖြင့် ထုတ်ပစ်ရာ ကျည်မထွက်သဖြင့် လက်ပစ်ဗုံးဖြင့် ထပ်မံပစ်ခတ်ခြင်းဖြစ်သော်လည်း လက်ပစ်ဗုံးမှာလည်း ပေါက်ကွဲခြင်းမ ရှိကြောင်း သိရသည်။

တပ်ဖွဲ့ဝင်များက ပြန်လည်၍ ခုခံပစ်ခတ်ရာ တိုက်ခိုက်သည့် အမျိုးသားသည် ဆိုင်ကယ်ပစ်ထားခဲ့ပြီး ကျောက်မဲမြို့ အမှတ်(၉)ရပ်ကွက်၊ ရွှေဖီဦးလမ်းမပေါ်မှ စွယ်တော်လမ်းကြားဘက်သို့ ထွက်ပြေး သွားကြောင်း သိရသည်။

အဆိုပါ အမျိုးသားပစ်ခဲ့သည့် မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးမှာ စနက်တံပြုတ်နေသဖြင့် သေနတ်ဖြင့် ပစ်ခတ် ဖောက်ခွဲပစ်ခဲ့ရကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တပ်နယ်မှ တာဝန်ရှိသူများ အပါအဝင် ကျောက်မဲမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဟန်ဝင်းလှိုင် နှင့် နယ်ထိန်းခေါင်ဆောင် ဒုရဲအုပ် ကောင်းမြတ်ကျော်တို့ ပါဝင်သည့် တပ်ဖွဲ့ဝင်များမှ သွားရောက်၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~