ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ လင္းေခးခရိုင္အတြင္း ေဒသဖြံ႕ၿဖိဳးေရးႏွင့္ ဘတ္ဂ်က္လိုအပ္ခ်က္အတြက္ ကြင္းဆင္းစစ္ေဆး

ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ လင္းေခးခရိုင္အတြင္း ေဒသဖြံ႕ၿဖိဳးေရးႏွင့္ ဘတ္ဂ်က္လိုအပ္ခ်က္အတြက္ ကြင္းဆင္းစစ္ေဆး
စက်တင်ဘာ 21, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) လင္းေခးခရိုင္မွ ၿမိဳ႕နယ္(၄)ခု၏ ေဒသဖြံ႕ၿဖိဳးေရးႏွင့္ လာမည့္ဘတ္ဂ်က္အတြက္ လိုအပ္ခ်က္မ်ားအား ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးေဆာင္သည့္ ျပည္နယ္အစိုးရအဖြဲ႔က စက္တင္ဘာလ (၂၀)ရက္ေန႔ႏွင့္ (၂၁)ရက္ေန႔မ်ားတြင္ ကြင္းဆင္းစစ္ေဆးေနေၾကာင္း သိရသည္။

“ေဒသဖြံ႕ၿဖိဳးေရး ခရီးစဥ္အျဖစ္ လင္းေခးခရိုင္အတြင္း လိုအပ္ခ်က္ေတြကို ျပည္နယ္အစိုးရအဖြဲ႕အေနနဲ႔ ကြင္းဆင္းၾကည့္ရႈတာပါ။ လင္းေခးခရိုင္အတြင္းက (၄)ၿမိဳ႕နယ္မွာ စစ္ေဆးတာပါ။ ဒီၿမိဳ႕နယ္ (၄)ခုအတြင္းက ေဒသတြင္းဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြ လုပ္ေဆာင္ေနတဲ့အေျခအေနနဲ႔ လာမည့္ ဘတ္ဂ်က္ အတြက္ လိုအပ္ခ်က္ေတြကို သက္ဆိုင္ရာေဒသ တာဝန္ရိွသူေတြ၊ ေဒသခံေတြနဲ႔ ညိႇႏိႈင္းတာပါ။ ၿမိဳ႕နယ္အလိုက္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးေတြ၊ ရပ္/ေက်းအုပ္ခ်ဳပ္ေရးေတြ၊ ရပ္မိရပ္ဖေတြနဲ႔ ေတြ႕ဆံုၿပီး ေဒသတြင္း လိုအပ္ခ်က္ေတြကို သက္ဆုိင္ရာဌာနနဲ႔ ေပါင္းစည္းညိႇႏိႈင္းေဆာင္ရြက္ေပးတယ္။ ခရိုင္အလုိက္ ကြင္းဆင္းစစ္ေဆးတာေတြ လုပ္ေနတာမွာ မိုးမိတ္ခရိုင္တစ္ခုပဲ လံုၿခံဳေရး အေျခအေနအရ က်န္ေနပါေသးတယ္”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ား ဖစ္သည့္ လံုၿခံဳေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီး ႏိုင္ဝင္းေအာင္၊ ဘဏၰာေရးဝန္ႀကီး ဦးစိုင္းရွဲန္တစ္လံု၊ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ စိုက္ပ်ိဳးေရးေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး ဦးစိုင္းလံုေက်ာ္၊ စည္ပင္သာယာေရးဝန္ႀကီး ဦးစိုင္းစြံစိုင္းႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြးတို႔ ပါဝင္သည့္ ျပည္နယ္အစိုးရအဖြဲ႕သည္ စက္တင္ဘာလ (၂၀)ရက္ေန႔တြင္ လင္းေခးခရိုင္အတြင္း မိုးနဲၿမိဳ႕နယ္ႏွင့္ မုိင္းပန္ၿမိဳ႕နယ္တို႔၌ ကြင္းဆင္းစစ္ေဆးခဲ့ၿပီး စက္တင္ဘာလ (၂၁)ရက္ေန႔တြင္ လင္းေခးၿမိဳ႕နယ္ႏွင့္ ေမာက္မယ္ၿမိဳ႕နယ္တို႔၌ ကြင္းဆင္းစစ္ေဆးျခင္းျဖစ္ေၾကာင္း သိရသည္။

ျပည္နယ္အစိုးရအဖြဲ႕၏ ကြင္းဆင္းစစ္ေဆးေရးခရီးစဥ္အတြင္း စက္တင္ဘာလ (၂၁)ရက္ေန႔၌ လင္းေခးၿမိဳ႕ ရွိ ၿမိဳ႕ေတာ္ခန္းမ၌ ေဒသခံျပည္သူမ်ားႏွင့္ ေတြ႕ဆံုေဆြးေႏြးရာတြင္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ဌာနဆိုင္ရာမွတာဝန္ရွိမ်ားလည္း တက္ေရာက္ၾကၿပီး လင္းေခးခ႐ိုင္အတြင္းရွိ ၿမိဳ႕နယ္မ်ားအတြက္ အားကစားပစၥည္းမ်ားကိုလည္း အဆိုပါေတြ႔ဆံုပြဲတြင္ ေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္း သိရသည္။

သတင္း #ခ်ယ္ရီထုိက္
ဓာတ္ပံု - ျပည္နယ္အစိုးရ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်မှ မြို့နယ်(၄)ခု၏ ဒေသဖွံ့ဖြိုးရေးနှင့် လာမည့်ဘတ်ဂျက်အတွက် လိုအပ်ချက်များအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့် ပြည်နယ်အစိုးရအဖွဲ့က စက်တင်ဘာလ (၂၀)ရက်နေ့နှင့် (၂၁)ရက်နေ့များတွင် ကွင်းဆင်းစစ်ဆေးနေကြောင်း သိရသည်။

“ဒေသဖွံ့ဖြိုးရေး ခရီးစဉ်အဖြစ် လင်းခေးခရိုင်အတွင်း လိုအပ်ချက်တွေကို ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ကွင်းဆင်းကြည့်ရှုတာပါ။ လင်းခေးခရိုင်အတွင်းက (၄)မြို့နယ်မှာ စစ်ဆေးတာပါ။ ဒီမြို့နယ် (၄)ခုအတွင်းက ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့အခြေအနေနဲ့ လာမည့် ဘတ်ဂျက် အတွက် လိုအပ်ချက်တွေကို သက်ဆိုင်ရာဒေသ တာဝန်ရှိသူတွေ၊ ဒေသခံတွေနဲ့ ညှိနှိုင်းတာပါ။ မြို့နယ်အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ ရပ်/ကျေးအုပ်ချုပ်ရေးတွေ၊ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံပြီး ဒေသတွင်း လိုအပ်ချက်တွေကို သက်ဆိုင်ရာဌာနနဲ့ ပေါင်းစည်းညှိနှိုင်းဆောင်ရွက်ပေးတယ်။ ခရိုင်အလိုက် ကွင်းဆင်းစစ်ဆေးတာတွေ လုပ်နေတာမှာ မိုးမိတ်ခရိုင်တစ်ခုပဲ လုံခြုံရေး အခြေအနေအရ ကျန်နေပါသေးတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဖစ်သည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင်၊ ဘဏ္ဏာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံစိုင်းနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးတို့ ပါဝင်သည့် ပြည်နယ်အစိုးရအဖွဲ့သည် စက်တင်ဘာလ (၂၀)ရက်နေ့တွင် လင်းခေးခရိုင်အတွင်း မိုးနဲမြို့နယ်နှင့် မိုင်းပန်မြို့နယ်တို့၌ ကွင်းဆင်းစစ်ဆေးခဲ့ပြီး စက်တင်ဘာလ (၂၁)ရက်နေ့တွင် လင်းခေးမြို့နယ်နှင့် မောက်မယ်မြို့နယ်တို့၌ ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

ပြည်နယ်အစိုးရအဖွဲ့၏ ကွင်းဆင်းစစ်ဆေးရေးခရီးစဉ်အတွင်း စက်တင်ဘာလ (၂၁)ရက်နေ့၌ လင်းခေးမြို့ ရှိ မြို့တော်ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိများလည်း တက်ရောက်ကြပြီး လင်းခေးခရိုင်အတွင်းရှိ မြို့နယ်များအတွက် အားကစားပစ္စည်းများကိုလည်း အဆိုပါတွေ့ဆုံပွဲတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း #ချယ်ရီထိုက်
ဓာတ်ပုံ - ပြည်နယ်အစိုးရ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~