တာချီလိတ်၊ တာလေ၊ ကျိုင်းလပ်ရှိ လမ်း/တံတား ပြုပြင်ခြင်း လုပ်ငန်း (၂၀)အတွက် လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)ထဲမှ ကျပ်သိန်း(၅၀)စီခွဲဝေပေး

တာချီလိတ်၊ တာလေ၊ ကျိုင်းလပ်ရှိ လမ်း/တံတား ပြုပြင်ခြင်း လုပ်ငန်း (၂၀)အတွက် လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)ထဲမှ ကျပ်သိန်း(၅၀)စီခွဲဝေပေး
စကျတငျဘာ 26, 2017
By Tachileik News Agency

တာချီလိတ်မြို့နယ် အတွင်း ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)ဖြင့် ဆောင်ရွက်မည့် ကျေးရွာလမ်း/တံတား စုစုပေါင်း လုပ်ငန်း (၂၀)အတွက် ခွင့်ပြု ရန်ပုံငွေများအား လွှတ်တော်ကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်/ကျေးအသီးသီးထံ စက်တင်ဘာလ (၂၆)ရက်နေ့က တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ပေးအပ်လိုက်သည်။



ယခု ကာလသည် မိုးကာလဖြစ်သည့်အတွက် လမ်း/တံတားများ ပြုလုပ်ရာတွင် အဆင်မပြေနိုင်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးမှ တင်ပြရာ လုပ်ငန်းပြီးချိန် သတ်မှတ်ကာလအား ၂၀၁၈ခုနှစ် မတ်လအတွင်း သတ်မှတ်ထားသည့် အတွက် မိုးလွတ်သည့် ကာလတွင် ဆောင်ရွက်နိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဖြေကြားသည်။

လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)ဖြင့် ဆောင်ရွက်သည့် လမ်း/တံတားများနှင့် ပတ်သက်၍ ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း(၅၀)ချပေးသည်မှာ မတည်ငွေဖြစ်သည့်အတွက် ကျေးရွာနေ ရွာသူ/သားများဖြင့် စုပေါင်းကာ ဆောင်ရွက်စေလိုကြောင်း၊ ယခင်နှစ်က ကျေးရွာတစ်ခုတွင် သတ်မှတ်ချက်အတိုင်းချပေးလိုက်သော်လည်း ကျေးရွာသူ/သားများ၏ စုပေါင်းပါဝင်မှုကြောင့် သတ်မှတ်ချက် ထက် ကျော်လွန်ကာ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရသည့်အတွက် ယခုအခါတွင်လည်း ကျေးရွာသူ/သားများ ပါဝင်လာစေရန်အတွက် စည်းရုံးဆောင်ရွက်စေလိုကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်တင့်က တိုက်တွန်းပြောကြားသည်။

လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)ထဲမှ ကျေးရွာအလိုက် ခွဲဝေပေးရာတွင် တာချီလိတ်မြို့နယ် အတွင်း လွယ်တော်ခမ်းအုပ်စု ဖလောက်ရွာအဝင်လမ်း၊ ဝမ်လုံးအုပ်စု လွယ်စတုံ(အောက်)ရွာ၊ ဖန်မင်အုပ်စု ဝမ်ကောင်းမွန်ကျေးရွာဘုန်းကြီးကျောင်းဘေးလမ်း၊ စံပါယ်ကျေးရွာအဝင်လမ်း၊ ဧဒင်ကျေးရွာတွင်းလမ်း၊ မိုင်းကိုးအုပ်စု ဆီနော်(၂)ရွာတွင်းလမ်း၊ ရန်ရှင်း(၃)စာသင်ကျောင်းလမ်း၊ မိုင်းဖုန်း(က)အုပ်စု ခုတ်ဝရွာ တွင်းလမ်း၊ ဖတ်ဟိ - ဟိုခိုလမ်း၊ မိုင်းဖုန်း(ခ)အုပ်စု ဆွတ်ဆိုင်ကျေးရွာတွင်းလမ်း၊ ဆွတ်ဆိုင်ရွာတွင်းလမ်း၊ ပါခုတ်အောက်ရွာစာသင်ကျောင်းဘေးလမ်းအား လည်းကောင်း၊ ကျေးလက်ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်မည့် တာလေမြို့နယ်အတွင်း မိုင်းလင်း(ရှေ့)အုပ်စု ဖကန် - လွန်းကျိုင်း - ဝိန်းလန်းကျေးရွာ ချင်းဆက်လမ်း၊ မိုင်းလင်း(အနောက်)အုပ်စု ပါလိုင်ရွာအဝင်လမ်းအားလည်းကောင်း၊ စည်ပင်သာယာရေး ဌာန၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်မည့် ကျိုင်းလပ်မြို့နယ်အတွင်း ကျိုင်းလပ်မြို့ ရပ်ကွက် (၂) ကုက္ကိုလ်လမ်း၊ ကျေးလက်ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်မည့် နမ့်ခင်းအုပ်စု ပန်ပဲရွာအဝင်လမ်းနှင့် ကျကရွာအဝင်လမ်းအားလည်းကောင်း အသီးသီး ခွဲဝေပေးအပ်ခဲ့ကြောင်း သိရသည်။


တံတားလုပ်ငန်းများအတွက် ကျေးလက်ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တည်ဆောက်မည့် တာချီလိတ်မြို့နယ် မိုင်းကိုးအုပ်စု ဟွေတာ(၂)ရွာတံတားတည်ဆောက်ခြင်း နှင့် စည်ပင်ဌာန၏ ကြီးကြပ်မှုဖြင့် တည်ဆောက်မည့် တာလေမြို့နယ် နားယောင်းအုပ်စု နားအွန်ရွာလယ် ချောင်းကူးတံတား တည်ဆောက်ခြင်း စသည့် လုပ်ငန်းများအတွင်း ပါဝင်ကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ် အတွင်း ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)ဖြင့် ဆောင်ရွက်မည့် ကျေးရွာလမ်း/တံတား စုစုပေါင်း လုပ်ငန်း (၂၀)အတွက် ခွင့်ပြု ရန်ပုံငွေများအား လွှတ်တော်ကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်/ကျေးအသီးသီးထံ စက်တင်ဘာလ (၂၆)ရက်နေ့က တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအေဝးခန်းမတွင် ပေးအပ်လိုက်သည်။

အဆိုပါ အခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်း နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့် အပါအဝင် တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင် နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ အပါအဝင် တာချီလိတ်၊ တာလေ နှင့် ကျိုင်းလပ်မြို့တို့မှ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရန် ပေးအပ်လိုက်သော ငွေကြေးဖြင့် သတ်မှတ် လုပ်ငန်းများကို ၂၀၁၈ခုနှစ် မတ်လအတွင်း အပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်း ဆောင်ရွက် ပြီးပါက လုပ်ငန်း ဆိုင်းဘုတ်များကို ယခင်ကလို အစိမ်းရောင်အနောက်ခံ စာလုံးအဖြူရောင်ဖြင့် မရေးဘဲ၊ အနီရောင်နောက်ခံ၊ စာလုံးအဖြူရောင်ဖြင့် ပြုလုပ်စေလိုကြောင်းနှင့် မိမိဒေသ ဖွံ့ဖြိုး တိုးတက် စေရန်အတွက် လမ်းတံတားများကို ပြုလုပ်ရာတွင် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက် စေလိုကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းက ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား အခမ်းအနားတွင် မှာကြားသည်။

ယခု ကာလသည် မိုးကာလဖြစ်သည့်အတွက် လမ်း/တံတားများ ပြုလုပ်ရာတွင် အဆင်မပြေနိုင်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးမှ တင်ပြရာ လုပ်ငန်းပြီးချိန် သတ်မှတ်ကာလအား ၂၀၁၈ခုနှစ် မတ်လအတွင်း သတ်မှတ်ထားသည့် အတွက် မိုးလွတ်သည့် ကာလတွင် ဆောင်ရွက်နိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဖြကြေားသည်။

လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)ဖြင့် ဆောင်ရွက်သည့် လမ်း/တံတားများနှင့် ပတ်သက်၍ ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း(၅၀)ချပေးသည်မှာ မတည်ငွဖြေစ်သည့်အတွက် ကျေးရွာနေ ရွာသူ/သားများဖြင့် စုပေါင်းကာ ဆောင်ရွက်စေလိုကြောင်း၊ ယခင်နှစ်က ကျေးရွာတစ်ခုတွင် သတ်မှတ်ချက်အတိုင်းချပေးလိုက်သော်လည်း ကျေးရွာသူ/သားများ၏ စုပေါင်းပါဝင်မှုကြောင့် သတ်မှတ်ချက် ထက် ကျော်လွန်ကာ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရသည့်အတွက် ယခုအခါတွင်လည်း ကျေးရွာသူ/သားများ ပါဝင်လာစေရန်အတွက် စည်းရုံးဆောင်ရွက်စေလိုကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်တင့်က တိုက်တွန်းပြောကြားသည်။

လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)ထဲမှ ကျေးရွာအလိုက် ခွေဲဝပေးရာတွင် တာချီလိတ်မြို့နယ် အတွင်း လွယ်တော်ခမ်းအုပ်စု ဖလောက်ရွာအဝင်လမ်း၊ ဝမ်လုံးအုပ်စု လွယ်စတုံ(အောက်)ရွာ၊ ဖန်မင်အုပ်စု ဝမ်ကောင်းမွန်ကျေးရွာဘုန်းကြီးကျောင်းဘေးလမ်း၊ စံပါယ်ကျေးရွာအဝင်လမ်း၊ ဧဒင်ကျေးရွာတွင်းလမ်း၊ မိုင်းကိုးအုပ်စု ဆီနော်(၂)ရွာတွင်းလမ်း၊ ရန်ရှင်း(၃)စာသင်ကျောင်းလမ်း၊ မိုင်းဖုန်း(က)အုပ်စု ခုတ်ဝရွာ တွင်းလမ်း၊ ဖတ်ဟိ - ဟိုခိုလမ်း၊ မိုင်းဖုန်း(ခ)အုပ်စု ဆွတ်ဆိုင်ကျေးရွာတွင်းလမ်း၊ ဆွတ်ဆိုင်ရွာတွင်းလမ်း၊ ပါခုတ်အောက်ရွာစာသင်ကျောင်းဘေးလမ်းအား လည်းကောင်း၊ ကျေးလက်ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်မည့် တာလမြေို့နယ်အတွင်း မိုင်းလင်း(ရှေ့)အုပ်စု ဖကန် - လွန်းကျိုင်း - ဝိန်းလန်းကျေးရွာ ချင်းဆက်လမ်း၊ မိုင်းလင်း(အနောက်)အုပ်စု ပါလိုင်ရွာအဝင်လမ်းအားလည်းကောင်း၊ စည်ပင်သာယာရေး ဌာန၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်မည့် ကျိုင်းလပ်မြို့နယ်အတွင်း ကျိုင်းလပ်မြို့ ရပ်ကွက် (၂) ကုက္ကိုလ်လမ်း၊ ကျေးလက်ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်မည့် နမ့်ခင်းအုပ်စု ပန်ပဲရွာအဝင်လမ်းနှင့် ကျကရွာအဝင်လမ်းအားလည်းကောင်း အသီးသီး ခွဲဝေပေးအပ်ခဲ့ကြောင်း သိရသည်။

ကျေးလက်ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်ဆောင်ရွက်မည့် ရေရရှိရေးလုပ်ငန်းတွင် တာချီလိတ်မြို့နယ် မိုင်းကိုးအုပ်စုတွင် အကောင်အထည်ဖော်မည့် ရန်ကုန်ရွာ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း နှင့် မိုင်းဟဲအုပ်စု ဟွေအယ်(၂) စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းများလည်း ပါဝင်ကြောင်း သိရသည်။

တံတားလုပ်ငန်းများအတွက် ကျေးလက်ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တည်ဆောက်မည့် တာချီလိတ်မြို့နယ် မိုင်းကိုးအုပ်စု ဟွေတာ(၂)ရွာတံတားတည်ဆောက်ခြင်း နှင့် စည်ပင်ဌာန၏ ကြီးကြပ်မှုဖြင့် တည်ဆောက်မည့် တာလမြေို့နယ် နားယောင်းအုပ်စု နားအွန်ရွာလယ် ချောင်းကူးတံတား တည်ဆောက်ခြင်း စသည့် လုပ်ငန်းများအတွင်း ပါဝင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~