ေခြးရူးေရာဂါကာကြယ္ေဆးအလွဴရွင္ရိွပါက တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ဆက္လက္၍ အခမဲ့လုိက္လံထိုးႏွံေပးမည္

ေခြးရူးေရာဂါကာကြယ္ေဆးအလွဴရွင္ရိွပါက တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ဆက္လက္၍ အခမဲ့လုိက္လံထိုးႏွံေပးမည္
စက်တင်ဘာ 28, 2017
By Tachileik News Agency

ကမၻာ့ေခြး႐ူးေရာဂါ တုိက္ဖ်က္ေရးေန႔ အထိမ္းအမွတ္အျဖစ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ စက္တင္ဘာလ (၂၈)ရက္ေန႔က ေခြး႐ူးေရာဂါ ကာကြယ္ေဆးမ်ား တစ္ရက္တာ အခမဲ့ထိုးႏွံေပးရာ ေခြးႏွင့္ ေၾကာင္ စုစုေပါင္း (၁၃၁) ေကာင္ လာေရာက္ထိုးႏွံခဲ့ၿပီး ေခြးရူးေရာဂါ ကာကြယ္ေဆး အလွဴရွင္မ်ားရိွပါက ၿမိဳ႕နယ္ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနက အခမဲ့လိုက္လံ ထိုးႏွံေပးသြားမည္ေၾကာင္း သိရသည္။

“ဒီေန႔ ေဆးလာထိုးေပးတာဆို ကိုယ့္အိမ္ကေခြးတင္မဟုတ္ဘူး ကိုယ့္အိမ္နားက ယဥ္ပါးေနတဲ့ လမ္းေဘးေခြးေတြပါ ယူလာၿပီး ေဆးလာထိုးေပးတာကို (၁၀)ေကာင္ေလာက္ ရိွပါတယ္။ ကာကြယ္ေဆး အလွဴရွင္ ရိွတယ္ဆိုရင္ေတာ့ ကၽြန္ေတာ္တို႔က ဝန္ေဆာင္မႈမယူဘဲ ေက်းရြာေတြအထိ ေဆးလုိက္ ထိုးေပးပါတယ္။ အလွဴရွင္တို႔ တခ်ိဳ႕ဆို ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးကေန ဘယ္ေက်းရြာအတြက္ တာဝန္ခံပါတယ္ဆိုရင္ ကၽြန္ေတာ္တုိ႔က ၿမိဳ႕နယ္အဖြဲ႕လုိက္ဆင္းၿပီး ေဆးသြားထိုးေပးပါတယ္။ တာေလ၊ က်ိဳင္းလပ္ဘက္အထိ သြားထိုးေပးပါတယ္။ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ရပ္ကြက္၊ ေက်းရြာအလိုက္ အဲဒီလို ေဆးထိုးၾကတာေတြလည္း အရင္ကလုပ္ပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနမွ ၿမိဳ႕နယ္ဦးစီးမွဴး ေဒါက္တာေက်ာ္ေက်ာ္စိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ အိမ္ေမြးေခြးေမြးျမဴသူအမ်ားစုက ကာကြယ္ေဆးထိုးသည့္အေလ့အထရိွၿပီး ေခြးေလေခြးလြင့္မ်ား အျခားၿမိဳ႕မ်ားထက္ ေလ်ာ့နည္းေၾကာင္း သိရသည္။

ေခြးရူးေရာဂါ ကာကြယ္ေဆးသည္ ေရာဂါျဖစ္ပြားမႈအား ရာႏႈန္းျပည့္ကာကြယ္ေပးႏုိင္ၿပီး ေရာဂါအႏၱရာယ္ရိွေသာ ေနရာတြင္ရိွေနေသာ ေခြးေကာင္ေရ၏ (၇၀)ရာခုိင္ႏႈန္းကို ကာကြယ္ေဆးထိုးေပးထားပါက ေရာဂါကူးစက္မႈသံသရာကို ျဖတ္ေတာက္ႏုိင္ေၾကာင္းသိရသည္။

သတင္း - နန္းဟြမ္ခမ္း
ဓာတ္ပံု - တာခ်ီလိတ္ တိ/ေမြးကု


~~~~~~~~⊰❂ unicode ~~~~~~~~

ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် စက်တင်ဘာလ (၂၈)ရက်နေ့က ခွေးရူးရောဂါ ကာကွယ်ဆေးများ တစ်ရက်တာ အခမဲ့ထိုးနှံပေးရာ ခွေးနှင့် ကြောင် စုစုပေါင်း (၁၃၁) ကောင် လာရောက်ထိုးနှံခဲ့ပြီး ခွေးရူးရောဂါ ကာကွယ်ဆေး အလှူရှင်များရှိပါက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အခမဲ့လိုက်လံ ထိုးနှံပေးသွားမည်ကြောင်း သိရသည်။

“ဒီနေ့ ဆေးလာထိုးပေးတာဆို ကိုယ့်အိမ်ကခွေးတင်မဟုတ်ဘူး ကိုယ့်အိမ်နားက ယဉ်ပါးနေတဲ့ လမ်းဘေးခွေးတွေပါ ယူလာပြီး ဆေးလာထိုးပေးတာကို (၁၀)ကောင်လောက် ရှိပါတယ်။ ကာကွယ်ဆေး အလှူရှင် ရှိတယ်ဆိုရင်တော့ ကျွန်တော်တို့က ဝန်ဆောင်မှုမယူဘဲ ကျေးရွာတွေအထိ ဆေးလိုက် ထိုးပေးပါတယ်။ အလှူရှင်တို့ တချို့ဆို ရပ်ကွက်အုပ်ချုပ်ရေးမှူးကနေ ဘယ်ကျေးရွာအတွက် တာဝန်ခံပါတယ်ဆိုရင် ကျွန်တော်တို့က မြို့နယ်အဖွဲ့လိုက်ဆင်းပြီး ဆေးသွားထိုးပေးပါတယ်။ တာလေ၊ ကျိုင်းလပ်ဘက်အထိ သွားထိုးပေးပါတယ်။ တာချီလိတ်မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအလိုက် အဲဒီလို ဆေးထိုးကြတာတွေလည်း အရင်ကလုပ်ပါတယ်”ဟု တာချီလိတ်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်ကျော်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် အိမ်မွေးခွေးမွေးမြူသူအများစုက ကာကွယ်ဆေးထိုးသည့်အလေ့အထရှိပြီး ခွေးလေခွေးလွင့်များ အခြားမြို့များထက် လျော့နည်းကြောင်း သိရသည်။

ခွေးရူးရောဂါ ကာကွယ်ဆေးသည် ရောဂါဖြစ်ပွားမှုအား ရာနှုန်းပြည့်ကာကွယ်ပေးနိုင်ပြီး ရောဂါအန္တရာယ်ရှိသော နေရာတွင်ရှိနေသော ခွေးကောင်ရေ၏ (၇၀)ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးထားပါက ရောဂါကူးစက်မှုသံသရာကို ဖြတ်တောက်နိုင်ကြောင်းသိရသည်။

သတင်း - နန်းဟွမ်ခမ်း
ဓာတ်ပုံ - တာချီလိတ် တိ/မွေးကု

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~