ေက်ာက္မဲခရိုင္အတြင္း လုိင္စင္မဲ့ဆုိင္ကယ္မ်ား မွတ္ပံုတင္ရန္ စိတ္ဝင္စားသူ နည္းပါး

ေက်ာက္မဲခရိုင္အတြင္း လုိင္စင္မဲ့ဆုိင္ကယ္မ်ား မွတ္ပံုတင္ရန္ စိတ္ဝင္စားသူ နည္းပါး
စက်တင်ဘာ 16, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာန ေက်ာက္မဲခရိုင္ရံုးက စက္တင္ဘာလ(၁)ရက္ေန႔မွစ၍ One Stop Service ျဖင့္ လိုင္စင္ဒဏ္ေၾကး ေျဖေလ်ာ့မႈအခ်ိဳ႕ျဖင့္ လိုင္စင္မဲ့ေမာ္ေတာ္ဆိုင္ကယ္မ်ားအား ေဒသလိုင္စင္ထုတ္ေပးေနေသာ္လည္း လိုင္စင္ျပဳလုပ္မႈ နည္းလြန္းေနေၾကာင္း သိရသည္။

“စက္တင္ဘာ(၁)ရက္ေန႔ကေနစၿပီး ရံုးဖြင့္ရက္တိုင္း One Stop Service နဲ႔လုပ္ေပးေနတာျဖစ္ပါတယ္။ ဒီေန႔ အထိေတာ့ ေမာ္ေတာ္ဆိုင္ကယ္မွတ္ပံုတင္လုိင္စင္ လာလုပ္တာ (၂၃)စီးပဲရွိပါေသးတယ္။ ခရိုင္ၿမိဳ႕ တစ္ခု အေနနဲ႔ ဆိုရင္ေတာ့ လိုင္စင္လာလုပ္တာေတာ္ေတာ္ေလး နည္းေနေသးတဲ့အေနအထားရွိပါတယ္” ဟု ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာန ေက်ာက္မဲခရိုင္ရံုးမွ ခရိုင္ဦးစီးအရာရွိ ဦးဝင္းႏိုင္က တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္တစ္ခုလံုးတြင္ လိုင္စင္မဲ့ဆုိင္ကယ္မ်ားအား ေဒသလိုင္စင္ထုတ္ေပးျခင္းကို မတ္လမွ ဇြန္လအထိ လုပ္ေပးခဲ့သည့္ ကာလအတြင္းကလည္း ေက်ာက္မဲခရိုင္တြင္ လိုင္စင္ျပဳလုပ္သူ နည္းလြန္းသျဖင့္ စက္တင္ဘာလ(၁)ရက္ေန႔တြင္ ေဒသလိုင္စင္ထုတ္ေပးျခင္း ျပန္လည္စတင္ခ်ိန္တြင္ အျခားေဒသမ်ားထက္ ေျဖေလ်ာ့မႈအခ်ိဳ႕ေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။

“လိုင္စင္လုပ္ဖို႔က ကားေတြေတာင္ လုိင္စင္မပါဘဲစီးေနတာ ခြင့္ျပဳထားၿပီး ဆုိင္ကယ္ပဲ လိုင္စင္လုပ္ခုိင္း ေနတာေလ။ ေနာက္ဆိုင္ကယ္ဆိုင္ေတြကို လိုင္စင္နဲ႔ေရာင္းဖို႔ ညိႇထားတယ္ေျပာေပမယ့္ လုိင္စင္မဲ့ေတြပဲ ေရာင္းေနၾကတာပဲ။ မေရာင္းရင္ ဝယ္မစီးဘူးေလ။ လုိင္စင္မဲ့ေရာင္းေနမွေတာ့ ဝယ္စီးတာေပါ့။ လုပ္မယ္ဆိုလည္း အားလံုးတစ္ေျပးညီျဖစ္ေအာင္ ဖိဖိစီးစီးလုပ္ရင္ေတာ့ မျဖစ္မေနလုိင္စင္ လုပ္ၾကမွာေပါ့”ဟု ေက်ာက္မဲၿမိဳ႕ခံတစ္ဦးက ေျပာသည္။

လိုင္စင္မဲ့ကား၊ ဆုိင္ကယ္အသံုးျပဳမႈမ်ားသည့္ ရွမ္းျပည္နယ္အတြင္း လိုင္စင္မဲ့ဆိုင္ကယ္မ်ားအား ေဒသလိုင္စင္ ထုုတ္ေပးခ်ိန္တြင္ စိတ္ဝင္စားမႈျမင့္ခဲ့ေသာ္လည္း ဒဏ္ေၾကးသတ္မွတ္ခ်က္မွာ ေဒသေပါက္ေစ်း၏ ထက္ဝက္ျဖစ္ေနျခင္း၊ လုိင္စင္မဲ့ကားမ်ားအား မကိုင္တြယ္ႏုိင္ျခင္းေၾကာင့္ လိုင္စင္ျပဳလုပ္ရန္ စိတ္ဝင္စားမႈနည္းသည္ဟု ေဒသခံမ်ားက ဆိုသည္။

ရွမ္းျပည္နယ္အတြင္း ၂၀၁၇ ခုႏွစ္ မတ္လမွ ဇြန္လဆန္းအထိ ေဒသလိုင္စင္ထုတ္ထားသည့္ ဆုိင္ကယ္အစီးေရမွာ ရွမ္းျပည္နယ္(ေတာင္ပိုင္း)တြင္(၈၃၂)စီး၊ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)တြင္ (၄၇၇)စီးႏွင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ (၅၄၂၈)စီး စုစုေပါင္း (၆၇၃၇)စီးရိွခဲ့ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ကျောက်မဲခရိုင်ရုံးက စက်တင်ဘာလ(၁)ရက်နေ့မှစ၍ One Stop Service ဖြင့် လိုင်စင်ဒဏ်ကြေး ဖြေလျော့မှုအချို့ဖြင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအား ဒေသလိုင်စင်ထုတ်ပေးနေသော်လည်း လိုင်စင်ပြုလုပ်မှု နည်းလွန်းနေကြောင်း သိရသည်။

“စက်တင်ဘာ(၁)ရက်နေ့ကနေစပြီး ရုံးဖွင့်ရက်တိုင်း One Stop Service နဲ့လုပ်ပေးနေတာဖြစ်ပါတယ်။ ဒီနေ့ အထိတော့ မော်တော်ဆိုင်ကယ်မှတ်ပုံတင်လိုင်စင် လာလုပ်တာ (၂၃)စီးပဲရှိပါသေးတယ်။ ခရိုင်မြို့ တစ်ခု အနေနဲ့ ဆိုရင်တော့ လိုင်စင်လာလုပ်တာတော်တော်လေး နည်းနေသေးတဲ့အနေအထားရှိပါတယ်” ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ကျောက်မဲခရိုင်ရုံးမှ ခရိုင်ဦးစီးအရာရှိ ဦးဝင်းနိုင်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်တစ်ခုလုံးတွင် လိုင်စင်မဲ့ဆိုင်ကယ်များအား ဒေသလိုင်စင်ထုတ်ပေးခြင်းကို မတ်လမှ ဇွန်လအထိ လုပ်ပေးခဲ့သည့် ကာလအတွင်းကလည်း ကျောက်မဲခရိုင်တွင် လိုင်စင်ပြုလုပ်သူ နည်းလွန်းသဖြင့် စက်တင်ဘာလ(၁)ရက်နေ့တွင် ဒေသလိုင်စင်ထုတ်ပေးခြင်း ပြန်လည်စတင်ချိန်တွင် အခြားဒေသများထက် ဖြေလျော့မှုအချို့ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

“လိုင်စင်လုပ်ဖို့က ကားတွေတောင် လိုင်စင်မပါဘဲစီးနေတာ ခွင့်ပြုထားပြီး ဆိုင်ကယ်ပဲ လိုင်စင်လုပ်ခိုင်း နေတာလေ။ နောက်ဆိုင်ကယ်ဆိုင်တွေကို လိုင်စင်နဲ့ရောင်းဖို့ ညှိထားတယ်ပြောပေမယ့် လိုင်စင်မဲ့တွေပဲ ရောင်းနကြေတာပဲ။ မရောင်းရင် ဝယ်မစီးဘူးလေ။ လိုင်စင်မဲ့ရောင်းနေမှတော့ ဝယ်စီးတာပေါ့။ လုပ်မယ်ဆိုလည်း အားလုံးတစ်ပြေးညီဖြစ်အောင် ဖိဖိစီးစီးလုပ်ရင်တော့ မဖြစ်မနေလိုင်စင် လုပ်ကြမှာပေါ့”ဟု ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။

လိုင်စင်မဲ့ကား၊ ဆိုင်ကယ်အသုံးပြုမှုများသည့် ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ်များအား ဒေသလိုင်စင် ထုတ်ပေးချိန်တွင် စိတ်ဝင်စားမှုမြင့်ခဲ့သော်လည်း ဒဏ်ကြေးသတ်မှတ်ချက်မှာ ဒေသပေါက်ဈေး၏ ထက်ဝက်ဖြစ်နခြေင်း၊ လိုင်စင်မဲ့ကားများအား မကိုင်တွယ်နိုင်ခြင်းကြောင့် လိုင်စင်ပြုလုပ်ရန် စိတ်ဝင်စားမှုနည်းသည်ဟု ဒေသခံများက ဆိုသည်။

ရှမ်းပြည်နယ်အတွင်း ၂၀၁၇ ခုနှစ် မတ်လမှ ဇွန်လဆန်းအထိ ဒေသလိုင်စင်ထုတ်ထားသည့် ဆိုင်ကယ်အစီးရေမှာ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင်(၈၃၂)စီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် (၄၇၇)စီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် (၅၄၂၈)စီး စုစုပေါင်း (၆၇၃၇)စီးရှိခဲ့ကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~