ဂုတ္တြင္းလမ္းပိုင္းအား သံမဏိႀကိဳးဆိုင္း တံတားထိုးရန္အတြက္ ဒီဇင္ဘာလအတြင္း ပႏၷက္ရိုက္ႏိုင္ရန္ စီစဥ္ေန

ဂုတ္တြင္းလမ္းပိုင္းအား သံမဏိႀကိဳးဆိုင္း တံတားထိုးရန္အတြက္ ဒီဇင္ဘာလအတြင္း ပႏၷက္ရိုက္ႏိုင္ရန္ စီစဥ္ေန
စက်တင်ဘာ 27, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ေနာင္ခ်ိဳၿမိဳ႕ႏွင့္ ေက်ာက္မဲၿမိဳ႕ၾကားရွိ ဂုတ္တြင္းလမ္းပိုင္းအား သံမဏိႀကိဳးဆိုင္း တံတားထိုးရန္ အတြက္ ဒီဇင္ဘာလအတြင္း ပႏၷက္ရိုက္ေနရာခ်ႏိုင္ရန္ စီစဥ္လ်က္ရွိေၾကာင္း တံတား တည္ေဆာက္မည့္ Oriental Highway Co.ltd ထံမွ သိရသည္။

“တံတားတည္ေဆာက္ဖို႔ အေရးနဲ႔ ပတ္သက္ၿပီး ျပည္ေထာင္စု ဒုဝန္ႀကီးလည္း တေလာကမွ လာၿပီး ေလ့လာသြားပါတယ္။ သူကေတာ့ ဒီဇင္ဘာေလာက္မွာ ပႏၷက္ရိုက္ႏိုင္ဖို႔ အၾကမ္းဖ်င္း ညႊန္ၾကား သြားပါတယ္။ ရွမ္းျပည္နယ္ လမ္းပန္း ဆက္သြယ္ေရးဝန္ႀကီးကလည္း ဒီတံတားအတြက္ ေတာ္ေတာ္ေလး ႀကိဳးစားေပးေနတာကို ေတြ႔ရပါတယ္။ အဓိကကေတာ့ အခုေျဖရွင္းေနတဲ့ ေျမယာေလ်ာ္ေၾကးကိစၥေတြ ေျပလည္သြားတာနဲ႔ အျမန္ဆံုးစတင္မွာျဖစ္ပါတယ္” ဟု တံတားတည္ေဆာက္ေရး တာဝန္ယူထားသည့္ Oriental Highway Co.ltd မွ စီမံကိန္းမန္ေနဂ်ာ ဦးသက္ေဆြ က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ေနာင္ခ်ိဳၿမိဳ႕နယ္ရွိ ျပည္ေထာင္စုလမ္းမႀကီး မိုင္တိုင္အမွတ္(၇၂/၅) မွ ေက်ာက္မဲၿမိဳ႕နယ္ရွိ မိုင္တိုင္အမွတ္ (၉၂/၅ ) သို႔ ဆက္သြယ္မည့္ အဆိုပါေခ်ာက္ကမ္းပါးကူး သံမဏိႀကိဳးဆိုင္းတံတားသည္ တံတားအရွည္ မီတာ (၈၇၀) ရွိမည္ျဖစ္ၿပီး လမ္းႏွင့္တံတားအရွည္စုစုေပါင္း (၂၁.၀၆ ) ကီလိုမီတာရွည္လ်ားမည္ျဖစ္ကာ တံတားႏွင့္ သက္ဆိုင္သည့္ တြက္ခ်က္မႈမ်ားကို တရုတ္ႏိုင္ငံမွ ေဆာက္လုပ္ေရးကုမၸဏီတစ္ခုႏွင့္ ပူးေပါင္းလုပ္ကိုင္ေနေၾကာင္း သိရသည္။

“လက္ရွိအေျခအေနကေတာ့ တံတားတည္ေဆာက္မယ့္ေနရာေတြက ေျမေတြအတြက္ ေျမယာ ေလ်ာ္ေၾကးေပးဖို႔ ခရိုင္အဆင့္ကေန လုပ္ေဆာင္ေပးေနပါတယ္။ သူတို႔ အဲဒီကိစၥၿပီးရင္ေတာ့ ကြ်န္ေတာ္တို႔က စတင္ဖို႔ အဆင္သင့္ျဖစ္ေနပါၿပီ။ ေျမယာရွင္ေတာင္သူေတြနဲ႔ ညွိႏႈိင္းေနဆဲျဖစ္ၿပီးေတာ့ အဲဒါ ေျပလည္ၿပီးတာနဲ႔ စတင္မွာပါ” ဟု စီမံကိန္းမန္ေနဂ်ာ ဦးသက္ေဆြက ေျပာသည္။

ပ်မ္းမွ်အားျဖင့္ (၁၂)မိုင္ေက်ာ္ခန္႔ရွည္လ်ားမည့္ ဂုတ္ထိပ္လမ္းပိုင္းကြင္းေရွာင္မည့္တံတားမွာ ခံႏိုင္ဝန္အား အနည္းဆံုး တန္ခ်ိန္ (၁၀၀) ရိွမည္ျဖစ္ၿပီး တံတားႏွင့္ပတ္သက္သည့္ တြက္ခ်က္မႈမ်ား မၿပီးဆံုးေသးသည့္ အတြက္ တည္ေဆာက္မႈၾကာျမင့္ခ်ိန္မသိႏိုင္ေသးေၾကာင္း တံတားတည္ေဆာက္မည့္ Oriental Highway Co.ltd ထံမွ သိရသည္။

ျပည္ေထာင္စုလမ္းမႀကီး၏ ေနာင္ခ်ိဳ-ေက်ာက္မဲလမ္းပိုင္းမွ ဂုတ္တြင္းလမ္းတြင္ အတက္အဆင္းအေကြ႔ မ်ားျပားသည့္အတြက္ ယာဥ္ေၾကာပိတ္ဆို႔မႈမ်ား မၾကာခဏျဖစ္ပြားေနသျဖင့္ တံတားထိုးႏိုင္ရန္ စီစဥ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“အျမန္ဆံုးတံတားထိုးေပးႏိုင္ရင္ေတာ့ ေကာင္းမွာပါ။ သစ္သီးရာသီခ်ိန္ေရာက္တိုင္း ယာဥ္ေၾကာ က်ပ္တည္းတာရယ္၊ ယာဥ္မေတာ္တဆျဖစ္တာေတြရယ္ တတ္ႏိုင္သမွ် ေလ်ာ့က်ေစဖို႔ပါ။ ေနာက္တစ္ခုက တိုးတက္လာမယ့္ ေခတ္အေျခအေနနဲ႔အညီ ေနာင္တစ္ခ်ိန္မွာ တန္ခ်ိန္မ်ားမယ့္ယာဥ္ႀကီးေတြ ျဖတ္သန္းသြားလာႏိုင္ဖို႔ တံတားခံႏိုင္ဝန္ ကို ဂရုျပဳေဆာက္လုပ္ေစခ်င္ပါတယ္”ဟု ကုန္စည္ပို႔ေဆာင္ေရး ယာဥ္ေမာင္း ဦးမ်ိဳးသန္႔ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မႏၱေလး - မူဆယ္ျပည္ေထာင္စုလမ္းမႀကီးအပိုင္းသည္ တရုတ္ႏုိင္ငံႏွင့္ ျမန္မာႏိုင္ငံၾကား အဓိက ကုန္စည္ပို႔ေဆာင္ေရးလမ္းေၾကာင္းတစ္ခုလည္း ျဖစ္သည္။

သတင္း #ေနၿဖိဳးျမင့္
Photo: BW


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နှင့် ကျောက်မဲမြို့ကြားရှိ ဂုတ်တွင်းလမ်းပိုင်းအား သံမဏိကြိုးဆိုင်း တံတားထိုးရန် အတွက် ဒီဇင်ဘာလအတွင်း ပန္နက်ရိုက်နေရာချနိုင်ရန် စီစဉ်လျက်ရှိကြောင်း တံတား တည်ဆောက်မည့် Oriental Highway Co.ltd ထံမှ သိရသည်။

“တံတားတည်ဆောက်ဖို့ အရေးနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ဒုဝန်ကြီးလည်း တလောကမှ လာပြီး လေ့လာသွားပါတယ်။ သူကတော့ ဒီဇင်ဘာလောက်မှာ ပန္နက်ရိုက်နိုင်ဖို့ အကြမ်းဖျင်း ညွှန်ကြား သွားပါတယ်။ ရှမ်းပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးကလည်း ဒီတံတားအတွက် တော်တော်လေး ကြိုးစားပေးနေတာကို တွေ့ရပါတယ်။ အဓိကကတော့ အခုဖြေရှင်းနေတဲ့ မြေယာလျော်ကြေးကိစ္စတွေ ပြေလည်သွားတာနဲ့ အမြန်ဆုံးစတင်မှာဖြစ်ပါတယ်” ဟု တံတားတည်ဆောက်ရေး တာဝန်ယူထားသည့် Oriental Highway Co.ltd မှ စီမံကိန်းမန်နေဂျာ ဦးသက်ဆွေ က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

နောင်ချိုမြို့နယ်ရှိ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ်(၇၂/၅) မှ ကျောက်မဲမြို့နယ်ရှိ မိုင်တိုင်အမှတ် (၉၂/၅ ) သို့ ဆက်သွယ်မည့် အဆိုပါချောက်ကမ်းပါးကူး သံမဏိကြိုးဆိုင်းတံတားသည် တံတားအရှည် မီတာ (၈၇၀) ရှိမည်ဖြစ်ပြီး လမ်းနှင့်တံတားအရှည်စုစုပေါင်း (၂၁.ဝ၆ ) ကီလိုမီတာရှည်လျားမည်ဖြစ်ကာ တံတားနှင့် သက်ဆိုင်သည့် တွက်ချက်မှုများကို တရုတ်နိုင်ငံမှ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းလုပ်ကိုင်နေကြောင်း သိရသည်။

“လက်ရှိအခြေအနေကတော့ တံတားတည်ဆောက်မယ့်နေရာတွေက မြေတွေအတွက် မြေယာ လျော်ကြေးပေးဖို့ ခရိုင်အဆင့်ကနေ လုပ်ဆောင်ပေးနေပါတယ်။ သူတို့ အဲဒီကိစ္စပြီးရင်တော့ ကျွန်တော်တို့က စတင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ မြေယာရှင်တောင်သူတွေနဲ့ ညှိနှိုင်းနေဆဲဖြစ်ပြီးတော့ အဲဒါ ပြေလည်ပြီးတာနဲ့ စတင်မှာပါ” ဟု စီမံကိန်းမန်နေဂျာ ဦးသက်ဆွေက ပြောသည်။

ပျမ်းမျှအားဖြင့် (၁၂)မိုင်ကျော်ခန့်ရှည်လျားမည့် ဂုတ်ထိပ်လမ်းပိုင်းကွင်းရှောင်မည့်တံတားမှာ ခံနိုင်ဝန်အား အနည်းဆုံး တန်ချိန် (၁၀၀) ရှိမည်ဖြစ်ပြီး တံတားနှင့်ပတ်သက်သည့် တွက်ချက်မှုများ မပြီးဆုံးသေးသည့် အတွက် တည်ဆောက်မှုကြာမြင့်ချိန်မသိနိုင်သေးကြောင်း တံတားတည်ဆောက်မည့် Oriental Highway Co.ltd ထံမှ သိရသည်။

ပြည်ထောင်စုလမ်းမကြီး၏ နောင်ချို-ကျောက်မဲလမ်းပိုင်းမှ ဂုတ်တွင်းလမ်းတွင် အတက်အဆင်းအကွေ့ များပြားသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏဖြစ်ပွားနေသဖြင့် တံတားထိုးနိုင်ရန် စီစဉ်နခြေင်းဖြစ်ကြောင်း သိရသည်။

“အမြန်ဆုံးတံတားထိုးပေးနိုင်ရင်တော့ ကောင်းမှာပါ။ သစ်သီးရာသီချိန်ရောက်တိုင်း ယာဉ်ကြော ကျပ်တည်းတာရယ်၊ ယာဉ်မတော်တဆဖြစ်တာတွေရယ် တတ်နိုင်သမျှ လျော့ကျစေဖို့ပါ။ နောက်တစ်ခုက တိုးတက်လာမယ့် ခေတ်အခြေအနေနဲ့အညီ နောင်တစ်ချိန်မှာ တန်ချိန်များမယ့်ယာဉ်ကြီးတွေ ဖြတ်သန်းသွားလာနိုင်ဖို့ တံတားခံနိုင်ဝန် ကို ဂရုပြုဆောက်လုပ်စေချင်ပါတယ်”ဟု ကုန်စည်ပို့ဆောင်ရေး ယာဉ်မောင်း ဦးမျိုးသန့်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မန္တလေး - မူဆယ်ပြည်ထောင်စုလမ်းမကြီးအပိုင်းသည် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကြား အဓိက ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။

သတင်း #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~