တာခ်ီလိတ္ၿမိဳ႕ေပၚရိွ စတိုးဆိုင္ႏွင့္ အလွကုန္ပစၥည္းဆိုင္သံုးဆုိင္တြင္ သံုးစြဲရန္မသင့္ အလွကုန္ပစၥည္းအခ်ိဳ႕ သိမ္းဆည္းရမိ

တာခ်ီလိတ္ၿမိဳ႕ေပၚရိွ စတိုးဆိုင္ႏွင့္ အလွကုန္ပစၥည္းဆိုင္သံုးဆုိင္တြင္ သံုးစြဲရန္မသင့္ အလွကုန္ပစၥည္းအခ်ိဳ႕ သိမ္းဆည္းရမိ
စက်တင်ဘာ 22, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ေပၚရိွ စတုိးဆုိင္ႏွင့္ အလွကုန္ပစၥည္းအေရာင္းဆုိိင္မ်ားအား စက္တင္ဘာလ (၂၂)ရက္ေန႔က စစ္ေဆးရာ သံုးစြဲရန္ မသင့္ အလွကုန္ပစၥည္းအခ်ိဳ႕အား စစ္ေဆး ေတြ႔ရိွရသျဖင့္ အဆိုပါ ပစၥည္းမ်ားအား ဖ်က္ဆီးရန္ သိမ္းဆည္းခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ေပၚရိွ ဆုိင္မ်ားအား စစ္ေဆးေနရာ ဆန္ဆိုင္း(ခ)ရပ္ကြက္ရိွ အလွကုန္ပစၥည္းဆိုင္၊ စတိုးဆိုင္ႏွင့္ ဝမ္ေကာင္းေစ်းအတြင္းရိွ ဆိုင္တစ္ဆိုင္တို႔မွ ထုိင္းႏုိင္ငံထုတ္ သံုးစြဲရန္မသင့္ အလွကုန္ပစၥည္း (၄)မ်ိဳးအား စစ္ေဆးေတြ႔ရိွရသျဖင့္ အဆိုပါ အလွကုန္ပစၥည္းမ်ားအား ဖ်က္ဆီးရန္ သိမ္းဆည္းခဲ့ၿပီး ထပ္မံေရာင္းခ်ျခင္း မရိွေစရန္ သတိေပးမႈေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

သက္ဆိုင္ရာ ဌာနေပါင္းစံုပူးေပါင္းအဖြဲ႕ျဖင့္ ေစ်းကြက္အတြင္း စားသံုးရန္မသင့္ကုန္ပစၥည္းမ်ားအား စိစစ္ျခင္းႏွင့္ ေတြ႔ရိွပစၥည္းမ်ားအား သိမ္းဆည္းဖ်က္ဆီးျခင္းတို႔အား ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ပေါ်ရှိ စတိုးဆိုင်နှင့် အလှကုန်ပစ္စည်းအရောင်းဆိုင်များအား စက်တင်ဘာလ (၂၂)ရက်နေ့က စစ်ဆေးရာ သုံးစွဲရန် မသင့် အလှကုန်ပစ္စည်းအချို့အား စစ်ဆေး တွေ့ရှိရသဖြင့် အဆိုပါ ပစ္စည်းများအား ဖျက်ဆီးရန် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ပေါ်ရှိ ဆိုင်များအား စစ်ဆေးနေရာ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ အလှကုန်ပစ္စည်းဆိုင်၊ စတိုးဆိုင်နှင့် ဝမ်ကောင်းဈေးအတွင်းရှိ ဆိုင်တစ်ဆိုင်တို့မှ ထိုင်းနိုင်ငံထုတ် သုံးစွဲရန်မသင့် အလှကုန်ပစ္စည်း (၄)မျိုးအား စစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါ အလှကုန်ပစ္စည်းများအား ဖျက်ဆီးရန် သိမ်းဆည်းခဲ့ပြီး ထပ်မံရောင်းချခြင်း မရှိစေရန် သတိပေးမှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သက်ဆိုင်ရာ ဌာနပေါင်းစုံပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်း စားသုံးရန်မသင့်ကုန်ပစ္စည်းများအား စိစစ်ခြင်းနှင့် တွေ့ရှိပစ္စည်းများအား သိမ်းဆည်းဖျက်ဆီးခြင်းတို့အား ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~