ေတာင္ႀကီးၿမိဳ႕ရွိ ကားဂိတ္တစ္ခုတြင္ ရန္ကုန္ပို႔ေပးရမည့္ ခရီးေဆာင္အိတ္အတြင္းမွ စိတ္ၾကြေဆးျပားမ်ား ေတြ႔ရိွ

ေတာင္ႀကီးၿမိဳ႕ရွိ ကားဂိတ္တစ္ခုတြင္ ရန္ကုန္ပို႔ေပးရမည့္ ခရီးေဆာင္အိတ္အတြင္းမွ စိတ္ၾကြေဆးျပားမ်ား ေတြ႔ရိွ
စက်တင်ဘာ 29, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕၊ ကန္ေရွ႕ရပ္ကြက္၊ ျမကန္သာလမ္းရွိ ခရီးသည္တင္ ေမာ္ေတာ္ယာဥ္ဂိတ္တြင္ စက္တင္ဘာလ (၂၈)ရက္ေန႔က အမ်ိဳးသမီးႏွစ္ဦးက ရန္ကုန္ပို႔ေဆာင္ေပးရန္ လာေရာက္ ပို႔ေဆာင္သည့္ ခရီးေဆာင္အိတ္အတြင္းမွ စိတ္ၾကြရူးသြပ္ေဆးျပား (၂၀၀၀၀) စစ္ေဆးေတြ႔ရေၾကာင္း သိရသည္။

အမ်ိဳးသမီးႏွစ္ဦးက စက္တင္ဘာလ (၂၈)ရက္ေန႔ ညေန (၃)နာရီခန္႔တြင္ ကားဂိတ္သို႔ေရာက္လာၿပီး ခရီးေဆာင္အိတ္ တစ္လုံးကို ရန္ကုန္သို႔ ပို႔ေဆာင္ေပးရန္(လူမဲ့တန္ဆာ)လာေရာက္ အပ္ႏွံထားေၾကာင္း မူးယစ္တပ္ဖြဲ႕စု (၂၅)ေတာင္ႀကီး႐ုံးသို႔ အဆိုပါကားဂိတ္မွ ဖုန္းျဖင့္ ဆက္သြယ္အေၾကာင္းၾကားသျဖင့္ သြားေရာက္ စစ္ေဆးရာမွ စိတ္ၾကြေဆးျပားမ်ားအား စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

အမ်ိဳးသမီးတစ္ဦး၏ ပိုက္ဆံအိတ္အတြင္းမွ စက္တင္ဘာလ (၂၈) ရက္စြဲျဖင့္ ခရီးသည္ႏွင့္ ကုန္စည္ ပို႔ေဆာင္ေရး ေမာ္ေတာ္ယာဥ္ဂိတ္၏ ေျပစာတစ္ေစာင္၊ ခရီးေဆာင္အိတ္ကိုခတ္သည့္ ေသာ့တံ ေလးေခ်ာင္းပါ ေသာ့တြဲတစ္တြဲႏွင့္ လက္ကိုင္ဖုန္းႏွစ္လုံးတို႔ကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ကားဂိတ္သို႔ လာေရာက္ပို႔ေဆာင္သည့္ အမ်ဳိးသမီးႏွစ္ဦးျဖစ္သူ မလဲ့လဲ့ျမင့္ႏွင့္ မပန္းျမတ္သူတို႔အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကို ေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက်၊ မြကန်သာလမ်းရှိ ခရီးသည်တင် မော်တော်ယာဉ်ဂိတ်တွင် စက်တင်ဘာလ (၂၈)ရက်နေ့က အမျိုးသမီးနှစ်ဦးက ရန်ကုန်ပို့ဆောင်ပေးရန် လာရောက် ပို့ဆောင်သည့် ခရီးဆောင်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀၀၀) စစ်ဆေးတွေ့ရကြောင်း သိရသည်။

အမျိုးသမီးနှစ်ဦးက စက်တင်ဘာလ (၂၈)ရက်နေ့ ညနေ (၃)နာရီခန့်တွင် ကားဂိတ်သို့ရောက်လာပြီး ခရီးဆောင်အိတ် တစ်လုံးကို ရန်ကုန်သို့ ပို့ဆောင်ပေးရန်(လူမဲ့တန်ဆာ)လာရောက် အပ်နှံထားကြောင်း မူးယစ်တပ်ဖွဲ့စု (၂၅)တောင်ကြီးရုံးသို့ အဆိုပါကားဂိတ်မှ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားသဖြင့် သွားရောက် စစ်ဆေးရာမှ စိတ်ကြွဆေးပြားများအား စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသမီးတစ်ဦး၏ ပိုက်ဆံအိတ်အတွင်းမှ စက်တင်ဘာလ (၂၈) ရက်စွဲဖြင့် ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ရေး မော်တော်ယာဉ်ဂိတ်၏ ပြေစာတစ်စောင်၊ ခရီးဆောင်အိတ်ကိုခတ်သည့် သော့တံ လေးချောင်းပါ သော့တွဲတစ်တွဲနှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကားဂိတ်သို့ လာရောက်ပို့ဆောင်သည့် အမျိုးသမီးနှစ်ဦးဖြစ်သူ မလဲ့လဲ့မြင့်နှင့် မပန်းမြတ်သူတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~