ရွမ္းျပည္နယ္အတြင္း အေျခခံပညာေက်ာင္းမ်ားတြင္ မူးယစ္ေဆးႏွင့္ ပတ္သက္သည့္ သတင္းမ်ားေၾကာင့္ လံုၿခံဳေရးတင္းၾကပ္ရန္ ျပည္နယ္အစိုးရညႊန္ၾကား

ရွမ္းျပည္နယ္အတြင္း အေျခခံပညာေက်ာင္းမ်ားတြင္ မူးယစ္ေဆးႏွင့္ ပတ္သက္သည့္ သတင္းမ်ားေၾကာင့္ လံုၿခံဳေရးတင္းၾကပ္ရန္ ျပည္နယ္အစိုးရညႊန္ၾကား
စက်တင်ဘာ 28, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း အေျခခံပညာေက်ာင္းမ်ားတြင္ မူးယစ္ေဆးႏွင့္ပတ္သက္သည့္သတင္းမ်ား ထြက္ေပၚေနသည့္ အတြက္ ေက်ာင္းအားလံုးတြင္ လံုၿခံဳေရး တိုးျမႇင့္ေဆာင္ရြက္ရန္ ျပည္နယ္အစိုးရအဖြဲ႕က စက္တင္ဘာလ ေနာက္ဆံုးပတ္တြင္ ညႊန္ၾကားထားေၾကာင္း သိရသည္။

“တစ္ျပည္နယ္လံုးကို ျပည္နယ္ပညာေရးမွဴးကတစ္ဆင့္ ညြန္ၾကားလုပ္ေဆာင္ေနပါတယ္။ ျပည္နယ္တြင္းက ေက်ာင္းေတြမွာ ေက်ာင္းသားေတြ မူးယစ္ေဆးနဲ႔ ပတ္သက္တဲ့ သတင္းေတြ ထြက္ေနတယ္။ ဒါေၾကာင့္ ညြန္ၾကားခ်က္ ထုတ္ၿပီး လုပ္ေဆာင္ထားတာပါ။ အဓိကက ေက်ာင္းတြင္း လံုၿခံဳေရး၊ အဝင္အထြက္ စစ္ေဆးတာမ်ိဳးေတြကို တင္းၾကပ္စြာ ေစာင့္ၾကည့္ဖို႔၊ ဆရာ၊ ဆရာမေတြအေနနဲ႔ ေက်ာင္းသား၊ ေက်ာင္းသူေတြ မူးယစ္ေဆးနဲ႔ ပတ္သက္မႈအေျခအေန ေစာင့္ၾကည့္ဖို႔ စတာေတြ လုပ္ေဆာင္ၾကမွာပါ”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သက္ဆုိင္ရာ ေက်ာင္းမ်ားအလုိက္ ဆရာ၊ဆရာမမ်ား လံုၿခံဳေရးတာဝန္ယူၿပီး ေက်ာင္းတြင္းအဝင္/အထြက္ စစ္ေဆးျခင္း၊ ေက်ာင္းတြင္းနွင့္ ေက်ာင္းအနီးဝန္းက်င္ဆိုင္မ်ားတြင္ မူးယစ္ေဆးဝါး ေရာင္းခ်မႈမရိွေစေရး၊ ေက်ာင္းသား/ေက်ာင္းသူမ်ား မူးယစ္ေဆးဝါးႏွင့္ ပတ္သက္သည့္ ကိစၥမ်ားမရိွေစေရး တင္းၾကပ္စြာ ေစာင့္ၾကည့္ေဆာင္ရြက္ရန္ စီစဥ္လုပ္ေဆာင္ေနေၾကာင္း သိရသည္။

အဆိုပါ ကိစၥႏွင့္ပတ္သက္၍ ေတာင္ႀကီးခရိုင္အတြင္း ၿမိဳ႕နယ္အလုိက္ ေက်ာင္းအုပ္မ်ား၊ ပညာ ေရးမွဴးမ်ားႏွင့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕တို႔ စက္တင္ဘာလ (၂၂) ရက္ေန႔က ေတာင္ႀကီးၿမိဳ႕တြင္ အစည္းအေဝး လုပ္ခဲ့ၿပီး က်န္ခရိုင္၊ ၿမိဳ႕နယ္မ်ားတြင္လည္း သက္ဆုိင္ရာတာဝန္ရိွသူမ်ားက ဆက္လက္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အတြင္း ၂၀၁၆-၂၀၁၇ ဘ႑ာေရးႏွစ္အတြင္း အေျခခံပညာေက်ာင္း (၁၅၈၄၄) ရိွေနေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း အခြေခံပညာကျောင်းများတွင် မူးယစ်ဆေးနှင့်ပတ်သက်သည့်သတင်းများ ထွက်ပေါ်နေသည့် အတွက် ကျောင်းအားလုံးတွင် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ရန် ပြည်နယ်အစိုးရအဖွဲ့က စက်တင်ဘာလ နောက်ဆုံးပတ်တွင် ညွှန်ကြားထားကြောင်း သိရသည်။

“တစ်ပြည်နယ်လုံးကို ပြည်နယ်ပညာရေးမှူးကတစ်ဆင့် ညွန်ကြားလုပ်ဆောင်နေပါတယ်။ ပြည်နယ်တွင်းက ကျောင်းတွေမှာ ကျောင်းသားတွေ မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ သတင်းတွေ ထွက်နေတယ်။ ဒါကြောင့် ညွန်ကြားချက် ထုတ်ပြီး လုပ်ဆောင်ထားတာပါ။ အဓိကက ကျောင်းတွင်း လုံခြုံရေး၊ အဝင်အထွက် စစ်ဆေးတာမျိုးတွေကို တင်းကြပ်စွာ စောင့်ကြည့်ဖို့၊ ဆရာ၊ ဆရာမတွေအနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ မူးယစ်ဆေးနဲ့ ပတ်သက်မှုအခြေအနေ စောင့်ကြည့်ဖို့ စတာတွေ လုပ်ဆောင်ကြမှာပါ”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သက်ဆိုင်ရာ ကျောင်းများအလိုက် ဆရာ၊ဆရာမများ လုံခြုံရေးတာဝန်ယူပြီး ကျောင်းတွင်းအဝင်/အထွက် စစ်ဆေးခြင်း၊ ကျောင်းတွင်းနှင့် ကျောင်းအနီးဝန်းကျင်ဆိုင်များတွင် မူးယစ်ဆေးဝါး ရောင်းချမှုမရှိစေရေး၊ ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ကိစ္စများမရှိစေရေး တင်းကြပ်စွာ စောင့်ကြည့်ဆောင်ရွက်ရန် စီစဉ်လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ တောင်ကြီးခရိုင်အတွင်း မြို့နယ်အလိုက် ကျောင်းအုပ်များ၊ ပညာ ရေးမှူးများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ စက်တင်ဘာလ (၂၂) ရက်နေ့က တောင်ကြီးမြို့တွင် အစည်းအဝေး လုပ်ခဲ့ပြီး ကျန်ခရိုင်၊ မြို့နယ်များတွင်လည်း သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း အခြေခံပညာကျောင်း (၁၅၈၄၄) ရှိနေကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~