မိုင္းျဖတ္ၿမိဳ႕ ဟိုနားရြာ(လားဟူ)တြင္ စိတ္ၾကြေဆးျပားႏွင့္ ဘိန္းစိမ္း ဖမ္းဆီးရမိ

မိုင္းျဖတ္ၿမိဳ႕ ဟိုနားရြာ(လားဟူ)တြင္ စိတ္ၾကြေဆးျပားႏွင့္ ဘိန္းစိမ္း ဖမ္းဆီးရမိ
စက်တင်ဘာ 14, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္၊ မုိင္းျဖတ္ေက်းရြာအုပ္စုရွိ ဟိုနား(လားဟူ)ရြာတြင္ မူးယစ္ေဆး၀ါးမ်ားႏွင့္ အတူ အမ်ဳိးသားတစ္ဦးအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မိုင္းျဖတ္ၿမိဳ႕နယ္၊ မိုင္းျဖတ္ေက်းရြာအုပ္စု၊ ဟိုနား(လားဟူ)ေက်းရြာရွိ ဦးက်ေကာ္၏ ေနအိမ္အား မူးယစ္ေဆး၀ါး သတင္းအရ ၂၀၁၇ခုႏွစ္ စက္တင္ဘာလ(၁၄)ရက္ေန႔ နံနက္(၁၀)နာရီခြဲ၀န္းက်င္အခ်ိန္က မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ ရဲအုပ္ ၀င္းထြန္း ဦးစီးသည့္ တပ္ဖြဲ႔၀င္မ်ား၊ မိုင္းၿဖတ္ၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္ဟန္မိုးလြင္ ဦးစီးသည့္ နယ္ထိန္းတပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔မွ ၀င္ေရာက္ ရွာေဖြရာ စိတ္ၾကြ ေဆးျပားမ်ား အပါအ၀င္ မူးယစ္ေဆး၀ါးမ်ားအား ရွာေဖြေတြ႕ရွိရျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔မွ ရွာေဖြရာတြင္ သတင္းရရွိထားသူ က်ေကာ္(က်ား)အား ေနအိမ္မီးဖိုေခ်ာင္ အိပ္ယာေပၚတြင္ ထိုင္လ်က္ေတြ႕ရွိရၿပီး ၎၏ ေဘးတြင္ တိပ္အနက္ျဖင့္ပတ္ထားသည့္ အ၀ါေရာင္ ေကာ္ဘူးအတြင္းမွ Wy စာတမ္းပါ စိတ္ၾကြေဆးျပား (၄၅)ျပားႏွင့္ အျပာေရာင္ ပလတ္စတစ္အိတ္အတြင္းမွ အေလးခ်ိန္(၃၀)ဂရမ္ခန္႔ရွိ ဘိန္းစိမ္းမ်ားကို ေတြ႕ရွိရေၾကာင္း သိရသည္။

ဆက္လက္၍ ရွာေဖြရာ ေနအိမ္ေဘး စပါးက်ီအတြင္းမွ Wy စာတမ္းပါ စိတ္ၾကြေဆးျပား (၃၄၉)ျပားတို႔ကို ေတြ႕ရွိရၿပီး စုစုေပါင္း ရွာေဖြေတြ႕ရွိရသည့္ စိတ္ၾကြေဆးျပားမ်ားမွာ (၃၉၄)ျပားျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ေတြ႕ရွိရသည့္ အသက္(၂၄)ႏွစ္ရွိ က်ေကာ္အား မိုင္းျဖတ္ၿမိဳ႕မ ရဲစခန္းတြင္ မယ(ပ)၇/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)အရ အမႈဖြင့္ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

သတင္း - #ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းဖြတ်ကျေးရွာအုပ်စုရှိ ဟိုနား(လားဟူ)ရွာတွင် မူးယစ်ဆေးဝါးများနှင့် အတူ အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၊ မိုင်းဖြတ်ကျေးရွာအုပ်စု၊ ဟိုနား(လားဟူ)ကျေးရွာရှိ ဦးကျကော်၏ နေအိမ်အား မူးယစ်ဆေးဝါး သတင်းအရ ၂၀၁၇ခုနှစ် စက်တင်ဘာလ(၁၄)ရက်နေ့ နံနက်(၁၀)နာရီခွဲဝန်းကျင်အချိန်က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲအုပ် ဝင်းထွန်း ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ မိုင်းဖြတ်မြို့မရဲစခန်းမှ ဒုရဲအုပ်ဟန်မိုးလွင် ဦးစီးသည့် နယ်ထိန်းတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့မှ ဝင်ရောက် ရှာဖွေရာ စိတ်ကြွ ဆေးပြားများ အပါအဝင် မူးယစ်ဆေးဝါးများအား ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့မှ ရှာဖွေရာတွင် သတင်းရရှိထားသူ ကျကော်(ကျား)အား နေအိမ်မီးဖိုချောင် အိပ်ယာပေါ်တွင် ထိုင်လျက်တွေ့ရှိရပြီး၎င်း၏ ဘေးတွင် တိပ်အနက်ဖြင့်ပတ်ထားသည့် အဝါရောင် ကော်ဘူးအတွင်းမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား (၄၅)ပြားနှင့် အပြာရောင် ပလတ်စတစ်အိတ်အတွင်းမှ အလေးချိန်(၃၀)ဂရမ်ခန့်ရှိ ဘိန်းစိမ်းများကို တွေ့ရှိရကြောင်း သိရသည်။

ဆက်လက်၍ ရှာဖွေရာ နေအိမ်ဘေး စပါးကျီအတွင်းမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား (၃၄၉)ပြားတို့ကို တွေ့ရှိရပြီး စုစုပေါင်း ရှာဖွေတွေ့ရှိရသည့် စိတ်ကြွဆေးပြားများမှာ (၃၉၄)ပြားဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိရသည့် အသက်(၂၄)နှစ်ရှိ ကျကော်အား မိုင်းဖြတ်မြို့မ ရဲစခန်းတွင် မယ(ပ)၇/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

သတင်း - #ကိုသာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~