က်ဳိင္းတံုၿမိဳ႕ ဓေမၼာဒယဆရာေတာ္ဘုရားႀကီး၏ ရုပ္ကလာပ္ ဘုရားကိုးဆူေက်ာင္းဝင္းတြင္ ကိန္းေအာင္းသည့္ ၂၉ ရက္တာကာလအတြင္း တရားပြဲႏွင့္ ေလာကီဆိုင္ရာပြဲမ်ား က်င္းပမည္

က်ဳိင္းတံုၿမိဳ႕ ဓေမၼာဒယဆရာေတာ္ဘုရားႀကီး၏ ရုပ္ကလာပ္ ဘုရားကိုးဆူေက်ာင္းဝင္းတြင္ ကိန္းေအာင္းသည့္ ၂၉ ရက္တာကာလအတြင္း တရားပြဲႏွင့္ ေလာကီဆိုင္ရာပြဲမ်ား က်င္းပမည္
စက်တင်ဘာ 18, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕ ဘုရားကိုးဆူေက်ာင္းဝန္းအတြင္း စက္တင္ဘာလ (၁၈)ရက္ေန႔မွစ၍ ဓေမၼာဒယဆရာေတာ္ဘုရားႀကီး၏ ရုပ္ကလာပ္ေတာ္ (၂၉)ရက္တာ ကိန္းေအာင္းမည့္ ကာလအတြင္း တရားပြဲမ်ားႏွင့္ ေလာကီဆိုင္ရာ ပြဲလမ္းသဘင္မ်ား က်င္းပမည္ျဖစ္ေသာ္လည္း ေလာင္းကစားဝိုင္းမ်ား ခြင့္ျပဳထားျခင္း မရိွေၾကာင္း သိရသည္။

ဓေမၼာဒယစာသင္တိုက္ ဦးစီးပဓာနနာယက၊ ႏိုင္ငံေတာ္ ၾသ၀ါဒစရိယ အဂၢမဟာပ႑ိတ၊ အဂၢမဟာ သဒၶမၼ ေဇာတိကဓဇ၊ အဘိဓဇမဟာရ႒ဂု႐ု ဘဒၵႏၱအာေဇယ် ဓေမၼာဒယ ဆရာေတာ္ဘုရားႀကီး၏ ရုပ္ကလာပ္ေတာ္အား စက္တင္ဘာလ (၁၈)ရက္ေန႔တြင္ လက္ရိွကိန္းေအာင္းေနသည့္ ဓေမၼာဒယ စာသင္တိုက္၏ ဓမၼာရုံမွေန၍ ဘုရားကိုးဆူေက်ာင္းဝန္းအတြင္း နိွဗၺာန္စံေက်ာင္းေတာ္သို႔ ပင့္ေဆာင္ကာ က်ိန္းေအာင္းပူေဇာ္ ထားရိွခဲ့ျခင္းျဖစ္သည္။

ဘုရားကိုးဆူ ေက်ာင္းဝန္းအတြင္း စံေက်ာင္းေတာ္တြင္ ဆရာေတာ္၏ ရုပ္ကလာပ္ေတာ္အား ပင့္ေဆာင္လာၿပီးေနာက္ ထီးျဖဴ(၄)စင္း ဖြင့္လွစ္ပူေဇာ္ၿပီး ရုပ္ကလာပ္ေတာ္အား ျပည္ေထာင္စု သမၼတျမန္မာႏိုင္ငံေတာ္မွ ပူေဇာ္သည့္ စိန္ကတၱီပါလႊမ္း၍ ပူေဇာ္ျခင္း၊ ေထရုပၸတၱိအက်ဥ္းဖတ္ၾကား ပူေဇာ္ျခင္း၊ ပိုဒ္စုံရတု၊ သံေ၀ဂ ဂါထာ(၈၀)ေပၚေတးထပ္တို ့ျဖင့္ ပူေဇာ္ၿပီး ၾကြေရာက္လာသည့္ ဆရာေတာ္သံဃာေတာ္မ်ားကုိ လွဴဖြယ္ပစၥည္းမ်ား ဆပ္ကပ္လွဴဒါန္းကာ ေရစက္သြန္းခ် အမွ်ေပးေ၀ခဲ့ၾကသည္။

ဆရာေတာ္၏ရုပ္ကလာပ္အား စံေက်ာင္းေတာ္သို႔ ပင့္ေဆာင္ျခင္းအခမ္းအနားသို ့ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး သန္းထြန္းဦး၊ ႀတိဂံေဒသတိုင္းမွဴး ဗိုလ္ခ်ဳပ္ေအာင္ေဇာ္ေအးႏွင့္ စစ္ဘက္ဆိုင္ရာ အရာရိွမ်ား၊ ရွမ္းျပည္နယ္ ဒုတိယအုပ္ခ်ဳပ္ေရးမွဴး ဦးရဲႏိုင္ႏွင့္ ျပည္နယ္၊ ခရိုင္၊ ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာတာ၀န္ရိွသူမ်ားႏွင့္ အနယ္နယ္ အရပ္ရပ္မွ ဆရာေတာ္ႀကီး၏ တပည့္ဒကာမ်ား တက္ေရာက္ၾကသည္။

ဆရာေတာ္၏ ေနာက္ဆံုး အႏၱိမအဂၢိ စ်ာပန အခမ္းအနားကုိ ေအာက္တုိဘာလ (၁၅) ရက္ေန႔ ညေနပိုင္း၌ ကတ္ဖအုပ္စု၊ ယန္းလွေက်းရြာအနီးရွိ က်ားေခါင္း ဘုန္းႀကီးေက်ာင္းတြင္ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

က်ိဳင္းတုံၿမိဳ႕၊ အမွတ္(၃)ရပ္ကြက္၊ စြန္တန္ရပ္၊ ေလယာဥ္ကြင္းလမ္းရိွ ဓေမၼာဒယစာသင္တိုက္၏ ဦးစီးပဓာနနာယက၊ ႏိုင္ငံေတာ္ ၾသ၀ါဒစရိယ အဘိဓဇမဟာရ႒ဂု႐ု ဘဒၵႏၱအာေဇယ် ဓေမၼာဒယ ဆရာေတာ္ဘုရားႀကီးသည္ ၀ါေတာ္ (၇၁)၀ါ၊ သက္ေတာ္(၉၁)ႏွစ္တြင္ ဇူလုိင္ (၁၁)ရက္ည (၇)နာရီက ဘ၀နတ္ထံပ်ံလြန္ေတာ္မူခဲ့ျခင္းျဖစ္သည္။

သတင္း၊ဓာတ္ပံု - #ဇြဲျမတ္


 


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ဘုရားကိုးဆူကျောင်းဝန်းအတွင်း စက်တင်ဘာလ (၁၈)ရက်နေ့မှစ၍ ဓမ္မောဒယဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော် (၂၉)ရက်တာ ကိန်းအောင်းမည့် ကာလအတွင်း တရားပွဲများနှင့် လောကီဆိုင်ရာ ပွဲလမ်းသဘင်များ ကျင်းပမည်ဖြစ်သော်လည်း လောင်းကစားဝိုင်းများ ခွင့်ပြုထားခြင်း မရှိကြောင်း သိရသည်။

ဓမ္မောဒယစာသင်တိုက် ဦးစီးပဓာနနာယက၊ နိုင်ငံတော် သြဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာဇေယျ ဓမ္မောဒယ ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား စက်တင်ဘာလ (၁၈)ရက်နေ့တွင် လက်ရှိကိန်းအောင်းနေသည့် ဓမ္မောဒယ စာသင်တိုက်၏ ဓမ္မာရုံမှနေ၍ ဘုရားကိုးဆူကျောင်းဝန်းအတွင်း နှိဗ္ဗာန်စံကျောင်းတော်သို့ ပင့်ဆောင်ကာ ကျိန်းအောင်းပူဇော် ထားရှိခဲ့ခြင်းဖြစ်သည်။

ဘုရားကိုးဆူ ကျောင်းဝန်းအတွင်း စံကျောင်းတော်တွင် ဆရာတော်၏ ရုပ်ကလာပ်တော်အား ပင့်ဆောင်လာပြီးနောက် ထီးဖြူ(၄)စင်း ဖွင့်လှစ်ပူဇော်ပြီး ရုပ်ကလာပ်တော်အား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်မှ ပူဇော်သည့် စိန်ကတ္တီပါလွှမ်း၍ ပူဇော်ခြင်း၊ ထေရုပ္ပတ္တိအကျဉ်းဖတ်ကြား ပူဇော်ခြင်း၊ ပိုဒ်စုံရတု၊ သေံဝဂ ဂါထာ(၈၀)ပေါ်တေးထပ်တို့ဖြင့် ပူဇော်ပြီး ကြွရောက်လာသည့် ဆရာတော်သံဃာတော်များကို လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှပေးေဝခဲ့ကြသည်။

ဆရာတော်၏ရုပ်ကလာပ်အား စံကျောင်းတော်သို့ ပင့်ဆောင်ခြင်းအခမ်းအနားသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ တြိဂံဒေသတိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများ၊ ရှမ်းပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အနယ်နယ် အရပ်ရပ်မှ ဆရာတော်ကြီး၏ တပည့်ဒကာများ တက်ရောက်ကြသည်။

ဆရာတော်၏ နောက်ဆုံး အန္တိမအဂ္ဂိ ဈာပန အခမ်းအနားကို အောက်တိုဘာလ (၁၅) ရက်နေ့ ညနေပိုင်း၌ ကတ်ဖအုပ်စု၊ ယန်းလှကျေးရွာအနီးရှိ ကျားခေါင်း ဘုန်းကြီးကျောင်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ စွန်တန်ရပ်၊ လေယာဉ်ကွင်းလမ်းရှိ ဓမ္မောဒယစာသင်တိုက်၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော် သြဝါဒစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာဇေယျ ဓမ္မောဒယ ဆရာတော်ဘုရားကြီးသည် ဝါတော် (၇၁)ဝါ၊ သက်တော်(၉၁)နှစ်တွင် ဇူလိုင် (၁၁)ရက်ည (၇)နာရီက ဘဝနတ်ထံပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

သတင်း၊ဓာတ်ပုံ - #ဇွဲမြတ် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~