ျမန္မာတစ္ႏိုင္ငံလံုး အတိုင္းအတာအေနျဖင့္ ၿမိဳ႕နယ္ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနရံုးမ်ားတြင္ စက္တင္ဘာလ(၂၈)ရက္ေန႔ တစ္ေန႔တာ အခမဲ့အျဖစ္ ေခြး၊ေၾကာင္မ်ားအား ေခြးရူးေရာဂါကာကြယ္ေဆးမ်ား ထုိးႏွံေပးမည္

ျမန္မာတစ္ႏိုင္ငံလံုး အတိုင္းအတာအေနျဖင့္ ၿမိဳ႕နယ္ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနရံုးမ်ားတြင္ စက္တင္ဘာလ(၂၈)ရက္ေန႔ တစ္ေန႔တာ အခမဲ့အျဖစ္ ေခြး၊ေၾကာင္မ်ားအား ေခြးရူးေရာဂါကာကြယ္ေဆးမ်ား ထုိးႏွံေပးမည္
စက်တင်ဘာ 27, 2017
By Tachileik News Agency

ကမၻာ့ေခြး႐ူးေရာဂါ တုိက္ဖ်က္ေရးေန႔ အထိမ္းအမွတ္အျဖစ္ တစ္ႏုိင္ငံလံုးရိွ ၿမိဳ႕နယ္ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနရံုးမ်ားတြင္ စက္တင္ဘာလ (၂၈)ရက္ေန႔၌ ေခြး႐ူးေရာဂါ ကာကြယ္ေဆးမ်ား တစ္ရက္တာ အခမဲ့ ထိုးႏွံေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“မနက္ျဖန္ တစ္ရက္ပဲ ကမၻာ့ေခြးရူးေရာဂါတုိက္ဖ်က္ေရးေန႔ အထိမ္းအမွတ္နဲ႔ အခမဲ့ထိုးေပးတာပါ။ အခုဟာကေတာ့ ေဆးကို အခမဲ့ ႏုိင္ငံေတာ္က ထုတ္ေပးတာေပါ့။ က်န္တဲ့ အခ်ိန္ေတြက်ေတာ့ အျပင္က ကုမၸဏီက ဝယ္သံုးရေတာ့ ေဆးတန္ဖိုးနဲ႔ ဝန္ေဆာင္ခေတာ့ ေပးရတာေပါ့။ ေရာဂါကာကြယ္ေဆးက တစ္ႏွစ္သက္တမ္းပဲရိွတာမို႔ တစ္ႏွစ္တစ္ႀကိမ္ ထိုးေပးရပါတယ္”ဟု လားရိႈးၿမိဳ႕နယ္ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန ၿမိဳ႕နယ္ဦးစီးမွဴး ေဒါက္တာ စိုးႏုိင္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အိမ္ေမြးေခြးမ်ား သံုးလအရြယ္ႏွင့္ ေၾကာင္မ်ား ေလးလခြဲအရြယ္မွစ၍ ေခြးရူးေရာဂါကာကြယ္ေဆးအား တစ္ႏွစ္တစ္ႀကိမ္ထိုးႏွံေပးရန္ လိုအပ္ၿပီး တိရစၦာန္ေဆးကုခန္းမ်ားႏွင့္ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီး ဌာနမ်ားတြင္လည္း ကာကြယ္ေဆးထိုးႏွံႏုိင္ကာ ကုန္က်စရိတ္မွာ က်ပ္ (၅၀၀၀)ဝန္းက်င္ရိွေၾကာင္း သိရသည္။

ေခြးရူးေရာဂါ ကာကြယ္ေဆးသည္ ေရာဂါျဖစ္ပြားမႈအား ရာႏႈန္းျပည့္ကာကြယ္ေပးႏုိင္ၿပီး ေရာဂါ အႏၱရာယ္ရိွေသာ ေနရာတြင္ရိွေနေသာ ေခြးေကာင္ေရ၏ (၇၀)ရာခုိင္ႏႈန္းကို ကာကြယ္ေဆး ထိုးေပးထားပါက ေရာဂါကူးစက္မႈသံသရာကို ျဖတ္ေတာက္ႏုိင္သျဖင့္ အိမ္ေမြးတိရစၦာန္ေမြးျမဴသူတိုင္း မိမိတို႔ေမြးျမဴထားသည့္ ေခြး၊ေၾကာင္မ်ားကို ကာကြယ္ေဆးထိုးႏွံေပးျခင္းျဖင့္ ေရာဂါကူးစက္မႈ ကာကြယ္ေရးကို ကူညီႏုိင္ေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံတြင္ ေခြးေကာင္ေရ ေလးသန္းခန္႔ရိွမည္ဟု ခန္႔မွန္းထားၿပီး လူေျခာက္ေယာက္လွ်င္ ေခြးတစ္ေကာင္ႏႈန္း ရိွေနကာ ႏွစ္စဥ္ ေခြးကိုက္ခံရသည့္ လူဦးေရမွာ (၁၅၀၀၀)မွ (၂၀၀၀၀)ၾကားတြင္ ရိွသည့္အနက္ လူဦးေရ (၂၀၀)ခန္႔မွာ ေခြးရူးေရာဂါ ကူးစက္ခံရေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနမွ အခ်က္အလက္မ်ားအရသိရၿပီး အိမ္ေမြးတိရစၦာန္မ်ားမွတ္ပံုတင္စနစ္ျဖင့္ ေရာဂါကာကြယ္ေရး ထိန္းခ်ဳပ္ႏုိင္ရန္လည္း ႀကိဳးစားေနေၾကာင္း ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနထံမွ သိရသည္။

“စည္ပင္သာယာမွာေတာ့ ဥပေဒရိွၿပီးသားပါ။ အဓိကကေတာ့ ေခြးရူးေရာဂါကာကြယ္ေရးေပါ့။ ရန္ကုန္၊ မႏၱေလး ၿမိဳ႕ေတာ္ စည္ပင္ေတြမွာေတာ့ မွတ္ပံုတင္ရတာရိွတယ္။ ဒါေပမဲ့ က်ယ္က်ယ္ျပန္႔ျပန္႔ေတာ့ မျဖစ္ဘူးေပါ့။ ဒါကို ကၽြန္ေတာ္တို႔ဖက္ (ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန)ကို လႊဲေျပာင္းဖို႔ေတာ့ လုပ္ေနတယ္။ ေလာေလာဆယ္ေတာ့ ကၽြန္ေတာ္တို႔ ဌာနမွာ မွတ္ပုံတင္ရတာ မရိွေသးပါဘူး။ အခု လတ္တေလာ ကၽြန္ေတာ္တို႔ လုပ္ေနတာကေတာ့ ျပည္ပႏုိင္ငံေတြက တင္သြင္းတဲ့ အိမ္ေမြးတိရစၦာန္ေတြကို မွတ္ပံုတင္နဲ႔ ထိန္းခ်ဳပ္ဖို႔ေတာ့ စႀကိဳးစားေနပါတယ္။ အခု ဥပေဒကေတာ့ တိရစၦာန္အားလံုးအတြက္ ၿခံဳငံုၿပီးေရးထားတာေပါ့။ အိမ္ေမြးတိရစၦာန္သီးသန္႔အေနနဲ႔လို႔မပါဘူး။ တိရစၦာန္ လက္ဝယ္ရိွသူဆိုတာ ေလာက္ပဲ ပါတာေပါ့။ ဒီဥပေဒကေတာ့ လႊတ္ေတာ္တင္မယ့္အဆင့္ထိ ေရာက္ေနပါၿပီ။ အဲဒါၿပီးမွပဲ အိမ္ေမြးတိရစၦာန္ေတြနဲ႔ပတ္သက္တာ ဘယ္လိုျပန္လုပ္မလဲဆိုတာ ျပန္လုပ္ရမွာေပါ့”ဟု ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန တြဲဖက္ျပည္နယ္ဦးစီးမွဴးႏွင့္ လားရိႈးခရိုင္ဦးစီးမွဴး ေဒါက္တာေဇာ္လြန္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ရိွတြင္ ေခြးရူးေရာဂါကာကြယ္တိုက္ဖ်က္ေရးလုပ္ေဆာင္ခ်က္အျဖစ္ ေမြးျမဴေရးႏွင့္ ကုသေရး ဦးစီးဌာနႏွင့္ ကမၻာ့တိရစၦာန္ က်န္းမာေရးအဖြဲ႕ (OIE)ျဖင့္ ပူးေပါင္းၿပီး ၂၀၁၃ - ၂၀၁၆ အတြင္း ႏွစ္စဥ္စက္တင္ဘာလ (၂၈)ရက္ေန႔တြင္ ေခြးရူးေရာဂါကာကြယ္ေဆး အခမဲ့ထိုးေပးျခင္းနွင့္ အသိပညာေပးေဟာေျပာပြဲမ်ား လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ေခြးရူးေရာဂါသည္ ေရာဂါကူးစက္ခံရခ်ိန္မွ ပ်မ္းမွ် (၇)ရက္မွ (၁၄)ရက္အတြင္း ေသဆံုုးႏုိင္ၿပီး တိရစၦာန္မ်ားတြင္ ေခြးရူးေရာဂါကူးစက္ခံထားရပါက ရုတ္တရက္အမူအရာမ်ား ေျပာင္းသြားျခင္း၊ ထိုင္းမိႈင္းျခင္း၊ အစာမစားျခင္း၊ တံေတြးမ်ား အလြန္အကၽြံထြက္ျခင္း၊ ဦးတည္ရာမဲ့သြားျခင္း၊ အစာ၊ ေရမ်ိဳခ်ရန္ ခက္ခဲျခင္းစသည့္ လကၡဏာမ်ား ေတြ႔ရမည္ျဖစ္ေၾကာင္း သိရသည္။

ေခြးရူးေရာဂါကူးစက္ခံထားရသည့္ တိရစၦာန္၏ တံေတြးမွ ေရာဂါပိုးကူးစက္ႏုိင္ၿပီး လူတြင္ကူးစက္ခံရသည့္ ေခြးရူးေရာဂါ၏ (၉၉)ရာခိုင္ႏႈန္းမွာ ေခြးကိုက္ခံရျခင္းမွ ကူးစက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ေခြးကိုက္ခံရပါက ဒဏ္ရာကို ဆပ္ျပာျဖင့္ ေသခ်ာစြာေဆးေၾကာသန္႔စင္ၿပီး ခ်က္ခ်င္း ကာကြယ္ေဆး ထိုးႏုိင္လွ်င္ အသက္အႏၱရာယ္မွ ကာကြယ္ႏိုင္သျဖင့္ ေခြးကိုက္ခံရလွ်င္ ေဆးဘက္ဆုိင္ရာဆရာဝန္ထံ ကုသမႈခံယူရန္ လိုအပ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးရှိ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးများတွင် စက်တင်ဘာလ (၂၈)ရက်နေ့၌ ခွေးရူးရောဂါ ကာကွယ်ဆေးများ တစ်ရက်တာ အခမဲ့ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“မနက်ဖြန် တစ်ရက်ပဲ ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နဲ့ အခမဲ့ထိုးပေးတာပါ။ အခုဟာကတော့ ဆေးကို အခမဲ့ နိုင်ငံတော်က ထုတ်ပေးတာပေါ့။ ကျန်တဲ့ အချိန်တွေကျတော့ အပြင်က ကုမ္ပဏီက ဝယ်သုံးရတော့ ဆေးတန်ဖိုးနဲ့ ဝန်ဆောင်ခတော့ ပေးရတာပေါ့။ ရောဂါကာကွယ်ဆေးက တစ်နှစ်သက်တမ်းပဲရှိတာမို့ တစ်နှစ်တစ်ကြိမ် ထိုးပေးရပါတယ်”ဟု လားရှိုးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ စိုးနိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အိမ်မွေးခွေးများ သုံးလအရွယ်နှင့် ကြောင်များ လေးလခွဲအရွယ်မှစ၍ ခွေးရူးရောဂါကာကွယ်ဆေးအား တစ်နှစ်တစ်ကြိမ်ထိုးနှံပေးရန် လိုအပ်ပြီး တိရစ္ဆာန်ဆေးကုခန်းများနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနများတွင်လည်း ကာကွယ်ဆေးထိုးနှံနိုင်ကာ ကုန်ကျစရိတ်မှာ ကျပ် (၅၀၀၀)ဝန်းကျင်ရှိကြောင်း သိရသည်။

ခွေးရူးရောဂါ ကာကွယ်ဆေးသည် ရောဂါဖြစ်ပွားမှုအား ရာနှုန်းပြည့်ကာကွယ်ပေးနိုင်ပြီး ရောဂါ အန္တရာယ်ရှိသော နေရာတွင်ရှိနေသော ခွေးကောင်ရေ၏ (၇၀)ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးပေးထားပါက ရောဂါကူးစက်မှုသံသရာကို ဖြတ်တောက်နိုင်သဖြင့် အိမ်မွေးတိရစ္ဆာန်မွေးမြူသူတိုင်း မိမိတို့မွေးမြူထားသည့် ခွေး၊ကြောင်များကို ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ရောဂါကူးစက်မှု ကာကွယ်ရေးကို ကူညီနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ခွေးကောင်ရေ လေးသန်းခန့်ရှိမည်ဟု ခန့်မှန်းထားပြီး လူခြောက်ယောက်လျှင် ခွေးတစ်ကောင်နှုန်း ရှိနေကာ နှစ်စဉ် ခွေးကိုက်ခံရသည့် လူဦးရေမှာ (၁၅၀၀၀)မှ (၂၀၀၀၀)ကြားတွင် ရှိသည့်အနက် လူဦးရေ (၂၀၀)ခန့်မှာ ခွေးရူးရောဂါ ကူးစက်ခံရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အချက်အလက်များအရသိရပြီး အိမ်မွေးတိရစ္ဆာန်များမှတ်ပုံတင်စနစ်ဖြင့် ရောဂါကာကွယ်ရေး ထိန်းချုပ်နိုင်ရန်လည်း ကြိုးစားနေကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။

“စည်ပင်သာယာမှာတော့ ဥပဒေရှိပြီးသားပါ။ အဓိကကတော့ ခွေးရူးရောဂါကာကွယ်ရေးပေါ့။ ရန်ကုန်၊ မန္တလေး မြို့တော် စည်ပင်တွေမှာတော့ မှတ်ပုံတင်ရတာရှိတယ်။ ဒါပေမဲ့ ကျယ်ကျယ်ပြန့်ပြန့်တော့ မဖြစ်ဘူးပေါ့။ ဒါကို ကျွန်တော်တို့ဖက် (မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန)ကို လွှဲပြောင်းဖို့တော့ လုပ်နေတယ်။ လောလောဆယ်တော့ ကျွန်တော်တို့ ဌာနမှာ မှတ်ပုံတင်ရတာ မရှိသေးပါဘူး။ အခု လတ်တလော ကျွန်တော်တို့ လုပ်နေတာကတော့ ပြည်ပနိုင်ငံတွေက တင်သွင်းတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို မှတ်ပုံတင်နဲ့ ထိန်းချုပ်ဖို့တော့ စကြိုးစားနေပါတယ်။ အခု ဥပဒေကတော့ တိရစ္ဆာန်အားလုံးအတွက် ခြုံငုံပြီးရေးထားတာပေါ့။ အိမ်မွေးတိရစ္ဆာန်သီးသန့်အနေနဲ့လို့မပါဘူး။ တိရစ္ဆာန် လက်ဝယ်ရှိသူဆိုတာ လောက်ပဲ ပါတာပေါ့။ ဒီဥပဒေကတော့ လွှတ်တော်တင်မယ့်အဆင့်ထိ ရောက်နေပါပြီ။ အဲဒါပြီးမှပဲ အိမ်မွေးတိရစ္ဆာန်တွေနဲ့ပတ်သက်တာ ဘယ်လိုပြန်လုပ်မလဲဆိုတာ ပြန်လုပ်ရမှာပေါ့”ဟု ရှမ်းပြည်နယ်(မြောက်ပိုင်း)မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တွဲဖက်ပြည်နယ်ဦးစီးမှူးနှင့် လားရှိုးခရိုင်ဦးစီးမှူး ဒေါက်တာဇော်လွန်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးလုပ်ဆောင်ချက်အဖြစ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနနှင့် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (OIE)ဖြင့် ပူးပေါင်းပြီး ၂၀၁၃ - ၂၀၁၆ အတွင်း နှစ်စဉ်စက်တင်ဘာလ (၂၈)ရက်နေ့တွင် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲများ လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

ခွေးရူးရောဂါသည် ရောဂါကူးစက်ခံရချိန်မှ ပျမ်းမျှ (၇)ရက်မှ (၁၄)ရက်အတွင်း သေဆုံးနိုင်ပြီး တိရစ္ဆာန်များတွင် ခွေးရူးရောဂါကူးစက်ခံထားရပါက ရုတ်တရက်အမူအရာများ ပြောင်းသွားခြင်း၊ ထိုင်းမှိုင်းခြင်း၊ အစာမစားခြင်း၊ တံတွေးများ အလွန်အကျွံထွက်ခြင်း၊ ဦးတည်ရာမဲ့သွားခြင်း၊ အစာ၊ ရေမျိုချရန် ခက်ခဲခြင်းစသည့် လက္ခဏာများ တွေ့ရမည်ဖြစ်ကြောင်း သိရသည်။

ခွေးရူးရောဂါကူးစက်ခံထားရသည့် တိရစ္ဆာန်၏ တံတွေးမှ ရောဂါပိုးကူးစက်နိုင်ပြီး လူတွင်ကူးစက်ခံရသည့် ခွေးရူးရောဂါ၏ (၉၉)ရာခိုင်နှုန်းမှာ ခွေးကိုက်ခံရခြင်းမှ ကူးစက်ခြင်းဖြစ်ကြောင်း သိရသည်။

ခွေးကိုက်ခံရပါက ဒဏ်ရာကို ဆပ်ပြာဖြင့် သေချာစွာဆေးကြောသန့်စင်ပြီး ချက်ချင်း ကာကွယ်ဆေး ထိုးနိုင်လျှင် အသက်အန္တရာယ်မှ ကာကွယ်နိုင်သဖြင့် ခွေးကိုက်ခံရလျှင် ဆေးဘက်ဆိုင်ရာဆရာဝန်ထံ ကုသမှုခံယူရန် လိုအပ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~