ေက်ာက္မဲရိွ ဆုိင္ကယ္အေရာင္းဆုိင္မ်ားအား လိုင္စင္ရိွဆုိင္ကယ္မ်ားသာေရာင္းခ်ရန္ သတိေပးမႈ ဆုိင္တစ္ဆုိင္သာ လုိက္နာ

ေက်ာက္မဲရိွ ဆုိင္ကယ္အေရာင္းဆုိင္မ်ားအား လိုင္စင္ရိွဆုိင္ကယ္မ်ားသာေရာင္းခ်ရန္ သတိေပးမႈ ဆုိင္တစ္ဆုိင္သာ လုိက္နာ
စက်တင်ဘာ 30, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ေက်ာက္မဲၿမိဳ႕နယ္ စည္ပင္သာယာနယ္နိမိတ္အတြင္းရိွ ေမာ္ေတာ္ဆိုင္ကယ္ အေရာင္းဆိုင္မ်ားတြင္ ယာဥ္မွတ္ပံုတင္ျပဳလုပ္ၿပီး ဆိုင္ကယ္မ်ားကိုသာ ေရာင္းခ်ရန္ သတိေပးထားသည့္ တစ္လအတြင္း အေရာင္းဆိုင္(၁)ဆိုင္မွ ဆိုင္ကယ္(၅)စီးသာ ယာဥ္မွတ္ပံုတင္ျပဳလုပ္ေၾကာင္း စက္တင္ဘာလ (၃၀)ရက္ေန႔တြင္ သိရသည္။

“ေမာ္ေတာ္ဆိုင္ကယ္ အေရာင္းဆိုင္ေတြကို ဆိုင္ကယ္လိုင္စင္ျပဳလုပ္ၿပီးမွ ေရာင္းခ်ဖို႔ ၿပီးခဲ့တဲ့ တစ္လကတည္းက သတိေပးထားတာ အခ်ိန္ကေစ့ေနၿပီ။ ဆိုင္ကယ္ဆိုင္(၁)ဆိုင္ကပဲ (110 CC ) ဆိုင္ကယ္(၅)စီးကို မွတ္ပံုတင္ လာလုပ္ေသးတယ္။ က်န္တဲ့ ဆိုင္ေတြကေတာ့ လာမလုပ္ၾကေသးဘူး။ သတ္မွတ္ထားတဲ့ စည္းကမ္းအတိုင္း ျပဳလုပ္ဖို႔ ထပ္ၿပီးႏႈိးေဆာ္တာမ်ိဳးေတာ့ လုပ္ဖို႔ရွိတယ္”ဟု ေက်ာက္မဲခရိုင္ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈ ဦးစီးဌာနမွ ခရိုင္ဦးစီးအရာရွိ ဦးဝင္းႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေက်ာက္မဲၿမိဳ႕နယ္ စည္ပင္နယ္နိမိတ္အတြင္းရိွ ေမာ္ေတာ္ဆိုင္ကယ္ေရာင္းခ်ေနသည့္ဆိုင္မ်ားမွ ဆုိင္ကယ္အပိုပစၥည္း ေရာင္းခ်သည့္ ဆိုင္မ်ားအျဖစ္သာ စည္ပင္သာယာေရးဦးစီးဌာနတြင္ လိုင္စင္ေလွ်ာက္ထားကာ ေမာ္ေတာ္ဆိုင္ကယ္ေရာင္းခ်ျခင္းကို ျပဳလုပ္ေနၾကျခင္းျဖစ္ေၾကာင္း ေက်ာက္မဲၿမိဳ႕နယ္ စည္ပင္သာယာေရးဦးစီးဌာနမွ သိရသည္။

“ဆိုင္ကေတာ့ စုစုေပါင္း(၁၀)ဆိုင္ေလာက္ရွိတယ္။ ဆိုင္ရွင္ေတြကိုေခၚယူသတိေပး ေဆြးေႏြးၿပီး လိုင္စင္ျပဳလုပ္ၿပီးမွ ေရာင္းခ်ဖို႔ လက္မွတ္ထိုးခိုင္းထားတယ္။ တကယ္ေတာ့ အဲဒီဆိုင္ေတြက ဆိုင္ကယ္အပိုပစၥည္း အေရာင္းဆိုင္အေနနဲ႔ ခြင့္ျပဳခ်က္ရထားတာပါ။ လိုင္စင္မဲ့ ေမာ္ေတာ္ဆိုင္ကယ္ ေရာင္းခ်ဖို႔ စည္ပင္က ခြင့္ျပဳေပးထားတာ မဟုတ္ပါဘူး။ သတ္မွတ္ထားတဲ့ စည္းကမ္းကိုမလိုက္နာဘဲ ဆက္လုပ္ေနရင္ေတာ့ သတိေပးႏႈိးေဆာ္ တာမ်ိဳးလုပ္မယ္။ လုိင္စင္မဲ့ ေမာ္ေတာ္ဆိုင္ကယ္ ေရာင္းခ်တဲ့အပိုင္းနဲ႔ ပတ္သက္ၿပီးေတာ့ အုပ္ခ်ဳပ္ေရးဌာနေတြက ကိုင္တြယ္မယ္ ထင္ပါတယ္။ စည္ပင္ကေတာ့ ခြင့္ျပဳေပးထားတာမဟုတ္သလို အဲဒီဆိုင္ေတြကိုဖမ္းလို႔မရဘူး”ဟု ေက်ာက္မဲၿမိဳ႕ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန မွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးျမတ္ခန္႔ေအးက တာခ်ီလိတ္သတင္း ေအဂ်င္စီ သို႔ ေျပာသည္။

ရွမ္းျပည္နယ္အတြင္း လုိင္စင္မဲ့ဆုိင္ကယ္မ်ား ေဒသလိုင္စင္ထုတ္ေပးျခင္းကို ၂၀၁၇ ခုႏွစ္ မတ္လ(၁)ရက္ေန႔မွစ၍ လုပ္ေဆာင္ေပးေနျခင္းျဖစ္သည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္အတြင္း စက္တင္ဘာလ(၁)ရက္ေန႔မွစ၍ လိုင္စင္မဲ့ ေမာ္ေတာ္ ဆိုင္ကယ္မ်ားအား လိုင္စင္ျပဳလုပ္ရာတြင္ ဒဏ္ေၾကးသက္သာေစရန္အတြက္ တရုတ္ႏိုင္ငံထုတ္ ၂၀၁၇ ခုႏွစ္ ေမာ္ဒယ္လ္ ဆိုင္ကယ္မ်ားအား ၂၀၁၆ ခုႏွစ္ ေမာ္ဒယ္လ္ ဒဏ္ေၾကးျဖင့္သာ ျပဳလုပ္ေပးႏိုင္ရန္ စီစဥ္ေပးထားေသာ္လည္း စက္တင္ဘာလ (၃၀)ရက္ေန႔ အထိ လိုင္စင္လာေရာက္ျပဳလုပ္ သည့္အစီးေရမွာ (၃၉)စီးသာ ရွိေၾကာင္း သိရသည္။

သတင္း၊ဓာတ္ပံု #ေနၿဖိဳးျမင့္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့နယ် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မော်တော်ဆိုင်ကယ် အရောင်းဆိုင်များတွင် ယာဉ်မှတ်ပုံတင်ပြုလုပ်ပြီး ဆိုင်ကယ်များကိုသာ ရောင်းချရန် သတိပေးထားသည့် တစ်လအတွင်း အရောင်းဆိုင်(၁)ဆိုင်မှ ဆိုင်ကယ်(၅)စီးသာ ယာဉ်မှတ်ပုံတင်ပြုလုပ်ကြောင်း စက်တင်ဘာလ (၃၀)ရက်နေ့တွင် သိရသည်။

“မော်တော်ဆိုင်ကယ် အရောင်းဆိုင်တွေကို ဆိုင်ကယ်လိုင်စင်ပြုလုပ်ပြီးမှ ရောင်းချဖို့ ပြီးခဲ့တဲ့ တစ်လကတည်းက သတိပေးထားတာ အချိန်ကစေ့နပြေီ။ ဆိုင်ကယ်ဆိုင်(၁)ဆိုင်ကပဲ (110 CC ) ဆိုင်ကယ်(၅)စီးကို မှတ်ပုံတင် လာလုပ်သေးတယ်။ ကျန်တဲ့ ဆိုင်တွေကတော့ လာမလုပ်ကြသေးဘူး။ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း ပြုလုပ်ဖို့ ထပ်ပြီးနှိုးဆော်တာမျိုးတော့ လုပ်ဖို့ရှိတယ်”ဟု ကျောက်မဲခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဦးဝင်းနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့နယ် စည်ပင်နယ်နိမိတ်အတွင်းရှိ မော်တော်ဆိုင်ကယ်ရောင်းချနေသည့်ဆိုင်များမှ ဆိုင်ကယ်အပိုပစ္စည်း ရောင်းချသည့် ဆိုင်များအဖြစ်သာ စည်ပင်သာယာရေးဦးစီးဌာနတွင် လိုင်စင်လျှောက်ထားကာ မော်တော်ဆိုင်ကယ်ရောင်းချခြင်းကို ပြုလုပ်နကြခြေင်းဖြစ်ကြောင်း ကျောက်မဲမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ သိရသည်။

“ဆိုင်ကတော့ စုစုပေါင်း(၁၀)ဆိုင်လောက်ရှိတယ်။ ဆိုင်ရှင်တွေကိုခေါ်ယူသတိပေး ဆွေးနွေးပြီး လိုင်စင်ပြုလုပ်ပြီးမှ ရောင်းချဖို့ လက်မှတ်ထိုးခိုင်းထားတယ်။ တကယ်တော့ အဲဒီဆိုင်တွေက ဆိုင်ကယ်အပိုပစ္စည်း အရောင်းဆိုင်အနေနဲ့ ခွင့်ပြုချက်ရထားတာပါ။ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် ရောင်းချဖို့ စည်ပင်က ခွင့်ပြုပေးထားတာ မဟုတ်ပါဘူး။ သတ်မှတ်ထားတဲ့ စည်းကမ်းကိုမလိုက်နာဘဲ ဆက်လုပ်နေရင်တော့ သတိပေးနှိုးဆော် တာမျိုးလုပ်မယ်။ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် ရောင်းချတဲ့အပိုင်းနဲ့ ပတ်သက်ပြီးတော့ အုပ်ချုပ်ရေးဌာနတွေက ကိုင်တွယ်မယ် ထင်ပါတယ်။ စည်ပင်ကတော့ ခွင့်ပြုပေးထားတာမဟုတ်သလို အဲဒီဆိုင်တွေကိုဖမ်းလို့မရဘူး”ဟု ကျောက်မဲမြို့ မြို့နယ်စည်ပင်သာယာရေးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်ခန့်အေးက တာချီလိတ်သတင်း အေဂျင်စီ သို့ ပြောသည်။

ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ်များ ဒေသလိုင်စင်ထုတ်ပေးခြင်းကို ၂၀၁၇ ခုနှစ် မတ်လ(၁)ရက်နေ့မှစ၍ လုပ်ဆောင်ပေးနခြေင်းဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း စက်တင်ဘာလ(၁)ရက်နေ့မှစ၍ လိုင်စင်မဲ့ မော်တော် ဆိုင်ကယ်များအား လိုင်စင်ပြုလုပ်ရာတွင် ဒဏ်ကြေးသက်သာစေရန်အတွက် တရုတ်နိုင်ငံထုတ် ၂၀၁၇ ခုနှစ် မော်ဒယ်လ် ဆိုင်ကယ်များအား ၂၀၁၆ ခုနှစ် မော်ဒယ်လ် ဒဏ်ကြေးဖြင့်သာ ပြုလုပ်ပေးနိုင်ရန် စီစဉ်ပေးထားသော်လည်း စက်တင်ဘာလ (၃၀)ရက်နေ့ အထိ လိုင်စင်လာရောက်ပြုလုပ် သည့်အစီးရေမှာ (၃၉)စီးသာ ရှိကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~