ႏြားအေကာင္ ၃၀ ကို အေထာက္အထားမဲ႔ သယ္ေဆာင္လာသူ ၆ ဦးအား နတ္ေမာက္တြင္ ဖမ္းဆီးရမိ

ႏြားအေကာင္ ၃၀ ကို အေထာက္အထားမဲ႔ သယ္ေဆာင္လာသူ ၆ ဦးအား နတ္ေမာက္တြင္ ဖမ္းဆီးရမိ
စက်တင်ဘာ 27, 2017
By Tachileik News Agency

မေကြးတုိင္းေဒသႀကီး ေတာင္တြင္းႀကီးၿမိဳ႕နယ္ဘက္မွ နတ္ေမာက္ၿမိဳ႕နယ္ဘက္သို႔ ႏြားအေကာင္ (၃၀) တင္ေဆာင္လာသည့္ ၁၂ဘီးယာဥ္ တစ္စီးအား စက္တင္ဘာ(၂၆)ရက္ နံနက္ ၂နာရီခဲြအခ်ိန္၀န္းက်င္က စစ္ေဆးရာ သယ္ေဆာင္ခြင့္ အေထာက္အထား မပါသျဖင့္ နတ္ေမာက္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ ေဆာင္ရြက္ထားေၾကာင္း သိရသည္။

နတ္ေမာက္ၿမိဳ႕ေတာင္ဘက္ (၃)မိုင္ခန္႔အကြာ နက်ားထူးေက်းရြာအုပ္စုအတြင္း နတ္ေမာက္- စိုင္ေကာင္းလမ္းတြင္ (၁၂)ဘီးကားတစ္စီး ရပ္တန္႔ထားေၾကာင္း သတင္းအရ နတ္ေမာက္ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႔ဝင္မ်ားႏွင့္ ပူးေပါင္းအဖြဲ႔က သြားေရာက္စစ္ေဆးရာ ႏြားမ်ားတင္ေဆာင္ထားသည္ကို စစ္ေဆး ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ႏြားမ်ားကို ျပည္ၿမိဳ႕မွသယ္ေဆာင္လာၿပီး မႏၲေလးတိုင္းေဒသႀကီးအတြင္းသို႔ ပို႔ေဆာင္ရန္ ျဖစ္ေၾကာင္း သိရၿပီး သယ္ေဆာင္ခြင့္ အေထာက္ အထားမပါသျဖင့္ ယာဥ္ေမာင္းႏွင့္ ယာဥ္ေပၚပါ စုစုေပါင္း (၆)ဦးအား ဖမ္းဆီးထားေၾကာင္း သိရသည္။

ႏြားမ်ားကို အေထာက္အထားမပါဘဲ သယ္ေဆာင္လာသူမ်ားျဖစ္သည့္ မင္းေအာင္၊ ေအာင္မင္းႏိုင္၊ ေနလင္းဦး၊ ရဲမင္းႏိုင္၊ ေအးမင္းသူႏွင့္ ေက်ာ္စိုးတို႔အား နတ္ေမာက္ၿမိဳ႕မရဲစခန္းတြင္ (ပ)၅၅၁/၂၀၁၇၊ အေရးႀကီး ကုန္စည္ႏွင့္ဝန္ေဆာင္မႈပုဒ္မ ၅ အရ အမႈဖြင့္စစ္ေဆးလ်က္ရိွေၾကာင္း သိရသည္။

ႏြားေမွာင္ခိုကူးေနၾကသည့္ ကိစၥမ်ား ဟန္႔တားႏိုင္ေရးအတြက္ႏွင့္ ႏိုင္ငံေတာ္အ က်ိဳးအျမတ္ ရရိွႏိုင္ေရး အတြက္ ႏြားေမြးျမဴေရးလုပ္ငန္းမ်ားကို ခြင့္ျပဳေပးရန္၊ ေမြးျမဴေရးစခန္းမ်ားဖြင့္လွစ္ႏိုင္ရန္၊ ႏြားမ်ားကို တရားဝင္ တင္ပို႔ခြင့္ျပဳႏိုင္ရန္တို႔ကို အစိုးရအဖဲြ႔မွ ႀကိဳးစားေနေၾကာင္း မေကြးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳထံမွ သိရသည္။

သတင္း/ဓာတ္ပံု #ဖီးနစ္



~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်ဘက်မှ နတ်မောက်မြို့နယ်ဘက်သို့ နွားအကောင် (၃၀) တင်ဆောင်လာသည့် ၁၂ဘီးယာဉ် တစ်စီးအား စက်တင်ဘာ(၂၆)ရက် နံနက် ၂နာရီခွဲအချိန်ဝန်းကျင်က စစ်ဆေးရာ သယ်ဆောင်ခွင့် အထောက်အထား မပါသဖြင့် နတ်မောက်မြို့မရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

နတ်မောက်မြို့တောင်ဘက် (၃)မိုင်ခန့်အကွာ နကျားထူးကျေးရွာအုပ်စုအတွင်း နတ်မောက်- စိုင်ကောင်းလမ်းတွင် (၁၂)ဘီးကားတစ်စီး ရပ်တန့်ထားကြောင်း သတင်းအရ နတ်မောက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ နွားများတင်ဆောင်ထားသည်ကို စစ်ဆေး တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နွားများကို ပြည်မြို့မှသယ်ဆောင်လာပြီး မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ပို့ဆောင်ရန် ဖြစ်ကြောင်း သိရပြီး သယ်ဆောင်ခွင့် အထောက် အထားမပါသဖြင့် ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါ စုစုပေါင်း (၆)ဦးအား ဖမ်းဆီးထားကြောင်း သိရသည်။

နွားများကို အထောက်အထားမပါဘဲ သယ်ဆောင်လာသူများဖြစ်သည့် မင်းအောင်၊ အောင်မင်းနိုင်၊ နေလင်းဦး၊ ရဲမင်းနိုင်၊ အေးမင်းသူနှင့် ကျော်စိုးတို့အား နတ်မောက်မြို့မရဲစခန်းတွင် (ပ)၅၅၁/၂၀၁၇၊ အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုပုဒ်မ ၅ အရ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

နွားမှောင်ခိုကူးနကြေသည့် ကိစ္စများ ဟန့်တားနိုင်ရေးအတွက်နှင့် နိုင်ငံတော်အ ကျိုးအမြတ် ရရှိနိုင်ရေး အတွက် နွားမွေးမြူရေးလုပ်ငန်းများကို ခွင့်ပြုပေးရန်၊ မွေးမြူရေးစခန်းများဖွင့်လှစ်နိုင်ရန်၊ နွားများကို တရားဝင် တင်ပို့ခွင့်ပြုနိုင်ရန်တို့ကို အစိုးရအဖွဲ့မှ ကြိုးစားနေကြောင်း မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုထံမှ သိရသည်။

သတင်း/ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~