(၅၃)ႏွစ္ေျမာက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ေန႔အႀကိဳ တာခ်ီလိတ္ခရိုင္အတြင္းမွ ရဲတပ္ဖြဲ႕ဝင္ ၄၄ ဦးစုေပါင္း ေသြးလွဴဒါန္း

(၅၃)ႏွစ္ေျမာက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ေန႔အႀကိဳ တာခ်ီလိတ္ခရိုင္အတြင္းမွ ရဲတပ္ဖြဲ႕ဝင္ ၄၄ ဦးစုေပါင္း ေသြးလွဴဒါန္း
စက်တင်ဘာ 22, 2017
By Tachileik News Agency

(၅၃)ႏွစ္ေျမာက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ေန႔ကို ႀကိဳဆိုဂုဏ္ျပဳသည့္ အေနျဖင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ ကုတင္(၁၀၀)ဆ့့ံ တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုတြင္ တာခ်ီလိတ္ခရိုင္အတြင္းရိွ ရဲတပ္ဖြဲ႕ အသီးသီးမွ အရာရိွႏွင့္ တပ္ဖြဲ႕ဝင္မ်ားမွ စက္တင္ဘာလ (၂၂)ရက္ေန႔ နံနက္ပိုင္းက စုေပါင္း ေသြးလွဴဒါန္းၾကေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕မွဴးရံုး၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးရံုး၊ ၿမိဳ႕မရဲစခန္း၊ ေဟာင္လိတ္ရဲကင္းစခန္း၊ မုိင္းျဖတ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕၊ ေရေၾကာင္းရဲတပ္ဖြဲ႕၊ ေလေၾကာင္းရဲတပ္ဖြဲ႕၊ သတင္းရဲတပ္ဖြဲ႕၊ မူးယစ္တပ္ဖြဲ႕စုတို႔မွ အရာရိွ (၇)ဦး ႏွင့္အျခားအဆင့္ (၃၆)ဦး၊ မိသားစုဝင္(၁)ဦး စုစုေပါင္း (၄၄)ဦးႏွင့္အတူ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္ကလည္း စုေပါင္းေသြးလွဴဒါန္းေၾကာင္း သိရသည္။

အဆိုပါ ေသြးလွဴဒါန္းပြဲသို႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္၊ တာခ်ီလိတ္ခရိုင္ ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီးထိန္ဝင္း၊ ဒု-ခရိုင္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးျမင့္ေဆြ၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးရဲမွဴးသန္းႏု၊ ေရေၾကာင္းရဲတပ္ဖြဲ႕မွ ရဲမွဴး ဝင္းႏိုင္၊ သတင္းရဲတပ္ဖြဲ႕၊ ကမၻာလွည့္ရဲတပ္ဖြဲ႕၊ ၿမိဳ႕မရဲစခန္းမွဴးတို႔လည္း တက္ေရာက္ၾကေၾကာင္း သိရသည္။

ဓာတ္ပံု - ယာေဆး


~~~~~~~~⊰❂ unicode ~~~~~~~~

(၅၃)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသည့် အနဖြေင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ကုတင်(၁၀၀)ဆံ့ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် တာချီလိတ်ခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့ အသီးသီးမှ အရာရှိနှင့် တပ်ဖွဲ့ဝင်များမှ စက်တင်ဘာလ (၂၂)ရက်နေ့ နံနက်ပိုင်းက စုပေါင်း သွေးလှူဒါန်းကြကြောင်း သိရသည်။

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲစခန်း၊ ဟောင်လိတ်ရဲကင်းစခန်း၊ မိုင်းဖြတ်မြို့နယ် ရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့စုတို့မှ အရာရှိ (၇)ဦး နှင့်အခြားအဆင့် (၃၆)ဦး၊ မိသားစုဝင်(၁)ဦး စုစုပေါင်း (၄၄)ဦးနှင့်အတူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်ကလည်း စုပေါင်းသွေးလှူဒါန်းကြောင်း သိရသည်။

အဆိုပါ သွေးလှူဒါန်းပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးထိန်ဝင်း၊ ဒု-ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဆွေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသန်းနု၊ ရေကြောင်းရဲတပ်ဖွဲ့မှ ရဲမှူး ဝင်းနိုင်၊ သတင်းရဲတပ်ဖွဲ့၊ ကမ္ဘာလှည့်ရဲတပ်ဖွဲ့၊ မြို့မရဲစခန်းမှူးတို့လည်း တက်ရောက်ကြကြောင်း သိရသည်။

ဓာတ်ပုံ - ယာဆေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~