သီပေါမြို့နယ် ဘော်ကြိုရွာတွင် ဆယ်တန်းကျောင်းသူတစ်ဦး ကြိုးဆွဲချသေဆုံး

သီပေါမြို့နယ် ဘော်ကြိုရွာတွင် ဆယ်တန်းကျောင်းသူတစ်ဦး ကြိုးဆွဲချသေဆုံး
စကျတငျဘာ 5, 2017
By Tachileik News Agency




သတင်း #နေဖြိုးမြင့်
ဓာတ်ပုံ #One More(သီပေါ)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ် ဘော်ကြိုကျေးရွာတွင် စက်တင်ဘာလ (၅)ရက်နေ့က ဆယ်တန်းကျောင်းသူ တစ်ဦး နေအိမ်တွင် ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားကြောင်း သိရသည်။

“ကျွန်တော်တို့ကို ဘော်ကြိုကနေ လှမ်းခေါ်တော့ ကောင်မလေးက သူ့အိမ်ရှေ့ဧည့်ခန်း၊ ဘုရားခန်းမှာပဲ ကြိုးဆွဲချသေနေတာ။ ကျွန်တော်တို့ ရောက်သွားတော့ ကြမ်းပြင်နဲ့ ခြေဖျားထောက်လျက်ထိနေတယ်။ ကြိုးက လည်ပင်းမှာ ချိတ်ရုံချိတ်ထားတာ”ဟု အလောင်းသွားသယ်ပေးသည့် သီပေါမြို့မှ One More အဖွဲ့မှ ကိုကျော်စွာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အသက် (၁၇) နစ်အရွယ် ဆယ်တန်းကျောင်းသူ၏ အလောင်းအား သီပေါဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ်ကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ #One More(သီပေါ)

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~