ထုိင္းႏိုင္ငံတြင္ ျမန္မာႏုိင္ငံသားမ်ားအား ဆီးစစ္ေဆးမႈျပန္လည္လုပ္ေဆာင္ေနမႈအား ျမန္မာ - ထုိင္း ႏွစ္ႏုိင္ငံအစည္းအေဝးတြင္ ေဆြးေႏြး

ထုိင္းႏိုင္ငံတြင္ ျမန္မာႏုိင္ငံသားမ်ားအား ဆီးစစ္ေဆးမႈျပန္လည္လုပ္ေဆာင္ေနမႈအား ျမန္မာ - ထုိင္း ႏွစ္ႏုိင္ငံအစည္းအေဝးတြင္ ေဆြးေႏြး
စက်တင်ဘာ 15, 2017
By Tachileik News Agency

ျမန္မာ - ထုိင္း (၁၁)ႀကိမ္ေျမာက္ ႏွစ္ႏုိင္ငံ လူကုန္ကူးမႈပူးေပါင္းတိုက္ဖ်က္ေရးဆိုင္ရာအစည္းအေဝးကို ထုိင္းႏုိင္ငံ၊ ခ်င္းရိုင္းၿမိဳ႕တြင္ စက္တင္ဘာလ (၁၄)ရက္ႏွင့္ (၁၅)ရက္ေန႔မ်ား၌ က်င္းပရာ ထုိင္းနိုင္ငံဘက္တြင္ ျမန္မာႏုိင္ငံသားမ်ားအား ဆီးစစ္ေဆးမႈျပန္လည္လုပ္ေဆာင္ေနသည့္ ကိစၥကိုလည္း ထည့္သြင္း ေဆြးေႏြးထားေၾကာင္း သိရသည္။

အဆိုပါ အစည္းအေဝးသို႔ ျမန္မာ - ထုိင္းႏွစ္ႏုိင္ငံ နယ္စပ္လူကုန္ကူးမႈ ပူးေပါင္းတုိက္ဖ်က္ေရးဆိုင္ရာ (BCATIP) ဥကၠဌ၊ တာခ်ီလိတ္ခရိုင္ရဲမွဴး ဒုရဲမွဴးႀကီး ထိန္ဝင္းဦးစီးသည့္ ျမန္မာကိုယ္စားလွယ္ (၁၅)ဦး၊ ထုိင္းႏုိင္ငံ ခ်င္းရိုင္းခရိုင္ ခရိုင္ဦးစီးမွဴးနလံုဆပ္ဦးစီးသည့္ ကိုယ္စားလွယ္ (၃၈)ဦး၊ ထုိင္းႏုိင္ငံ၏ ဖိတ္ၾကားခ်က္ အရ ေလ့လာသူအျဖစ္ တက္ေရာက္သည့္ လာအိုႏုိင္ငံမွ ဗိုလ္ႀကီးသူစီ ဦးစီးသည့္ ကိုယ္စားလွယ္(၁၃)ဦး စုစုေပါင္း (၆၆)ဦး တက္ေရာက္ၾကေၾကာင္း သိရသည္။

အစည္းအေဝးတြင္ ထိုင္းႏုိင္ငံက အလုပ္သမား ဥပေဒသစ္ျပဌာန္းထားမႈႏွင့္ ေရႊ႕ေျပာင္းအလုပ္သမားမ်ား၏ အေျခအေန၊ လူကုန္ကူးမႈတားဆီးကာကြယ္ေရး ေဆာင္ရြက္မႈ အေျခအေနမ်ားကို ေဆြးေႏြးၿပီး ျမန္မာ ကိုယ္စားလွယ္ အဖြဲ႕က ထုိင္းႏုိင္ငံတြင္း ျမန္မာႏိုင္ငံသားမ်ားအား ဆီးစစ္ေဆးမႈလုပ္ေဆာင္ေနျခင္း၊ ္ဥပေဒသစ္ႏွင့္ ညီညြတ္မႈမရိွသည့္ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားအား ဖမ္းဆီးျခင္း မျပဳဘဲ ေနရပ္ျပန္ ျမန္မာလုပ္သားမ်ား ျပန္လည္ႀကိဳဆိုလက္ခံေရးေကာ္မတီႏွင့္ ညိႇႏိႈင္းေဆာင္ရြက္ေပးရန္ အပါအဝင္ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားအေရးကို ေဆြးေႏြးေၾကာင္း သိရသည္။

လာအိုကိုယ္စားလွယ္အဖြဲ႕ကလည္း လူကုန္ကူးတားဆီးေရးအတြက္ သံုးႏုိင္ငံ သတင္းအခ်က္အလက္မ်ား အခ်ိန္ႏွင့္ တေျပးညီဖလွယ္၍ ပူးေပါင္းေဆာင္ရြက္ေရးႏွင့္ လူကုန္ကူးကိစၥမ်ား ပညာေပးလုပ္ငန္းမ်ားကို ပူးေပါင္းေဆာင္ရြက္ရန္ ေဆြးေႏြးေၾကာင္း သိရသည္။

ဓာတ္ပံု - BCATIP


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်း (၁၁)ကြိမ်မြောက် နှစ်နိုင်ငံ လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာအစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းရိုင်းမြို့တွင် စက်တင်ဘာလ (၁၄)ရက်နှင့် (၁၅)ရက်နေ့များ၌ ကျင်းပရာ ထိုင်းနိုင်ငံဘက်တွင် မြန်မာနိုင်ငံသားများအား ဆီးစစ်ဆေးမှုပြန်လည်လုပ်ဆောင်နေသည့် ကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေးထားကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာ - ထိုင်းနှစ်နိုင်ငံ နယ်စပ်လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ (BCATIP) ဥက္ကဌ၊ တာချီလိတ်ခရိုင်ရဲမှူး ဒုရဲမှူးကြီး ထိန်ဝင်းဦးစီးသည့် မြန်မာကိုယ်စားလှယ် (၁၅)ဦး၊ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် ခရိုင်ဦးစီးမှူးနလုံဆပ်ဦးစီးသည့် ကိုယ်စားလှယ် (၃၈)ဦး၊ ထိုင်းနိုင်ငံ၏ ဖိတ်ကြားချက် အရ လေ့လာသူအဖြစ် တက်ရောက်သည့် လာအိုနိုင်ငံမှ ဗိုလ်ကြီးသူစီ ဦးစီးသည့် ကိုယ်စားလှယ်(၁၃)ဦး စုစုပေါင်း (၆၆)ဦး တက်ရောက်ကြကြောင်း သိရသည်။

အစည်းအဝေးတွင် ထိုင်းနိုင်ငံက အလုပ်သမား ဥပဒေသစ်ပြဌာန်းထားမှုနှင့် ရွှေ့ပြောင်းအလုပ်သမားများ၏ အခြေအနေ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးပြီး မြန်မာ ကိုယ်စားလှယ် အဖွဲ့က ထိုင်းနိုင်ငံတွင်း မြန်မာနိုင်ငံသားများအား ဆီးစစ်ဆေးမှုလုပ်ဆောင်နခြေင်း၊်ဥပဒေသစ်နှင့် ညီညွတ်မှုမရှိသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများအား ဖမ်းဆီးခြင်း မပြုဘဲ နေရပ်ပြန် မြန်မာလုပ်သားများ ပြန်လည်ကြိုဆိုလက်ခံရေးကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန် အပါအဝင် ရွှေ့ပြောင်းမြန်မာလုပ်သားများအရေးကို ဆွေးနွေးကြောင်း သိရသည်။

လာအိုကိုယ်စားလှယ်အဖွဲ့ကလည်း လူကုန်ကူးတားဆီးရေးအတွက် သုံးနိုင်ငံ သတင်းအချက်အလက်များ အချိန်နှင့် တပြေးညီဖလှယ်၍ ပူးပေါင်းဆောင်ရွက်ရေးနှင့် လူကုန်ကူးကိစ္စများ ပညာပေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးကြောင်း သိရသည်။

ဓာတ်ပုံ - BCATIP

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~