တာခ်ီလိတ္တြင္ သံုးဘီးဆိုင္ကယ္ႏွင့္ မိသားစု(၄)ဦး စီးနင္းလာသည့္ဆိုင္ကယ္တို႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိ၍ သားအဖႏွစ္ဦးေသဆံုးၿပီး တစ္ဦးဒဏ္ရာျပင္းထန္

တာခ်ီလိတ္တြင္ သံုးဘီးဆိုင္ကယ္ႏွင့္ မိသားစု(၄)ဦး စီးနင္းလာသည့္ဆိုင္ကယ္တို႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိ၍ သားအဖႏွစ္ဦးေသဆံုးၿပီး တစ္ဦးဒဏ္ရာျပင္းထန္
စက်တင်ဘာ 29, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ စက္တင္ဘာလ (၂၉)ရက္ေန႔ညပိုင္းက မိသားစုေလးဦး စီးနင္းလာသည့္ ဆိုင္ကယ္ႏွင့္ သံုးဘီးဆိုင္ကယ္တို႔ မ်က္ႏွာခ်င္းဆုိင္ တုိက္မိ၍ ဆိုင္ကယ္ေမာင္းႏွင္သူႏွင့္ ကေလးတစ္ဦးေနရာတြင္ ေသဆံုးသြားၿပီး အမ်ိဳးသမီးတစ္ဦးမွာ ျပင္းထန္ဒဏ္စြာ ရရိွသြားေၾကာင္း သိရသည္။

ေဆခမ္းရပ္ကြက္၊ ဗုိလ္ခ်ဳပ္ေအာင္ဆန္းလမ္းေပၚတြင္ ေဟာင္လိတ္လမ္းဆံုမီးပိြဳင့္ဘက္မွ ေလဆိပ္ လမ္းဆံုဘက္သို႔ ေမာင္းႏွင္လာသည့္ သံုးဘီးဆုိင္ကယ္သည္ မ်က္ႏွာခ်င္းဆိုင္မွ ေလးဦးစီးနင္းလာသည့္ ဆိုင္ကယ္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ တိုက္မိသျဖင့္ ဆိုင္ကယ္ေမာင္းလာသည့္ အမ်ိဳးသားႏွင့္ အသက္ (၈)ႏွစ္အရြယ္မိန္းကေလးတို႔ ေနရာတြင္ ေသဆံုးသြားၿပီး ေနာက္မွ လိုက္ပါလာသည့္ အမ်ိဳးသမီးမွာ ဒဏ္ရာ ျပင္းထန္စြာ ရရိွသြားသျဖင့္ တာခ်ီလိတ္ခရိုင္ ျပည္သူ႔ေဆးရံုတြင္ ကုသမႈခံယူေနရေၾကာင္း သိရသည္။

ဆုိင္ကယ္တြင္ လုိက္ပါလာသည့္ အသက္(၃)ႏွစ္အရြယ္ကေလးမွာ ပြန္းပဲ့ဒဏ္ရာ အနည္းငယ္သာ ရသြားသျဖင့္ အဆိုပါ ကေလးအား လက္ရိွတြင္ တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုးက ေစာင့္ေရွာက္ထားေၾကာင္း သိရသည္။

ဒဏ္ရာျပင္းထန္သည့္ အမ်ိဳးသမီးမွာ စကားေမးျမန္း၍ မရေသးသည့္ အေျခအေနတြင္ ရိွေနဆဲျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တုိက္မႈႏွင့္ ပတ္သက္၍ ဆိုင္ကယ္ေမာင္းႏွင္သည့္ အမ်ိဳးသားႏွင့္ သံုးဘီးဆုိင္ကယ္ ေမာင္းႏွင္သည့္ စိုင္းဆမ္တို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ) ၄၆/၂၀၁၇၊ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၂၇၉/၃၃၇/ ၃၃၈/၃၀၄ - ကတို႔ျဖင့္ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်
ဓာတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


 


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် စက်တင်ဘာလ (၂၉)ရက်နေ့ညပိုင်းက မိသားစုလေးဦး စီးနင်းလာသည့် ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိ၍ ဆိုင်ကယ်မောင်းနှင်သူနှင့် ကလေးတစ်ဦးနေရာတွင် သေဆုံးသွားပြီး အမျိုးသမီးတစ်ဦးမှာ ပြင်းထန်ဒဏ်စွာ ရရှိသွားကြောင်း သိရသည်။

ဆေခမ်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်တွင် ဟောင်လိတ်လမ်းဆုံမီးပွိုင့်ဘက်မှ လေဆိပ် လမ်းဆုံဘက်သို့ မောင်းနှင်လာသည့် သုံးဘီးဆိုင်ကယ်သည် မျက်နှာချင်းဆိုင်မှ လေးဦးစီးနင်းလာသည့် ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင် တိုက်မိသဖြင့် ဆိုင်ကယ်မောင်းလာသည့် အမျိုးသားနှင့် အသက် (၈)နှစ်အရွယ်မိန်းကလေးတို့ နေရာတွင် သေဆုံးသွားပြီး နောက်မှ လိုက်ပါလာသည့် အမျိုးသမီးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသဖြင့် တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း သိရသည်။

ဆိုင်ကယ်တွင် လိုက်ပါလာသည့် အသက်(၃)နှစ်အရွယ်ကလေးမှာ ပွန်းပဲ့ဒဏ်ရာ အနည်းငယ်သာ ရသွားသဖြင့် အဆိုပါ ကလေးအား လက်ရှိတွင် တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက စောင့်ရှောက်ထားကြောင်း သိရသည်။

ဒဏ်ရာပြင်းထန်သည့် အမျိုးသမီးမှာ စကားမေးမြန်း၍ မရသေးသည့် အခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ဆိုင်ကယ်မောင်းနှင်သည့် အမျိုးသားနှင့် သုံးဘီးဆိုင်ကယ် မောင်းနှင်သည့် စိုင်းဆမ်တို့အား တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ်(ပ) ၄၆/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉/၃၃၇/ ၃၃၈/၃၀၄ - ကတို့ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း - စိုင်းဇေယျ
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~