ခ်ဲထီေရာင္းခ်သူတစ္ဦးအား ဆက္စပ္ပစၥည္းမ်ားႏွင့္ အတူ ဖမ္းဆီးရမိ

ခ်ဲထီေရာင္းခ်သူတစ္ဦးအား ဆက္စပ္ပစၥည္းမ်ားႏွင့္ အတူ ဖမ္းဆီးရမိ
စက်တင်ဘာ 16, 2017
By Tachileik News Agency

ခ်ဲထီေရာင္းခ်သူတစ္ဦးအား ခ်ဲထီေလာင္းကစား ဆက္စပ္ပစၥည္းမ်ားႏွင့္ အတူ စက္တင္ဘာလ (၁၆)ရက္ေန႔ ညေနပိုင္းက ဖမ္းဆီးရမိသျဖင့္ ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

“ေလာင္းကစားသတင္း အရ ႀကိဳတင္ေစာင့္ဆိုင္းေနတဲ့အခ်ိန္ မသကၤာဖြယ္ရာ ကားတစ္စီးကို တားဆီး စစ္ေဆးခဲ့ရာမွာ ယာဥ္ေမာင္းသူ အမ်ိဳးသားနဲ႔အတူ ကားဒက္ရွ္ဘုတ္ထဲမွာပါတဲ့ ေလာင္းကစား ျပဳလုပ္ရာမွာ အသံုးျပဳတဲ့ စာရြက္စာတမ္းေတြနဲ႔အတူ ဖမ္းဆီးရမိတာျဖစ္ပါတယ္။ တိုင္ခ်က္ဖြင့္အေရးယူဖို႔ လုပ္ေဆာင္ ေနပါတယ္“ဟု ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႔မွ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ေကာင္းျမတ္ေက်ာ္က တာခီ်လိတ္သတင္း ေအဂ်င္စီ သို႔ ေျပာသည္။

စက္တင္ဘာလ(၁၆)ရက္ေန႔ ညေန(၄)နာရီခြဲခန္႔တြင္ ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႔ႏွင့္ ရပ္မိရပ္ဖမ်ား၊ အရန္မီးသတ္တပ္ဖြဲ႔ဝင္မ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႔သည္ ေက်ာက္မဲၿမိဳ႕ အမွတ္(၈)ရပ္ကြက္၊ နယ္ေျမ(၁၄)အတြင္း ေအာင္သုခလမ္းတြင္ ေစာင့္ဆိုင္းေနစဥ္ အသက္(၅၃)ႏွစ္ အရြယ္ အမ်ိဳးသားတစ္ဦး ေမာင္းႏွင္လာသည့္ မတ္တူးအျဖဴေရာင္ယာဥ္အား မသကၤာဖြယ္ရာေတြ႔ရွိရသျဖင့္ ရပ္တန္႔စစ္ေဆးရာမွ ခ်ဲထီေလာင္းကစားျပဳလုပ္ရာတြင္ အသံုးျပဳသည့္ စာရြက္မ်ား၊ လယ္ဂ်ာ စာအုပ္မ်ားအား ရွာေဖြ ေတြ႔ရွိရသျဖင့္ ၎၏ ေနအိမ္တြင္ တဆက္တည္း စစ္ေဆးရာ ခ်ဲထီေလာင္းကစားႏွင့္ ဆက္စပ္ စာရြက္ စာတမ္းမ်ားကို ထပ္မံသိမ္းဆည္းရမိျခင္းျဖစ္ေၾကာင္း သိရွိရသည္။

ခ်ဲထီႏွင့္ပတ္သက္သည့္ စာရြက္စာတမ္းမ်ား၊ ေလာင္းေၾကးေငြ(၆၃၈,၂၀၀)က်ပ္တို႔ႏွင့္ အတူ လက္ဝယ္ေတြ႔ရွိသူ ျမင့္ေက်ာ္(ခ) တင့္ႏိုင္အား ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ အေရးယူေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #kmk


~~~~~~~~⊰❂ unicode ~~~~~~~~

ချဲထီရောင်းချသူတစ်ဦးအား ချဲထီလောင်းကစား ဆက်စပ်ပစ္စည်းများနှင့် အတူ စက်တင်ဘာလ (၁၆)ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိသဖြင့် ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

“လောင်းကစားသတင်း အရ ကြိုတင်စောင့်ဆိုင်းနေတဲ့အချိန် မသင်္ကာဖွယ်ရာ ကားတစ်စီးကို တားဆီး စစ်ဆေးခဲ့ရာမှာ ယာဉ်မောင်းသူ အမျိုးသားနဲ့အတူ ကားဒက်ရှ်ဘုတ်ထဲမှာပါတဲ့ လောင်းကစား ပြုလုပ်ရာမှာ အသုံးပြုတဲ့ စာရွက်စာတမ်းတွေနဲ့အတူ ဖမ်းဆီးရမိတာဖြစ်ပါတယ်။ တိုင်ချက်ဖွင့်အရေးယူဖို့ လုပ်ဆောင်နေပါတယ်“ဟု ကျောက်မဲမြို့မရဲတပ်ဖွဲ့မှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကောင်းမြတ်ကျော်က တာချီလိတ်သတင်း အေဂျင်စီ သို့ ပြောသည်။

စက်တင်ဘာလ(၁၆)ရက်နေ့ ညနေ(၄)နာရီခွဲခန့်တွင် ကျောက်မဲမြို့မရဲတပ်ဖွဲ့နှင့် ရပ်မိရပ်ဖများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ကျောက်မဲမြို့ အမှတ်(၈)ရပ်ကွက်၊ နယ်မြေ(၁၄)အတွင်း အောင်သုခလမ်းတွင် စောင့်ဆိုင်းနေစဉ် အသက်(၅၃)နှစ် အရွယ် အမျိုးသားတစ်ဦး မောင်းနှင်လာသည့် မတ်တူးအဖြူရောင်ယာဉ်အား မသင်္ကာဖွယ်ရာတွေ့ရှိရသဖြင့် ရပ်တန့်စစ်ဆေးရာမှ ချဲထီလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် စာရွက်များ၊ လယ်ဂျာ စာအုပ်များအား ရှာဖွေ တွေ့ရှိရသဖြင့်၎င်း၏ နေအိမ်တွင် တဆက်တည်း စစ်ဆေးရာ ချဲထီလောင်းကစားနှင့် ဆက်စပ် စာရွက် စာတမ်းများကို ထပ်မံသိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရှိရသည်။

ချဲထီနှင့်ပတ်သက်သည့် စာရွက်စာတမ်းများ၊ လောင်းကြေးငွေ(၆၃၈,၂၀၀)ကျပ်တို့နှင့် အတူ လက်ဝယ်တွေ့ရှိသူ မြင့်ကျော်(ခ) တင့်နိုင်အား ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ #kmk 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~