ရခိုင္ျပည္နယ္ေျမာက္ျခမ္းအတြက္ တာခ်ီလိတ္ေစတနာရွင္မ်ား လွဴဒါန္းသည့္ (၉)ရက္တာ ကာလအတြင္း က်ပ္သိန္း(၃၂၀)၀န္းက်င္ ရရွိ

ရခိုင္ျပည္နယ္ေျမာက္ျခမ္းအတြက္ တာခ်ီလိတ္ေစတနာရွင္မ်ား လွဴဒါန္းသည့္ (၉)ရက္တာ ကာလအတြင္း က်ပ္သိန္း(၃၂၀)၀န္းက်င္ ရရွိ
စက်တင်ဘာ 5, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၏ ရခိုင္ျပည္နယ္ေျမာက္ျခမ္းအတြက္ ကူညီေထာက္ပံ့ေရး ေကာ္မတီမွ အလွဴခံဌာန စတင္ဖြင့္လွစ္သည့္ ၾသဂုတ္လ(၂၈)ရက္ေန႔မွစ၍ စက္တင္ဘာလ(၅)ရက္ေန႔အထိ စုေပါင္း မတည္အလွဴေငြႏွင့္ ေစတနာရွင္မ်ား၏ လာေရာက္လွဴဒါန္းေငြ စုစုေပါင္းက်ပ္သိန္း(၃၂၀)၀န္းက်င္ ရရွိထားၿပီ ျဖစ္ေၾကာင္း သိရသည္။

စက္တင္ဘာလ(၅)ရက္ေန႔ တြင္ ေစတနာရွင္မ်ားမွ လာေရာက္လွဴဒါန္းလာၾကရာ က်ပ္ေငြ(၁၅၀၈၅၀၀) ႏွင့္ ထိုင္းဘတ္ေငြ (၁၈၆၅)ဘတ္ရရွိရာ အလွဴခံဌာနဖြင့္လွစ္သည့္ (၉)ရက္တာ ကာလအတြင္း က်ပ္သိန္း(၃၂၀)၀န္းက်င္ ရရွိထားၿပီျဖစ္ေၾကာင္း သိရွိရသည္။

အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္သမားမ်ားႏွင့္ ARSA တို႔ တုိက္ခုိက္ခံေနရသည့္ ရခုိင္ျပည္နယ္အတြင္းမွ ေဒသခံျပည္သူမ်ား၊ ႏုိင္ငံ့ဝန္ထမ္းမ်ားႏွင့္ တပ္မေတာ္သားမ်ားအား ေထာက္ပံ့ေပးႏိုင္ရန္အတြက္ တာခ်ီလိတ္ၿမိဳ႕၏ ရခိုင္ျပည္နယ္ ကူညီေထာက္ပံ့ေရး ေကာ္မတီအား ၾသဂုတ္လ (၂၇)ရက္ေန႔က ဖြဲ႕စည္းလိုက္ၿပီး ၾသဂုတ္လ (၂၈)ရက္ေန႔က စတင္ကာ နံနက္ (၈)နာရီမွ ညေန(၅)နာရီအထိ ေန႔စဥ္ တာခ်ီလိတ္ၿမိဳ႕ ဗယ္လင္တိုင္း ကေဖးႏွင့္အေအး စားေသာက္ဆိုင္တြင္ အလွဴခံဌာန ဖြင့္လွစ္ထားျခင္း ျဖစ္ေၾကာင္းႏွင့္ ဗယ္လင္တိုင္း ကေဖးႏွင့္အေအး(စားေသာက္ဆိုင္)ကလည္း အလွဴခံသည့္ကာလအတြင္း ေကာ္မတီဝင္မ်ားႏွင့္ လာေရာက္လွဴဒါန္းသူမ်ားကို ဧည့္ခံ ေကြ်းေမြးမႈမ်ားျဖင့္လည္း ဒါနျပဳထားေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္၏ ရခိုင္ျပည္နယ္ေျမာက္ျခမ္းအတြက္ ကူညီေထာက္ပံ့ေရး ေကာ္မတီမွ ရခိုင္ျပည္နယ္အစိုးရအဖြဲ႔ႏွင့္ ခ်ိတ္ဆက္၍ က်ပ္သိန္း(၁၀၀) အပါအ၀င္ က်ပ္သိန္း(၁၀၂)သိန္းေက်ာ္ တန္ဖိုးရွိသည့္ ဆန္ ႏွင့္ ဆီတို႔ကိုလည္း ေပးပို႔လွဴဒါန္းထားရွိၿပီး အလွဴခံဌာနအား စက္တင္ဘာလ(၇)ရက္ေန႔အထိ ဆက္လက္ဖြင့္လွစ္ကာ ေကာက္ခံၿပီး ေပးပို႔လွဴဒါန္းသြားမည္ျဖစ္ေၾကာင္း သိရသည္။




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၏ ရခိုင်ပြည်နယ်မြောက်ခြမ်းအတွက် ကူညီထောက်ပံ့ရေး ကော်မတီမှ အလှူခံဌာန စတင်ဖွင့်လှစ်သည့် သြဂုတ်လ(၂၈)ရက်နေ့မှစ၍ စက်တင်ဘာလ(၅)ရက်နေ့အထိ စုပေါင်း မတည်အလှူငွေနှင့် စေတနာရှင်များ၏ လာရောက်လှူဒါန်းငွေ စုစုပေါင်းကျပ်သိန်း(၃၂၀)ဝန်းကျင် ရရှိထားပြီ ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ(၅)ရက်နေ့ တွင် စေတနာရှင်များမှ လာရောက်လှူဒါန်းလာကြရာ ကျပ်ငွေ(၁၅၀၈၅၀၀) နှင့် ထိုင်းဘတ်ငွေ (၁၈၆၅)ဘတ်ရရှိရာ အလှူခံဌာနဖွင့်လှစ်သည့် (၉)ရက်တာ ကာလအတွင်း ကျပ်သိန်း(၃၂၀)ဝန်းကျင် ရရှိထားပြီဖြစ်ကြောင်း သိရှိရသည်။

အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများနှင့် ARSA တို့ တိုက်ခိုက်ခံနေရသည့် ရခိုင်ပြည်နယ်အတွင်းမှ ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်သားများအား ထောက်ပံ့ပေးနိုင်ရန်အတွက် တာချီလိတ်မြို့၏ ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေး ကော်မတီအား သြဂုတ်လ (၂၇)ရက်နေ့က ဖွဲ့စည်းလိုက်ပြီး သြဂုတ်လ (၂၈)ရက်နေ့က စတင်ကာ နံနက် (၈)နာရီမှ ညနေ(၅)နာရီအထိ နေ့စဉ် တာချီလိတ်မြို့ ဗယ်လင်တိုင်း ကဖေးနှင့်အအေး စားသောက်ဆိုင်တွင် အလှူခံဌာန ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်းနှင့် ဗယ်လင်တိုင်း ကဖေးနှင့်အအေး(စားသောက်ဆိုင်)ကလည်း အလှူခံသည့်ကာလအတွင်း ကော်မတီဝင်များနှင့် လာရောက်လှူဒါန်းသူများကို ဧည့်ခံ ကျွေးမွေးမှုများဖြင့်လည်း ဒါနပြုထားကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၏ ရခိုင်ပြည်နယ်မြောက်ခြမ်းအတွက် ကူညီထောက်ပံ့ရေး ကော်မတီမှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ချိတ်ဆက်၍ ကျပ်သိန်း(၁၀၀) အပါအဝင် ကျပ်သိန်း(၁၀၂)သိန်းကျော် တန်ဖိုးရှိသည့် ဆန် နှင့် ဆီတို့ကိုလည်း ပေးပို့လှူဒါန်းထားရှိပြီး အလှူခံဌာနအား စက်တင်ဘာလ(၇)ရက်နေ့အထိ ဆက်လက်ဖွင့်လှစ်ကာ ကောက်ခံပြီး ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~