တာချီလိတ်မှ စေတနာရှင်များ လှူဒါန်းထားသည့် ကျပ်(၁၀၂)သိန်းကျော် တန်ဖိုးရှိ ဆန်၊ဆီ အပါအ၀င် ငွေသား ကျပ်သိန်း(၁၀၀)တိတိ ရခိုင်ပြည်နယ်အစိုးရထံသို့ ရောက်ရှိ လှူဒါန်း
တာချီလိတ်မှ စေတနာရှင်များ လှူဒါန်းထားသည့် ကျပ်(၁၀၂)သိန်းကျော် တန်ဖိုးရှိ ဆန်၊ဆီ အပါအ၀င် ငွေသား ကျပ်သိန်း(၁၀၀)တိတိ ရခိုင်ပြည်နယ်အစိုးရထံသို့ ရောက်ရှိ လှူဒါန်း
စကျတငျဘာ 2, 2017
By Tachileik News Agency
အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများနှင့် ARSA တို့ တိုက်ခိုက်ခံနေရသည့် ရခိုင်ပြည်နယ်အတွင်းမှ ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်သားများအား ထောက်ပံ့ပေးနိုင်ရန်အတွက် တာချီလိတ်မြို့၏ ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေး ကော်မတီအား သြဂုတ်လ (၂၇)ရက်နေ့က ဖွဲ့စည်းလိုက်ပြီး သြဂုတ်လ (၂၈)ရက်နေ့က စတင်ကာ နံနက် (၈)နာရီမှ ညနေ(၅)နာရီအထိ နေ့စဉ် တာချီလိတ်မြို့ ဗယ်လင်တိုင်း ကဖေးနှင့်အအေး စားသောက်ဆိုင်တွင် အလှူခံဌာန ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်းနှင့် ဗယ်လင်တိုင်း ကဖေးနှင့်အအေး(စားသောက်ဆိုင်)ကလည်း အလှူခံသည့်ကာလအတွင်း ကော်မတီဝင်များနှင့် လာရောက်လှူဒါန်းသူများကို ဧည့်ခံ ကျွေးမွေးမှုများ ဖြင့်လည်း ဒါနပြုထားကြောင်း သိရသည်။
တာချီလိတ်မြို့ရှိ ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေး ကော်မတီ၏ အလှူခံမဏ္ဍပ်သို့ စက်တင်ဘာလ(၂)ရက်နေ့တွင် အလှူရှင် (၁၄)ဦးမှ လာရောက်လှူဒါန်းလာရာတွင် ကျပ်ငွေ( ၁၀၃၁၆၀၈)ကျပ် နှင့် ထိုင်းဘတ်ငွေ (၂၀၈၀)ဘတ် အပါအ၀င် ဖုန်းငွေဖြည့်ကတ်များလည်း လှူဒါန်း လာကြောင်း နှင့် စတင် အလှူခံသည့်နေ့မှ စ၍ စက်တင်ဘာလ(၂)ရက်နေ့အထိ မတည်အလှူငွေနှင့် စေတနာရှင်များ၏ လာရောက် လှူဒါန်းငွေ စုစုပေါင်းကျပ်သိန်း(၂၉၀)ကျော် ရရှိထားပြီး၊ ကျပ်(၂၀၂)သိန်းအား လှူဒါန်းထားရှိပြီးဖြစ်ကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ~~~~~~~~
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက် လုပ်ရပ်များကြောင့် နေရပ်စွန့်ခွာရသူများအတွက် တာချီလိတ်နေ စေတနာရှင်များမှ စုပေါင်း၍ လှူဒါန်းလာမှု များထဲက နှစ်ကြိမ်တိတိ လှူဒါန်းထားသည့် ဆန်၊ ဆီများ နှင့် ငွေသားများကို စက်တင်ဘာလ (၂)ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံ ပေးအပ်လှူဒါန်းရ အစိုးရအဖွဲ့မှ လက်ခံရရှိပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည် ပေးအပ်လာကြောင်း သိရသည်။
တာချီလိတ်မှ စေတနာရှင်များ ပေးပို့လှူဒါန်းသည့် ကျပ်(၁၀၂)သိန်းကျော် တန်ဖိုးရှိ ဆန်အိတ်(၄၀၀)၊ စားသုံးဆီ ဒါဇင် (၁၅၀) နှင့် ငွေကျပ်သိန်း(၁၀၀)တို့အား တာချီလိတ်မှ စေတနာရှင်များကိုယ်စား တာချီလိတ်တွင် ယခင်က တာဝန်ထမ်းဆောင်ခဲ့သည့် တာချီလိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ချောစုဝင်း နှင့် တာချီလိတ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါ်ရွှေမိုးသူဇာတို့မှ သွားရောက် လှူဒါန်းပေးရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဥပဒေချုပ် ဦးကျော်လှထွန်း၊စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်၊ လျှပ်စစ်-စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ အပါအဝင် ရခိုင်ပြည်နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်လတ်တို့က လက်ခံရယူ ပေးပြီးနောက် ဂုဏ်ပြု မှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ကြောင်း သိရသည်။
"ကျွန်တော်တို့ ကျပ်(၁၀၂)သိန်းကျော် တန်ဖိုးရှိတဲ့ ဆန်အိတ်(၄၀ဝ)၊ ဆီ ဒါဇင်(၁၅၀)က အိမ်ထောင်စု (၁၈၀၀)အတွက်ပါ တစ်အိမ်ထောင်စုကို ဆန်(၆)ပြည် နဲ့ ဆီ(၁)လီတာစီ ရရှိမှာ ဖြစ်ပါတယ်၊ အဲ့ဒီအပြင် ငွေသားသီးသန့် ကျပ်သိန်း(၁၀၀)ကိုလည်း ပေးပို့ လှူဒါန်းထားပြီးဖြစ်ပါတယ်။ လှူလိုက်တဲ့ ဆန်နဲ့ ဆီနဲ့က ဟိုမှာပဲ ဝယ်ပါတယ်။ တာချီလိတ်ကနေ ပို့မယ်ဆိုရင် အဆင်မပြေနိုင်သလို ကုန်ကျမှုတွေလည်းများမှာ ဖြစ်တဲ့ အတွက် ဆန်၊ ဆီ အတွက် ကျပ်(၁၀၂)သိန်းကျော်ကို ပေးပို့ပြီး အခုလို လှူဒါန်းလိုက်တာဖြစ်ပါတယ်။ ကျွန်တော်တို့ ကော်မတီအနေနဲ့ စေတနာရှင်များ လှူဒါန်းတဲ့ အထဲက ကျပ်သိန်း (၂၀၂)သိန်းကျော်ဖိုး သုံးစွဲ လှူဒါန်းပေးပြီးဖြစ်ပါတယ်၊ ဆက်လက်ပြီးတော့ အခုလို ခွဲပြီး ပေးပို့ လှူဒါန်းသွားမှာပါ"ဟု တာချီလိတ်မြို့၏ ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေး ကော်မတီ ဥက္ကဌ ဦးအောင်ဖြိုးရှိန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
"ကျွန်တော်တို့ ကော်မတီဖွဲ့ထားတဲ့အထဲမှာ တိုင်းရင်းသားယဉ်ကျေးမှု အသင်းအဖွဲ့တွေ၊ လူမှုရေးအသင်းအဖွဲ့တွေပါ ပါတယ်။ အားလုံးပဲ စည်းစည်းလုံးလုံးနဲ့ ဆောင်ရွက်နကြေတာပါ၊ ကော်မတီထဲမှာ ပါတဲ့ အဖွဲ့တွေအနေနဲ့ တစ်ရက်ကို အလှည့်ကျ အဖွဲ့လေးတွေ ခွဲပြီး အလှူခံဌာနမှ ထိုင်ပြီး အလှူငွေတွေကို စနစ်တကျ လက်ခံပေးပါတယ်၊ အလှူခံဌာနရဲ့ နောက်ဆုံး သတ်မှတ်ရက်ကတော့ စက်တင်ဘာလ(၇)ရက်နေ့အထိ သတ်မှတ်ထားပါတယ်၊ စုစုပေါင်းဆို (၁၁)ရက်ပါ။ ဆက်လက်ပြီး
ဗယ်လင်တိုင်း ကဖေး နဲ့ အအေး စားသောက်ဆိုင်မှာ ဖွင့်လှစ်ထားတဲ့ အလှူခံဌာနမှာ လာရောက် လှူဒါန်းနိုင်ပါတယ်၊ တတ်နိုင်တဲ့ ဖက်က ပါဝင်လှူဒါန်းပေးသူများကို ကျေးဇူးအထူးတင်ပါကြောင်း ပြောလိုပါတယ်ခင်ဗျာ"ဟု တာချီလိတ်မြို့၏ ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေး ကော်မတီ ဥက္ကဌ ဦးအောင်ဖြိုးရှိန်က ပြောသည်။
"ကျွန်တော်တို့ ကော်မတီဖွဲ့ထားတဲ့အထဲမှာ တိုင်းရင်းသားယဉ်ကျေးမှု အသင်းအဖွဲ့တွေ၊ လူမှုရေးအသင်းအဖွဲ့တွေပါ ပါတယ်။ အားလုံးပဲ စည်းစည်းလုံးလုံးနဲ့ ဆောင်ရွက်နကြေတာပါ၊ ကော်မတီထဲမှာ ပါတဲ့ အဖွဲ့တွေအနေနဲ့ တစ်ရက်ကို အလှည့်ကျ အဖွဲ့လေးတွေ ခွဲပြီး အလှူခံဌာနမှ ထိုင်ပြီး အလှူငွေတွေကို စနစ်တကျ လက်ခံပေးပါတယ်၊ အလှူခံဌာနရဲ့ နောက်ဆုံး သတ်မှတ်ရက်ကတော့ သြဂုတ်လ(၇)ရက်နေ့အထိ သတ်မှတ်ထားပါတယ်၊ စုစုပေါင်းဆို (၁၁)ရက်ပါ။ ဆက်လက်ပြီး
ဗယ်လင်တိုင်း ကဖေး နဲ့ အအေး စားသောက်ဆိုင်မှာ ဖွင့်လှစ်ထားတဲ့ အလှူခံဌာနမှာ လာရောက် လှူဒါန်းနိုင်ပါတယ်၊ တတ်နိုင်တဲ့ ဖက်က ပါဝင်လှူဒါန်းပေးသူများကို ကျေးဇူးအထူးတင်ပါကြောင်း ပြောလိုပါတယ်ခင်ဗျာ"ဟု တာချီလိတ်မြို့၏ ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေး ကော်မတီ ဥက္ကဌ ဦးအောင်ဖြိုးရှိန်က ပြောသည်။
ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက်မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ( CNCMC )မှလည်း ကျပ်(၉)သိန်းတန်ဖိုးရှိ ငါးပိကြော်အထုပ်(၁၀၀၀)အား ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(စစ်တွေ)မှတစ်ဆင့် ပေးပို့လှူဒါန်းခဲ့ပြီးကြောင်း သိရသည်။
တာချီလိတ်မြို့ရှိ ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေး ကော်မတီ၏ အလှူခံမဏ္ဍပ်သို့ စက်တင်ဘာလ(၂)ရက်နေ့တွင် အလှူရှင် (၁၄)ဦးမှ လာရောက်လှူဒါန်းလာရာတွင် ကျပ်ငွေ( ၁၀၃၁၆၀၈)ကျပ် နှင့် ထိုင်းဘတ်ငွေ (၂၀၈၀)ဘတ် အပါအဝင် ဖုန်းငွဖြေည့်ကတ်များလည်း လှူဒါန်း လာကြောင်း နှင့် စတင် အလှူခံသည့်နေ့မှ စ၍ စက်တင်ဘာလ(၂)ရက်နေ့အထိ မတည်အလှူငွေနှင့် စေတနာရှင်များ၏ လာရောက် လှူဒါန်းငွေ စုစုပေါင်းကျပ်သိန်း(၂၉၀)ကျော် ရရှိထားပြီး၊ ကျပ်(၂၀၂)သိန်းအား လှူဒါန်းထားရှိပြီးဖြစ်ကြောင်း သိရသည်။
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~