တာချီလိတ်တွင် ဆိုင်ကယ်စီး ဦးထုပ်မဆောင်းသူများအား စစ်ဆေးအရေးယူ

တာချီလိတ်တွင် ဆိုင်ကယ်စီး ဦးထုပ်မဆောင်းသူများအား စစ်ဆေးအရေးယူ
စကျတငျဘာ 14, 2017
By Tachileik News Agency






~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့တွင် အမှတ်(၁၉)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(ရှမ်း/အရှေ့) ကွပ်ကဲမှုအောက်ရှိ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းသူများအား စစ်ဆေး အရေးယူမှုကို ၂၀၁၇ခုနှစ် စက်တင်ဘာလ(၁၄)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ပြုလုပ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုများနှင့် ယာဉ်အန္တရာယ်များ ဖြစ်ပွားသည့်အခါတွင် ဦးခေါင်းဒဏ်ရာများ မရရှိစေရေးနှင့် မလိုလားအပ်သည်များ မဖြစ်ပေါ်စေရန်အပြင် ဆိုင်ကယ်မောင်းသူတိုင်း ယာဉ်/လမ်း စည်းကမ်း သိရှိနိုင်ရန်အတွက် ယခုလို စစ်ဆေးမှုများကို တာချီလိတ်မြို့ပေါ် နှင့် လမ်းကြားများတွင်လည်း ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - #အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~