နောင်ချိုမူးယစ်မှုမှ ကွင်းဆက်ဖြစ်သည့် ကျောက်မဲနေအိမ်အားရှာဖွေရာ မူးယစ်ဆေးနှင့် လူငယ်နှစ်ဦး ဖမ်းဆီးရမိပြီး နေအိမ်ပိုင်ရှင်ထွက်ပြေးတိမ်းရှောင်နေ

နောင်ချိုမူးယစ်မှုမှ ကွင်းဆက်ဖြစ်သည့် ကျောက်မဲနေအိမ်အားရှာဖွေရာ မူးယစ်ဆေးနှင့် လူငယ်နှစ်ဦး ဖမ်းဆီးရမိပြီး နေအိမ်ပိုင်ရှင်ထွက်ပြေးတိမ်းရှောင်နေ
သြဂုတ် 21, 2017
By Tachileik News Agency


ကျောက်မဲမြို့ ရပ်ကွက် (၇)၊ နယ်မြေ (၈)ရှိ နေအိမ်အား သြဂုတ်လ (၂၀)ရက်နေ့ ညနေ (၂)နာရီ (၅၀)မိနစ်တွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များနှင့် သက်သေများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေရာ ရဲတပ်ဖွဲ့က အလိုရှိနေသည့် နေအိမ်ပိုင်ရှင် ထွန်းထွန်းလှိုင် (ခ) အားတီမှာ ထွက်ပြေးတိမ်းရှောင်နေပြီး အဆိုပါ နေအိမ်တွင် ရောက်နေသည့် လူငယ်နှစ်ဦးနှင့် ၎င်းတို့အနီးတွင် WY စာတမ်းပါ စိတ်ကြွဆေးပြား (၅၂)ပြား၊ ဘိန်းဖြူ(၀.၇)ဂရမ်ခန့်နှင့် ပိုက်အတွင်းထည့်ထားသည့် ဘိန်းဖြူ(၀.၀၀၂)ဂရမ်ခန့်၊ မူးယစ်ဆေးသုံးစွဲရာတွင် အသုံးပြုသည့်ပစ္စည်းများကို သိမ်းဆည်းရမိကြောင်း သိရသည်။


သတင်း - နေဖြိုးမြင့်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့တွင် ဖမ်းဆီးရမိထားသည့် မူးယစ်အမှုမှ ဆက်စပ်သူ၏ ကျောက်မဲမြို့ နေအိမ်အား သြဂုတ်လ (၂၀)ရက်နေ့က နောင်ချိုနှင့် ကျောက်မဲမှ သက်ဆိုင်ရာ ရဲတပ်ဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေရာ နေအိမ်ပိုင်ရှင်မှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

ကျောက်မဲမြို့ ရပ်ကွက် (၇)၊ နယ်မြေ (၈)ရှိ နေအိမ်အား သြဂုတ်လ (၂၀)ရက်နေ့ ညနေ (၂)နာရီ (၅၀)မိနစ်တွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များနှင့် သက်သေများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေရာ ရဲတပ်ဖွဲ့က အလိုရှိနေသည့် နေအိမ်ပိုင်ရှင် ထွန်းထွန်းလှိုင် (ခ) အားတီမှာ ထွက်ပြေးတိမ်းရှောင်နပြေီး အဆိုပါ နေအိမ်တွင် ရောက်နေသည့် လူငယ်နှစ်ဦးနှင့်၎င်းတို့အနီးတွင် WY စာတမ်းပါ စိတ်ကြွဆေးပြား (၅၂)ပြား၊ ဘိန်းဖြူ(ဝ.၇)ဂရမ်ခန့်နှင့် ပိုက်အတွင်းထည့်ထားသည့် ဘိန်းဖြူ(ဝ.ဝဝ၂)ဂရမ်ခန့်၊ မူးယစ်ဆေးသုံးစွဲရာတွင် အသုံးပြုသည့်ပစ္စည်းများကို သိမ်းဆည်းရမိကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၂၉)နှစ်နှင့် (၂၅)နှစ်အရွယ် လူငယ်နှစ်ဦးနှင့် ထွက်ပြေးတိမ်းရှောင်နေသည့် ထွန်းထွန်းလှိုင် (ခ) အားတီတို့အား ကျောက်မဲမြို့မရဲစခန်းတွင် မယ(ပ)၂၁/ ၂၀၁၇ မူး/စိတ်ပုဒ်မ ၁၅/၁၉ (က)/ ၂၀(က)/၂၁ အရအမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~