တာခ်ီလိတ္ၿမိဳ႕တြင္ ရွမ္းရိုးရာ မဟာေ၀သႏၲရာဇာတ္ေတာ္ ရြတ္ဖတ္ပူေဇာ္ပြဲမ်ား စတင္

တာခ်ီလိတ္ၿမိဳ႕တြင္ ရွမ္းရိုးရာ မဟာေ၀သႏၲရာဇာတ္ေတာ္ ရြတ္ဖတ္ပူေဇာ္ပြဲမ်ား စတင္
သြဂုတ် 25, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕တြင္ ရွမ္းရိုးရာ မဟာေ၀သႏၲရာဇာတ္ေတာ္ ရြတ္ဖတ္ ပူေဇာ္ပြဲအား၂၀၁၇ခုႏွစ္ ၾသဂုတ္လ(၂၅)ရက္ေန႔က စတင္၍ ၿမိဳ႕ေပၚ ရွမ္းဘုန္းႀကီးေက်ာင္းမ်ားတြင္ အလွည့္က် က်င္းပ ျပဳလုပ္ ေနလ်က္ရွိေၾကာင္း သိရသည္။

ၾသဂုတ္လ(၂၅)ရက္ေန႔မွ စတင္၍ ၾသဂုတ္လ(၂၉)ရက္ေန႔အထိ တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္အတြင္းရွိ သီရိမဂၤလာဆန္ဆိုင္းေက်ာင္းတိုက္တြင္ က်င္းပျပဳလုပ္ေနလ်က္ရွိေၾကာင္းႏွင့္ ပြဲေတာ္အတြင္း ရိုးရာပစၥည္းမ်ား၊ အစားအစာမ်ား ေရာင္းခ်ထားရွိၿပီး ၾသဂုတ္လ(၂၇)ႏွင့္ (၂၈)ရက္ေန႔ ညပိုင္း၌ ရိုးရာမီးရွဴးမီးပန္းႀကီးမ်ားျဖင့္လည္း ပူေဇာ္ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေက်ာင္းတိုက္အၿပီး ၾသဂုတ္လ(၃၁)ရက္ေန႔မွ စက္တင္ဘာလ(၅)ရက္ေန႔အထိ တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္အတြင္းရွိ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတိုက္တြင္ က်င္းပျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့တွင် ရှမ်းရိုးရာ မဟောဝသန္တရာဇာတ်တော် ရွတ်ဖတ် ပူဇော်ပွဲအား၂၀၁၇ခုနှစ် သြဂုတ်လ(၂၅)ရက်နေ့က စတင်၍ မြို့ပေါ် ရှမ်းဘုန်းကြီးကျောင်းများတွင် အလှည့်ကျ ကျင်းပ ပြုလုပ် နေလျက်ရှိကြောင်း သိရသည်။

သြဂုတ်လ(၂၅)ရက်နေ့မှ စတင်၍ သြဂုတ်လ(၂၉)ရက်နေ့အထိ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်တွင် ကျင်းပပြုလုပ်နေလျက်ရှိကြောင်းနှင့် ပွဲတော်အတွင်း ရိုးရာပစ္စည်းများ၊ အစားအစာများ ရောင်းချထားရှိပြီး သြဂုတ်လ(၂၇)နှင့် (၂၈)ရက်နေ့ ညပိုင်း၌ ရိုးရာမီးရှူးမီးပန်းကြီးများဖြင့်လည်း ပူဇော်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းတိုက်အပြီး သြဂုတ်လ(၃၁)ရက်နေ့မှ စက်တင်ဘာလ(၅)ရက်နေ့အထိ တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်းရှိ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~