တာချီလိတ် - မယ်ဆိုင် တွင် ရေကြီးရေလျှံ၍ နှစ်ဖက် တာဝန်ရှိသူများ ကြည့်ရှု

တာချီလိတ် - မယ်ဆိုင် တွင် ရေကြီးရေလျှံ၍ နှစ်ဖက် တာဝန်ရှိသူများ ကြည့်ရှု
သွဂုတျ 18, 2017
By Tachileik News Agency

မြန်မာ - ထိုင်း နယ်စပ်၊ တာချီလိတ် - မယ်ဆိုင် အကြားရှိ မယ်ဆိုင်ချောင်းမှ တဆင့် ၂၀၁၇ခုနှစ် သြဂုတ်လ(၁၈)ရက်နေ့ နံနက်ပိုင်းစ၍ နေ့လယ်(၁)နာရီအချိန်အထိ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေဆဲဖြစ်၍ မြန်မာ ဘက်မှ တာဝန်ရှိသူများနှင့် ထိုင်းဘက်မှ တာဝန်ရှိသူများက တာချီလိတ်ရှိ တာလော့ဈေး နှင့် မယ်ဆိုင်ရှိ တံတားအနီးသို့ သွားရောက် ကြည့်ရှုခဲ့ကြသည်။

ရေကြီးရေလျှံမှု ဖြစ်ပွားရာ နေရာများသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး နှင့် အရာရှိ စစ်သည် တပ်မတော်သားများ၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်အဆင့် ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် မြို့နယ်အဆင့် ကော်မတီဝင်များ၊ ကြက်ခြေနီ နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ တာချီလိတ်မြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များ နှင့် ဒေသခံ ပြည်သူများ ပါဝင်ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ရေကြီးရေလျှံမှုကြောင့် နေအိမ်အတွင်း ရေများဝင်ရောက်လာပါက အိမ်သုံးလျှပ်စစ်မီးများနှင့် ပတ်သက်၍ အန္တရာယ်ကင်းရှင်းစေရန် မီးမိန်းများကို ချထားသင့်ကြောင်း၊ ရေနှင့်အတူ မျောပါလာတတ်ပြီး အန္တရာယ်ပြုတတ်သည့် သတ္တ၀ါများကိုလည်း သတိထားရန် လိုအပ်ကြောင်းနှင့် အရေးကြုံက ကူညီမှုများပေးနိုင်ရန် သက်ဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များမှ အသင့်ရှိနေကြောင်း သိရသည်။

ဓာတ်ပုံ - #အောင်ကျော်ဝင်းစိန်


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်း နယ်စပ်၊ တာချီလိတ် - မယ်ဆိုင် အကြားရှိ မယ်ဆိုင်ချောင်းမှ တဆင့် ၂၀၁၇ခုနှစ် သြဂုတ်လ(၁၈)ရက်နေ့ နံနက်ပိုင်းစ၍ နေ့လယ်(၁)နာရီအချိန်အထိ ရကြေီးရေလျှံမှု ဖြစ်ပေါ်နေဆဲဖြစ်၍ မြန်မာ ဘက်မှ တာဝန်ရှိသူများနှင့် ထိုင်းဘက်မှ တာဝန်ရှိသူများက တာချီလိတ်ရှိ တာလော့ဈေး နှင့် မယ်ဆိုင်ရှိ တံတားအနီးသို့ သွားရောက် ကြည့်ရှုခဲ့ကြသည်။

ရကြေီးရေလျှံမှု ဖြစ်ပွားရာ နေရာများသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး နှင့် အရာရှိ စစ်သည် တပ်မတော်သားများ၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်အဆင့် ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် မြို့နယ်အဆင့် ကော်မတီဝင်များ၊ ကြက်ခြေနီ နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ တာချီလိတ်မြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များ နှင့် ဒေသခံ ပြည်သူများ ပါဝင်ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ရကြေီးရေလျှံမှုကြောင့် နေအိမ်အတွင်း ရေများဝင်ရောက်လာပါက အိမ်သုံးလျှပ်စစ်မီးများနှင့် ပတ်သက်၍ အန္တရာယ်ကင်းရှင်းစေရန် မီးမိန်းများကို ချထားသင့်ကြောင်း၊ ရေနှင့်အတူ မျောပါလာတတ်ပြီး အန္တရာယ်ပြုတတ်သည့် သတ္တဝါများကိုလည်း သတိထားရန် လိုအပ်ကြောင်းနှင့် အရေးကြုံက ကူညီမှုများပေးနိုင်ရန် သက်ဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များမှ အသင့်ရှိနေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~