TNLA ေခၚေဆာင္သြားသည့္ မိုးမိတ္ေဒသ လြယ္ဆာရြာမွ ေဒသခံ ၁၈ ဦးအနက္ ၉ ဦးျပန္လြတ္လာ

TNLA ေခၚေဆာင္သြားသည့္ မိုးမိတ္ေဒသ လြယ္ဆာရြာမွ ေဒသခံ ၁၈ ဦးအနက္ ၉ ဦးျပန္လြတ္လာ
သြဂုတ် 7, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မိုးမိတ္ခရိုင္၊ မိုးမိတ္ၿမိဳ႕နယ္၊ လြယ္ဆာေက်းရြာမွ ေဒသခံ(၁၈)ဦးအား ၾသဂုတ္လ (၄) ရက္ေန႔တြင္ ဖမ္းဆီးေခၚေဆာင္္သြားၿပီး ၾသဂုတ္လ(၆)ရက္ေန႔ ညေနပိုင္းတြင္ (၉)ဦး ျပန္လႊတ္ေပးလုိက္သည့္ လက္နက္ကိုင္အဖြဲ႕မွာ TNLA ျဖစ္ေၾကာင္း သိရသည္ဟု မိုးမိတ္ရဲဌာနမွ အတည္ျပဳလိုက္သည္။

“သူတို႔ကေတာ့ ဒီလိုပဲ ရံဖန္ရံခါ အဲဒီလို ဆြဲသြားတတ္ပါတယ္။ အဲဒီေန႔က အေယာက္(၂၀)ပါသြားတယ္လို႔ သတင္းေတြ ထြက္ေပမယ့္ တကယ္ စိစစ္လိုက္တဲ့အခ်ိန္မွာ (၁၈)ေယာက္ကို ဖမ္းသြားတာ ေတြ႔ရပါတယ္။ ၾသဂုတ္(၆)ရက္ ညေန(၃)နာရီဝန္းက်င္ေလာက္မွာ (၉)ေယာက္ကိုျပန္လႊတ္ေပးလိုက္တယ္လို႔ သိရတယ္”ဟု မိုးမိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွ အရာရွိတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ၾသဂုတ္(၇)ရက္ နံနက္ပိုင္းတြင္ ေျပာသည္။

မိုးမိတ္ၿမိဳ႕ႏွင့္(၁၂)မိုင္ခန္႔ေဝးကြာသည့္ လြယ္ဆာေက်းရြာမွာ TNLA အဖြဲ႕ လႈပ္ရွားေလ့ရိွသည့္ နမၼတူ၊ မန္တံု ေဒသမ်ားအနီးတြင္ျဖစ္သျဖင့္ သြားေရာက္ စံုစမ္းစစ္ေဆးရန္ ခက္ခဲေနေၾကာင္း သိရသည္။

“ေလာေလာဆယ္သိရတာက သူတို႔ကို ဖမ္းသြားတဲ့အဖြဲ႔က မႏွိပ္စက္ဘူး။ ေငြေၾကးမေတာင္းခံဘူး။ ဒီတိုင္းပဲျပန္လႊတ္လိုက္တယ္ဆိုတာကိုပဲ ကြ်န္ေတာ္ တို႔ သိထားပါတယ္” ဟု အဆိုပါအရာရွိက ေျပာသည္။

မိုးမိတ္ေဒသအတြင္း ေဒသခံမ်ားအား လက္နက္ကိုင္အဖြဲ႔မွ ယခုကဲ့သို႔ ဖမ္းဆီးေခၚေဆာင္သြားမႈမ်ိဳးမွာ ရံဖန္ရံခါ ေတြ႔ႀကံဳရေလ့ရိွၿပီး က်န္ခဲ့သည့္ (၉)ဦးႏွင့္ပတ္သက္၍ သတင္းမရေသးေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်၊ လွယ်ဆာကျေးရွာမှ ဒေသခံ(၁၈)ဦးအား သြဂုတ်လ (၄) ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး သြဂုတ်လ(၆)ရက်နေ့ ညနေပိုင်းတွင် (၉)ဦး ပြန်လွှတ်ပေးလိုက်သည့် လက်နက်ကိုင်အဖွဲ့မှာ TNLA ဖြစ်ကြောင်း သိရသည်ဟု မိုးမိတ်ရဲဌာနမှ အတည်ပြုလိုက်သည်။

“သူတို့ကတော့ ဒီလိုပဲ ရံဖန်ရံခါ အဲဒီလို ဆွဲသွားတတ်ပါတယ်။ အဲဒီနေ့က အယောက်(၂၀)ပါသွားတယ်လို့ သတင်းတွေ ထွက်ပေမယ့် တကယ် စိစစ်လိုက်တဲ့အချိန်မှာ (၁၈)ယောက်ကို ဖမ်းသွားတာ တွေ့ရပါတယ်။ သြဂုတ်(၆)ရက် ညနေ(၃)နာရီဝန်းကျင်လောက်မှာ (၉)ယောက်ကိုပြန်လွှတ်ပေးလိုက်တယ်လို့ သိရတယ်”ဟု မိုးမိတ်မြို့နယ်ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီ သို့ သြဂုတ်(၇)ရက် နံနက်ပိုင်းတွင် ပြောသည်။

မိုးမိတ်မြို့နှင့်(၁၂)မိုင်ခန့်ဝေးကွာသည့် လွယ်ဆာကျေးရွာမှာ TNLA အဖွဲ့ လှုပ်ရှားလေ့ရှိသည့် နမ္မတူ၊ မန်တုံ ဒေသများအနီးတွင်ဖြစ်သဖြင့် သွားရောက် စုံစမ်းစစ်ဆေးရန် ခက်ခဲနေကြောင်း သိရသည်။

“လောလောဆယ်သိရတာက သူတို့ကို ဖမ်းသွားတဲ့အဖွဲ့က မနှိပ်စက်ဘူး။ ငွေကြေးမတောင်းခံဘူး။ ဒီတိုင်းပဲပြန်လွှတ်လိုက်တယ်ဆိုတာကိုပဲ ကျွန်တော် တို့ သိထားပါတယ်” ဟု အဆိုပါအရာရှိက ပြောသည်။

မိုးမိတ်ဒေသအတွင်း ဒေသခံများအား လက်နက်ကိုင်အဖွဲ့မှ ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားမှုမျိုးမှာ ရံဖန်ရံခါ တွေ့ကြုံရလေ့ရှိပြီး ကျန်ခဲ့သည့် (၉)ဦးနှင့်ပတ်သက်၍ သတင်းမရသေးကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~