လားရိႈးၿမိဳ႕နယ္အတြင္း ရပ္တန္႔ထားသည့္ ယာဥ္ႏွစ္စီးမွ တရားမဝင္သစ္ ၆ တန္ေက်ာ္အား ပိုင္ရွင္မဲ့ဖမ္းဆီးရမိ

လားရိႈးၿမိဳ႕နယ္အတြင္း ရပ္တန္႔ထားသည့္ ယာဥ္ႏွစ္စီးမွ တရားမဝင္သစ္ ၆ တန္ေက်ာ္အား ပိုင္ရွင္မဲ့ဖမ္းဆီးရမိ
သြဂုတ် 31, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕နယ္ ပုန္းထြန္ေက်းရြာႏွင့္ ေနာင္ကြဲေက်းရြာအနီးတို႔တြင္ ရပ္တန္႔ထားသည့္ ယာဥ္ႏွစ္စီးအား စစ္ေဆးရာမွ ပိေတာက္သစ္ ဓားေရြတုံး စုစုေပါင္း ( ၆.၅၃၂ ) တန္အား ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းရမိထားေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ကေတာ့ သစ္ေတာဌာနနဲ႔ ဖမ္းဆီးေရးဝင္ေနတဲ့အခ်ိန္ သတင္းရတာနဲ႔ လိုက္သြားခဲ့တာပါ။ သစ္တင္ (၁၂)ဘီးကား (၂) စီးကို ပိုင္ရွင္မဲ့အေနအထားနဲ႔ ဖမ္းဆီးရမိခဲ့တာျဖစ္ပါတယ္။ ဖမ္းမိတဲ့ေနရာက လားရိႈးၿမိဳ႕နယ္ထဲမွာျဖစ္တာေၾကာင့္ အနီးဆံုး ေနာင္မြန္ရဲစခန္းမွာ အမႈဖြင့္မယ္လို႔သိရပါတယ္။ သစ္ေတြကိုေတာ့ လားရိႈး သစ္ေတာဦးစီးဌာနကိုအပ္ထားပါတယ္”ဟု သီေပါၿမိဳ႕မရဲစခန္းမွ ရဲအုပ္ ရဲျမင့္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သစ္တင္ထားသည့္ကားမ်ားမွာ သီေပါၿမိဳ႕ရွိ Oriental Highway တိုးဂိတ္မ်ားအား အလစ္အငိုက္ဖမ္း၍ ျဖတ္သန္းသြားေၾကာင္း သတင္းရရိွၿပီးေနာက္ အဆုိပါကားႏွစ္စီးအား ၾသဂုတ္လ(၂၉)ရက္ေန႔ ညပိုင္းတြင္ စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

လားရိႈးၿမိဳ႕နယ္သစ္ေတာဦးစီးဌာန၊ သီေပါၿမိဳ႕နယ္သစ္ေတာဦးစီးဌာန၊ သစ္ေတာလံုၿခံဳေရးရဲတပ္ဖြဲ႔၊ လားရႈိးၿမိဳ႕ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ႏွင့္ ေနာင္မြန္နယ္ေျမရဲစခန္းမွ ရဲတပ္ဖြဲ႔တို႔ပါဝင္သည့္အဖြဲ႔သည္ ျပည္ေထာင္စုလမ္းမႀကီး မိုင္တိုင္အမွတ္ ( ၁၅၄/၄) ပုန္းထြန္ေက်းရြာအနီး၌ မသကၤာဖြယ္ရာ ရပ္တန္႔ထားသည့္ (၁၂)ဘီး အျပာေရာင္ယာဥ္ႏွင့္ မိုင္တိုင္အမွတ္ (၁၅၇/၀) ေနာင္ကြဲေက်းရြာအနီး၌ မသကၤာဖြယ္ရပ္တန္႔ထားသည့္ (၁၂)ဘီး အစိမ္းေရာင္ယာဥ္တို႔အား စစ္ေဆးရာမွ တရားမဝင္ တင္ေဆာင္ ထားသည့္ ပိေတာက္သစ္မ်ားအား ေတြ႔ရွိခဲ့ရျခင္းျဖစ္ေၾကာင္း သိရွိရသည္။

ဖမ္းဆီးရမိထားသည့္ ယာဥ္(၂)စီး၏ ယာဥ္ေမာင္း၊ ယာဥ္ေနာက္လိုက္၊ ယာဥ္ပိုင္ရွင္ႏွင့္ သစ္ပိုင္ရွင္တို႔အား ေဖာ္ထုတ္ဖမ္းဆီးအေရးယူႏိုင္ရန္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓာတ္ပံု #သစ္ေတာဦးစီးဌာန (လားရႈိး )


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် ပုန်းထွန်ကျေးရွာနှင့် နောင်ကွဲကျေးရွာအနီးတို့တွင် ရပ်တန့်ထားသည့် ယာဉ်နှစ်စီးအား စစ်ဆေးရာမှ ပိတောက်သစ် ဓားရွေတုံး စုစုပေါင်း ( ၆.၅၃၂ ) တန်အား ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိထားကြောင်း သိရသည်။

“ကျွန်တော်တို့ကတော့ သစ်တောဌာနနဲ့ ဖမ်းဆီးရေးဝင်နေတဲ့အချိန် သတင်းရတာနဲ့ လိုက်သွားခဲ့တာပါ။ သစ်တင် (၁၂)ဘီးကား (၂) စီးကို ပိုင်ရှင်မဲ့အနေအထားနဲ့ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ဖမ်းမိတဲ့နေရာက လားရှိုးမြို့နယ်ထဲမှာဖြစ်တာကြောင့် အနီးဆုံး နောင်မွန်ရဲစခန်းမှာ အမှုဖွင့်မယ်လို့သိရပါတယ်။ သစ်တွေကိုတော့ လားရှိုး သစ်တောဦးစီးဌာနကိုအပ်ထားပါတယ်”ဟု သီပေါမြို့မရဲစခန်းမှ ရဲအုပ် ရဲမြင့်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သစ်တင်ထားသည့်ကားများမှာ သီပေါမြို့ရှိ Oriental Highway တိုးဂိတ်များအား အလစ်အငိုက်ဖမ်း၍ ဖြတ်သန်းသွားကြောင်း သတင်းရရှိပြီးနောက် အဆိုပါကားနှစ်စီးအား သြဂုတ်လ(၂၉)ရက်နေ့ ညပိုင်းတွင် စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့နယ်သစ်တောဦးစီးဌာန၊ သီပေါမြို့နယ်သစ်တောဦးစီးဌာန၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့၊ လားရှိုးမြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် နောင်မွန်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့တို့ပါဝင်သည့်အဖွဲ့သည် ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ( ၁၅၄/၄) ပုန်းထွန်ကျေးရွာအနီး၌ မသင်္ကာဖွယ်ရာ ရပ်တန့်ထားသည့် (၁၂)ဘီး အပြာရောင်ယာဉ်နှင့် မိုင်တိုင်အမှတ် (၁၅၇/ဝ) နောင်ကွဲကျေးရွာအနီး၌ မသင်္ကာဖွယ်ရပ်တန့်ထားသည့် (၁၂)ဘီး အစိမ်းရောင်ယာဉ်တို့အား စစ်ဆေးရာမှ တရားမဝင် တင်ဆောင် ထားသည့် ပိတောက်သစ်များအား တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိထားသည့် ယာဉ်(၂)စီး၏ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ယာဉ်ပိုင်ရှင်နှင့် သစ်ပိုင်ရှင်တို့အား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ #သစ်တောဦးစီးဌာန (လားရှိုး )

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~