တာခ်ီလိတ္တြင္ ေပ်ာက္ဆံုးသြားသည့္ လိုင္စင္ရွိ ေမာ္ေတာ္ကားအား ငါးရက္အၾကာတြင္ ပိုင္ရွင္ထံ ဖုန္းျဖင့္ မက္ေဆ့(SMS)ပို႔၍ ျပန္ေပး

တာခ်ီလိတ္တြင္ ေပ်ာက္ဆံုးသြားသည့္ လိုင္စင္ရွိ ေမာ္ေတာ္ကားအား ငါးရက္အၾကာတြင္ ပိုင္ရွင္ထံ ဖုန္းျဖင့္ မက္ေဆ့(SMS)ပို႔၍ ျပန္ေပး
သြဂုတ် 18, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕ရွိ  ပါဆတ္ကားေလးကြင္းအနီး လူစည္ကားရာေနရာတြင္ ၾသဂုတ္လ (၁၄) ရက္ေန႔ ေန႔လယ္ပိုင္းကက ေစ်းဆင္းဝယ္စဥ္ ခိုးယူခံလိုက္ရသည့္ ကားအား ၾသဂုတ္လ (၁၈)ရက္ေန႔ နံနက္ ႏွစ္နာရီခြဲ၀န္းက်င္တြင္ ခိုးယူသူက မယ္ယန္းဂိတ္အနီး၌ ျပန္ထားေပးသြားၿပီး ပိုင္ရွင္ထံ ဖုန္းမက္ေဆ့(SMS)ပို႔၍ အေၾကာင္းၾကားေပးခဲ့ေၾကာင္း သိရသည္။

“ ည ႏွစ္နာရီခြဲေလာက္က ျပန္ရတယ္ခင္ဗ်။ မက္ေဆ့ပို႔လာတယ္ အစကေတာ့ (၂၁)ေခါက္ေလာက္ Question Mark (????)ေတြပို႔ၿပီး ေနာက္ေနတာ။ မက္ေဆ့ပို႔လိုက္။ ဖုန္းဆက္လုိက္နဲ႔ ဆယ္နာရီခြဲကေန အဲလိုလုပ္ေနတာ။ ကၽြန္ေတာ္လည္း ကားေပ်ာက္ေတာ့ စိတ္ညစ္ေနတာနဲ႔ ဘာမွလည္းမေျပာခ်င္တာနဲ႔ စာတစ္ေၾကာင္းပဲ ပို႔လုိက္တယ္။ ဘာေျပာခ်င္တာလဲေပါ့။ ေနာက္တစ္နာရီခြဲေလာက္က်ေတာ့ ေနာက္ထပ္ဖုန္းတစ္လံုးနဲ႔ ထပ္ေခၚျပန္ေရာ။ အဲဒီမွာ အသံပိတ္ၿပီးထားလုိက္တယ္။ တေရးႏိုး ထၾကည့္ေတာ့မွ မက္ေဆ့ပို႔ထားတာ ေတြ႔တယ္။ ကားကိုလာယူပါေပါ့။ မယ္ယန္းဂိတ္နားမွာထားမယ္။ ကားေသာ့ကို စပယ္ယာဘီးရဲ႕ အေပၚမွာ ခ်ိတ္ထားေပးတာေပါ့”ဟု ကားပိုင္ရွင္ ကိုေအာင္ေက်ာ္ခန္႔က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ေမာ္ေတာ္ယာဥ္မွာ ယာဥ္မွတ္ပံုတင္လုပ္ထားသည့္ယာဥ္ျဖစ္ၿပီး ယာဥ္ေပ်ာက္ဆံုးမႈနွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ အမႈဖြင့္ထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္ ဒီကိစၥအမႈဖြင့္ထားပါတယ္။ ကၽြန္ေတာ္ ဒီေန႔ကားရေတာ့ ရဲစခန္းကိုေမာင္းသြားၿပီး ရဲစခန္းမွာ မနက္မိုးလင္းထိ သူတို႔ေမးတာေတြ ေျဖၿပီးပါၿပီ။ ဒီေန႔ေတာ့ ေရႀကီးေနေတာ့ မနက္ျဖန္မွ ဆက္လုပ္ရမယ္”ဟု ကိုေအာင္ေက်ာ္ခန္႔က ေျပာသည္။

ၾသဂုတ္လ(၁၄)ရက္ေန႔ ေန႔လယ္(၂း၄၀)နာရီ၀န္းက်င္က တာခ်ီလိတ္ၿမိဳ႕ ပါဆတ္ကားေလးကြင္းအနီးရွိ ေရႊသရဖူမီနီမတ္တြင္ အေအးႏွင့္မုန္႔ ဆင္း၀ယ္စဥ္ ေမာ္ေတာ္ယာဥ္အား ေသာ့တန္းလန္းျဖင့္ စက္ႏွိဳး ထားခဲ့သည့္ ကားမွာ ငါးမိနစ္ခန္႔အတြင္း ေပ်ာက္ဆံုးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ပါဆတ်ကားလေးကွင်းအနီး လူစည်ကားရာနေရာတွင် သြဂုတ်လ (၁၄) ရက်နေ့ နေ့လယ်ပိုင်းကက ဈေးဆင်းဝယ်စဉ် ခိုးယူခံလိုက်ရသည့် ကားအား သြဂုတ်လ (၁၈)ရက်နေ့ နံနက် နှစ်နာရီခွဲဝန်းကျင်တွင် ခိုးယူသူက မယ်ယန်းဂိတ်အနီး၌ ပြန်ထားပေးသွားပြီး ပိုင်ရှင်ထံ ဖုန်းမက်ဆေ့(SMS)ပို့၍ အကြောင်းကြားပေးခဲ့ကြောင်း သိရသည်။

“ ည နှစ်နာရီခွဲလောက်က ပြန်ရတယ်ခင်ဗျ။ မက်ဆေ့ပို့လာတယ် အစကတော့ (၂၁)ခေါက်လောက် Question Mark (????)တွေပို့ပြီး နောက်နေတာ။ မက်ဆေ့ပို့လိုက်။ ဖုန်းဆက်လိုက်နဲ့ ဆယ်နာရီခွဲကနေ အဲလိုလုပ်နေတာ။ ကျွန်တော်လည်း ကားပျောက်တော့ စိတ်ညစ်နေတာနဲ့ ဘာမှလည်းမပြောချင်တာနဲ့ စာတစ်ကြောင်းပဲ ပို့လိုက်တယ်။ ဘာပြောချင်တာလဲပေါ့။ နောက်တစ်နာရီခွဲလောက်ကျတော့ နောက်ထပ်ဖုန်းတစ်လုံးနဲ့ ထပ်ခေါ်ပြန်ရော။ အဲဒီမှာ အသံပိတ်ပြီးထားလိုက်တယ်။ တရေးနိုး ထကြည့်တော့မှ မက်ဆေ့ပို့ထားတာ တွေ့တယ်။ ကားကိုလာယူပါပေါ့။ မယ်ယန်းဂိတ်နားမှာထားမယ်။ ကားသော့ကို စပယ်ယာဘီးရဲ့ အပေါ်မှာ ချိတ်ထားပေးတာပေါ့”ဟု ကားပိုင်ရှင် ကိုအောင်ကျော်ခန့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ မော်တော်ယာဉ်မှာ ယာဉ်မှတ်ပုံတင်လုပ်ထားသည့်ယာဉ်ဖြစ်ပြီး ယာဉ်ပျောက်ဆုံးမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့မ ရဲစခန်းတွင် အမှုဖွင့်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော် ဒီကိစ္စအမှုဖွင့်ထားပါတယ်။ ကျွန်တော် ဒီနေ့ကားရတော့ ရဲစခန်းကိုမောင်းသွားပြီး ရဲစခန်းမှာ မနက်မိုးလင်းထိ သူတို့မေးတာတွေ ဖြပြေီးပါပြီ။ ဒီနေ့တော့ ရကြေီးနေတော့ မနက်ဖြန်မှ ဆက်လုပ်ရမယ်”ဟု ကိုအောင်ကျော်ခန့်က ပြောသည်။

သြဂုတ်လ(၁၄)ရက်နေ့ နေ့လယ်(၂း၄၀)နာရီဝန်းကျင်က တာချီလိတ်မြို့ ပါဆတ်ကားလေးကွင်းအနီးရှိ ရွှေသရဖူမီနီမတ်တွင် အအေးနှင့်မုန့် ဆင်းဝယ်စဉ် မော်တော်ယာဉ်အား သော့တန်းလန်းဖြင့် စက်နှိုး ထားခဲ့သည့် ကားမှာ ငါးမိနစ်ခန့်အတွင်း ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~