ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌဖလား ပိုက္ေက်ာ္ျခင္းခတ္ၿပိဳင္ပြဲတြင္ ယခင္ႏွစ္ထက္ အလြတ္တန္းၿပိဳင္ပြဲဝင္ (၁)သင္းတိုးလာ

ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌဖလား ပိုက္ေက်ာ္ျခင္းခတ္ၿပိဳင္ပြဲတြင္ ယခင္ႏွစ္ထက္ အလြတ္တန္းၿပိဳင္ပြဲဝင္ (၁)သင္းတိုးလာ
သြဂုတ် 29, 2017
By Tachileik News Agency

တာခ်ီလိတ္ခရိုင္ စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌဖလား ပိုက္ေက်ာ္ျခင္းခတ္ၿပိဳင္ပြဲအား ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၾသဂုတ္လ (၂၉)ရက္ေန႔က စတင္ က်င္းပေနရာ အလြတ္တန္း(၁၅)သင္းနွင့္ လူသစ္တန္း (၁၂)သင္း ပါဝင္ယွဥ္ၿပိဳင္ေနေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ မိုးလံုေလလံု အားကစားရံုတြင္ ၾသဂုတ္လ (၃၁)ရက္ေန႔အထိ က်င္းပမည့္ အဆိုပါ ပိုက္ေက်ာ္ျခင္းခတ္ၿပိဳင္ပြဲ ဖြင့္ပြဲသို႔ တာခ်ီလိတ္ခရိုင္ စီမံခန္႔ခြဲမႈေကာ္မတီဥကၠဌ၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊႏွင့္ ခရိုင္စီမံခန္႔ခြဲမႈ ေကာ္မတီဝင္မ်ား၊ ၿမိဳ႕နယ္ စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ ဦးထြန္းဝင္းေအာင္ႏွင့္ ၿမိဳ႕နယ္ စီမံခန္႔ခြဲမႈေကာ္မတီဝင္မ်ား၊ ပိုက္ေက်ာ္ျခင္း ေကာ္မတီဝင္မ်ားႏွင့္ ၿပိဳင္ပြဲဝင္ အားကစားသမားမ်ား တက္ေရာက္ၾကသည္။

“လူသစ္တန္းနဲ႔ အလြတ္တန္း ႏွစ္မိ်ဳးခြဲထားတယ္။ လူသစ္တန္းကေတာ့ ေက်ာင္းသားေလးေတြ တစ္ခါမွ မခတ္ဖူးေသးတဲ့ ကေလးေတြေပ့ါ။ အေျခခံပညာ အလယ္တန္းအဆင့္က အနိမ့္ဆံုးေပါ့”ဟု ခရိုင္အားကစားႏွင့္ ကာယပညာဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေအးမင္းထြဋ္က တာခ်ီီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လူသစ္တန္းႏွင့္ အလြတ္တန္း ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲ အသီးအသီးအတြက္ ပထမႏွင့္ ဒုတိယႏွစ္သင္းစီ ဆု ခ်ီးျမႇင့္သြားမည္ျဖစ္ၿပီး ၂၀၁၆ ခုႏွစ္ ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီဥကၠဌဖလား ပိုုက္ေက်ာ္ျခင္းၿပိဳင္ပြဲတြင္ အလြတ္တန္း (၁၄)သင္း၊ လူသစ္တန္းတြင္ အေျခခံပညာေက်ာင္း (၉)ေက်ာင္းမွ အသင္း (၁၂)သင္း ပါဝင္ယွဥ္ၿပိဳင္ခဲ့ေၾကာင္း သိရသည္။

ဓာတ္ပံု - ေအာင္ေက်ာ္၀င္းစိန္


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌဖလား ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲအား ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် သြဂုတ်လ (၂၉)ရက်နေ့က စတင် ကျင်းပနေရာ အလွတ်တန်း(၁၅)သင်းနှင့် လူသစ်တန်း (၁၂)သင်း ပါဝင်ယှဉ်ပြိုင်နေကြောင်း သိရသည်။

တာချီလိတ်မြို့ မိုးလုံလေလုံ အားကစားရုံတွင် သြဂုတ်လ (၃၁)ရက်နေ့အထိ ကျင်းပမည့် အဆိုပါ ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ ဖွင့်ပွဲသို့ တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် ခရိုင်စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးထွန်းဝင်းအောင်နှင့် မြို့နယ် စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ပိုက်ကျော်ခြင်း ကော်မတီဝင်များနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။

“လူသစ်တန်းနဲ့ အလွတ်တန်း နှစ်မျိုးခွဲထားတယ်။ လူသစ်တန်းကတော့ ကျောင်းသားလေးတွေ တစ်ခါမှ မခတ်ဖူးသေးတဲ့ ကလေးတွေပေါ့။ အခြေခံပညာ အလယ်တန်းအဆင့်က အနိမ့်ဆုံးပေါ့”ဟု ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းထွဋ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လူသစ်တန်းနှင့် အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ အသီးအသီးအတွက် ပထမနှင့် ဒုတိယနှစ်သင်းစီ ဆု ချီးမြှင့်သွားမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အလွတ်တန်း (၁၄)သင်း၊ လူသစ်တန်းတွင် အခြေခံပညာကျောင်း (၉)ကျောင်းမှ အသင်း (၁၂)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~