ပိေတာက္သားသစ္ (၃) တန္ေက်ာ္သယ္ေဆာင္လာသည့္ယာဥ္အား ပူးေပါင္းအဖဲြ႕ျဖင့္ ဖမ္းဆီးရမိ

ပိေတာက္သားသစ္ (၃) တန္ေက်ာ္သယ္ေဆာင္လာသည့္ယာဥ္အား ပူးေပါင္းအဖဲြ႕ျဖင့္ ဖမ္းဆီးရမိ
သြဂုတ် 22, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး၊ မင္းဘူးခရိုင္၊ ငဖဲၿမိဳ႕နယ္ စာတတ္ကူစစ္ေဆးေရးဂိတ္၌ ၆ဘီးယာဥ္တစ္စီးတြင္ တရားမဝင္ တင္ေဆာင္လာသည့္ ပိေတာက္သစ္ (၃)တန္ေက်ာ္အား ၾသဂုတ္လ(၂၂)ရက္ေန႔ နံနက္ (၃)နာရီခြဲခန္႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။

"တရားမဝင္ ပိေတာက္သစ္ေတြ သယ္ေဆာင္ လာတဲ့ ယာဥ္ေမာင္း၊ ယာဥ္ေနာက္လိုက္နဲ ့ယာဥ္ပိုင္ရွင္တို ့ သံုးဦးကို ငဖဲၿမိဳ႕မရဲစခန္းမွာ အေရးယူေပးဖို ့ အမႈဖြင့္ေဆာင္ရြက္ထားပါတယ္"ဟု ငဖဲ ၿမိဳ႕့နယ္သစ္ေတာ ဦးစီးမွဴး ဦးေအာင္မင္းသူက တာခ်ီလိတ္သတင္းေအဂ်င္စီသို ့ေျပာသည္။

ပဒါန္းသစ္ေတာ ဘိနယ္တာဝန္ခံ၊ ေတာအုပ္ႏွင့္ ဂိတ္တာဝန္က်သစ္ေတာဝန္ထမ္းမ်ား၊ သစ္ေတာရဲအဖြဲ႔ႏွင့္ ငဖဲၿမိဳ႕မစခန္း ရဲတပ္ဖဲြ႕တို ့ပူးေပါင္းအဖဲြ ့သည္ စာတတ္ကူဂိတ္၌ တရားမဝင္သစ္ခိုးထုတ္မႈမ်ားကို ေစာင့္ၾကည့္ စစ္ေဆးေနစဥ္ မုန္႔ထုပ္မ်ားျဖင့္ဖံုးအုပ္၍ ပိေတာက္သစ္ခဲြသား(၂၇) တံုး (၃.၄၄၁၄)တန္ကို တရားမဝင္သယ္ေဆာင္လာသည့္ အဆိုပါ (၆) ဘီးယာဥ္အားစစ္ေဆးေတြ ့ရိွခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါသစ္မ်ား၏ပိုင္ရွင္ဟုဆိုသည့္ ဖမ္းဆီးရမိသည့္ေမာ္ေတာ္ယာဥ္ပိုင္ရွင္ႏွင့္ သစ္တင္ေဆာင္လာသည့္ ကားမွ ယာဥ္ေမာင္း၊ ယာဥ္ေနာက္လုိက္တုိ႔အား ငဖဲၿမိဳ႕မရဲစခန္းတြင္ (ပ)  ၁၇၉/၂၀၁၇၊ ျပည္သူပိုင္ ပစၥည္း ကာကြယ္ေရး ဥပေဒ ပုဒ္မ ၆(၁) ျဖင့္ အမႈဖြင့္ စစ္ေဆးအ ေရးယူ ေဆာင္ရြက္ထားေၾကာင္း ရဲစခန္း မွတ္တမ္းအရ သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စာတတ်ကူစစ်ဆေးရေးဂိတ်၌ ၆ဘီးယာဉ်တစ်စီးတွင် တရားမဝင် တင်ဆောင်လာသည့် ပိတောက်သစ် (၃)တန်ကျော်အား သြဂုတ်လ(၂၂)ရက်နေ့ နံနက် (၃)နာရီခွဲခန့်က ဖမ်းဆီးရမိကြောင်း သိရသည်။

"တရားမဝင် ပိတောက်သစ်တွေ သယ်ဆောင် လာတဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နဲ့ယာဉ်ပိုင်ရှင်တို့ သုံးဦးကို ငဖဲမြို့မရဲစခန်းမှာအရေးယူပေးဖို့ အမှုဖွင့်ဆောင်ရွက်ထားပါတယ်"ဟု ငဖဲ မြို့နယ်သစ်တော ဦးစီးမှူး ဦးအောင်မင်းသူက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ပဒါန်းသစ်တော ဘိနယ်တာဝန်ခံ၊ တောအုပ်နှင့် ဂိတ်တာဝန်ကျသစ်တောဝန်ထမ်းများ၊ သစ်တောရဲအဖွဲ့နှင့် ငဖဲမြို့မစခန်း ရဲတပ်ဖွဲ့တို့ပူးပေါင်းအဖွဲ့သည် စာတတ်ကူဂိတ်၌ တရားမဝင်သစ်ခိုးထုတ်မှုများကို စောင့်ကြည့် စစ်ဆေးနေစဉ် မုန့်ထုပ်များဖြင့်ဖုံးအုပ်၍ ပိတောက်သစ်ခွဲသား(၂၇) တုံး (၃.၄၄၁၄)တန်ကို တရားမဝင်သယ်ဆောင်လာသည့် အဆိုပါ (၆) ဘီးယာဉ်အားစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသစ်များ၏ပိုင်ရှင်ဟုဆိုသည့် ဖမ်းဆီးရမိသည့်မော်တော်ယာဉ်ပိုင်ရှင်နှင့် သစ်တင်ဆောင်လာသည့် ကားမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့အား ငဖဲမြို့မရဲစခန်းတွင် (ပ) ၁၇၉/၂၀၁၇၊ ပြည်သူပိုင် ပစ္စည်း ကာကွယ်ရေး ဥပဒေ ပုဒ်မ ၆(၁) ဖြင့် အမှုဖွင့် စစ်ဆေးအ ရေးယူ ဆောင်ရွက်ထားကြောင်း ရဲစခန်း မှတ်တမ်းအရ သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~