သီေပါၿမိဳ႕နယ္ နမ့္ပ်ဥ္ရြာအနီး ယာဥ္တုိက္မႈမွ လူနာအား ကားျဖင့္တင္သြားၿပီး လမ္းတြင္ ပစ္ထားခဲ့သည့္ အိမ္စီးကားအား ရဲတပ္ဖြဲ႕ရွာေဖြေန

သီေပါၿမိဳ႕နယ္ နမ့္ပ်ဥ္ရြာအနီး ယာဥ္တုိက္မႈမွ လူနာအား ကားျဖင့္တင္သြားၿပီး လမ္းတြင္ ပစ္ထားခဲ့သည့္ အိမ္စီးကားအား ရဲတပ္ဖြဲ႕ရွာေဖြေန
သြဂုတ် 27, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕နယ္ နမ့္ပ်ဥ္ေက်းရြာအနီးတြင္ ၾသဂုတ္လ(၂၆)ရက္ေန႔ ညေနပိုင္းက ဆိုင္ကယ္ တစ္စီးႏွင့္ အိမ္စီးကားတစ္စီး မေတာ္တဆမႈ ျဖစ္ပြားခဲ့ရာ ဆိုင္ကယ္သမားအား ကားျဖင့္ သယ္ေဆာင္သြားကာ အျခားတစ္ေနရာတြင္ ပစ္ခ်ထားခဲ့ၿပီး ေသဆံုးေနသည္ကို ေတြ႔ရသျဖင့္ အဆိုပါ ကားအား ရဲတပ္ဖြဲ႕ကရွာေဖြေနေၾကာင္း သိရသည္။

“အဓိက အဲဒီကားကို ေကာင္းေကာင္းမွတ္မိလိုက္တဲ့သူမရွိတဲ့အတြက္ ျဖစ္ႏိုင္ေခ်ရွိတာေတြကိုေတာ့ ရွာေဖြ စံုစမ္း မႈေတြ ျပဳလုပ္ေနပါတယ္။ လားရိႈးရဲတပ္ဖြဲ႔နဲ႔ မိုင္းရယ္ရဲတပ္ဖြဲ႔ေတြအထိ ခ်ိတ္ဆက္ၿပီးေတာ့ ရွာေဖြစံုစမ္းေနပါ တယ္”ဟု သီေပါၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ ရဲျမင့္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ေျပာသည္။

သီေပါၿမိဳ႕နယ္ ပန္မိတ္ေက်းရြာအုပ္စု နမ့္ပ်ဥ္ေက်းရြာအနီးတြင္ အသက္ (၃၀)ခန္႔ အမ်ိဳးသားတစ္ဦး စီးနင္းလာသည့္ ေမာ္ေတာ္ဆိုင္ကယ္ႏွင့္ အိမ္စီးကားတစ္စီးတိုက္မိခဲ့ရာ ဆိုင္ကယ္သမားအား ကားေပၚမွ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးတို႔က တင္ေဆာင္သြားခဲ့ၿပီး လမ္းတြင္ပစ္ထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ျမင္လိုက္တဲ့သူေတြက လူနာကို သီေပါေဆးရံုကိုပို႔တယ္ထင္လို႔ ဒီတိုင္းေနတာ။ သီေပါေဆးရံုလည္း မေရာက္လာ။ လားရႈိးေဆးရံုကို စံုစမ္းေတာ့လည္း မေရာက္တာကို သိရတယ္။ ဒီမနက္ ၾသဂုတ္(၂၇)ရက္ေန႔ မနက္က်မွ (၉)မိုင္ လမ္းခြဲနားမွာ ဆိုင္ကယ္သမားရဲ့အေလာင္းကို ျပန္ေတြ႔ရတာ။ သူ႔ကိုသယ္သြားတဲ့ အိမ္စီးကားနဲ႔ အမ်ိဳးသား တစ္ဦး၊ အမ်ိဳးသမီးတစ္ဦးကို ျမင္လိုက္တဲ့သူေတာ့ရွိတယ္”ဟု သီေပါၿမိဳ႕ရွိ နယ္စည္းမျခား ပရဟိတအသင္းမွ ကိုမ်ိဳး( One More )က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေသဆံုးသြားသည့္အမ်ိဳးသားမွာ သီေပါၿမိဳ႕နယ္ နမ့္ပ်ဥ္ေက်းရြာမွျဖစ္ၿပီး သီေပါၿမိဳ႕ ျပည္သူ႔ေဆးရံုသို႔ နယ္စည္းမျခားပရဟိတအသင္းက ၾသဂုတ္လ(၂၇)ရက္ နံနက္ပို္င္းတြင္ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

အဆိုပါ အမႈႏွင့္ပတ္သက္၍ သီေပါၿမိဳ႕မရဲတပ္ဖြဲ႔မွ ရွာေဖြစံုစမ္းမႈမ်ားျပဳလုပ္လ်က္ရွိၿပီး အျခားၿမိဳ႕နယ္မ်ားရွိ ရဲတပ္ဖြဲ႔မ်ားႏွင့္ခ်ိတ္ဆက္ကာ အျမန္ဆံုးဖမ္းဆီးရမိေရး ေဆာင္ရြက္လ်က္ရွိေၾကာင္း သီေပါၿမိဳ႕မရဲတပ္ဖြဲ႔မွ သိရသည္။

ကားေပၚပါ အမ်ိဳးသားတစ္ဦး ႏွင့္အမ်ိဳးသမီးတစ္ဦးက သယ္ေဆာင္သြားၿပီး အျခားတစ္ေနရာတြင္ ပစ္ခ်ထားခဲ့သည့္အတြက္ ဆိုင္ကယ္သမား ေသဆံုးသြားသျဖင့္ ျဖစ္စဥ္ပါ ကားႏွင့္က်ဴးလြန္သူမ်ားအား သီေပါရဲတပ္ဖြဲ႔မွ အပူတျပင္းရွာေဖြလ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓာတ္ပံု #နယ္စည္းမျခားပရဟိတအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် နမ့်ပျဉ်ကျေးရွာအနီးတွင် သြဂုတ်လ(၂၆)ရက်နေ့ ညနေပိုင်းက ဆိုင်ကယ် တစ်စီးနှင့် အိမ်စီးကားတစ်စီး မတော်တဆမှု ဖြစ်ပွားခဲ့ရာ ဆိုင်ကယ်သမားအား ကားဖြင့် သယ်ဆောင်သွားကာ အခြားတစ်နေရာတွင် ပစ်ချထားခဲ့ပြီး သေဆုံးနေသည်ကို တွေ့ရသဖြင့် အဆိုပါ ကားအား ရဲတပ်ဖွဲ့ကရှာဖွေနေကြောင်း သိရသည်။

“အဓိက အဲဒီကားကို ကောင်းကောင်းမှတ်မိလိုက်တဲ့သူမရှိတဲ့အတွက် ဖြစ်နိုင်ချေရှိတာတွေကိုတော့ ရှာဖွေ စုံစမ်း မှုတွေ ပြုလုပ်နေပါတယ်။ လားရှိုးရဲတပ်ဖွဲ့နဲ့ မိုင်းရယ်ရဲတပ်ဖွဲ့တွေအထိ ချိတ်ဆက်ပြီးတော့ ရှာဖွေစုံစမ်းနေပါ တယ်”ဟု သီပေါမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ရဲမြင့်အောင်က တာချီလိတ်သတင်းအေဂျင်စီ သို့ပြောသည်။

သီပေါမြို့နယ် ပန်မိတ်ကျေးရွာအုပ်စု နမ့်ပျဉ်ကျေးရွာအနီးတွင် အသက် (၃၀)ခန့် အမျိုးသားတစ်ဦး စီးနင်းလာသည့် မော်တော်ဆိုင်ကယ်နှင့် အိမ်စီးကားတစ်စီးတိုက်မိခဲ့ရာ ဆိုင်ကယ်သမားအား ကားပေါ်မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က တင်ဆောင်သွားခဲ့ပြီး လမ်းတွင်ပစ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မြင်လိုက်တဲ့သူတွေက လူနာကို သီပေါဆေးရုံကိုပို့တယ်ထင်လို့ ဒီတိုင်းနေတာ။ သီပေါဆေးရုံလည်း မရောက်လာ။ လားရှိုးဆေးရုံကို စုံစမ်းတော့လည်း မရောက်တာကို သိရတယ်။ ဒီမနက် သြဂုတ်(၂၇)ရက်နေ့ မနက်ကျမှ (၉)မိုင် လမ်းခွဲနားမှာ ဆိုင်ကယ်သမားရဲ့အလောင်းကို ပြန်တွေ့ရတာ။ သူ့ကိုသယ်သွားတဲ့ အိမ်စီးကားနဲ့ အမျိုးသား တစ်ဦး၊ အမျိုးသမီးတစ်ဦးကို မြင်လိုက်တဲ့သူတော့ရှိတယ်”ဟု သီပေါမြို့ရှိ နယ်စည်းမခြား ပရဟိတအသင်းမှ ကိုမျိုး( One More )က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သေဆုံးသွားသည့်အမျိုးသားမှာ သီပေါမြို့နယ် နမ့်ပျဉ်ကျေးရွာမှဖြစ်ပြီး သီပေါမြို့ ပြည်သူ့ဆေးရုံသို့ နယ်စည်းမခြားပရဟိတအသင်းက သြဂုတ်လ(၂၇)ရက် နံနက်ပို်င်းတွင် ပို့ဆောင်ပေးထားကြောင်း သိရသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ သီပေါမြို့မရဲတပ်ဖွဲ့မှ ရှာဖွေစုံစမ်းမှုများပြုလုပ်လျက်ရှိပြီး အခြားမြို့နယ်များရှိ ရဲတပ်ဖွဲ့များနှင့်ချိတ်ဆက်ကာ အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သီပေါမြို့မရဲတပ်ဖွဲ့မှ သိရသည်။

ကားပေါ်ပါ အမျိုးသားတစ်ဦး နှင့်အမျိုးသမီးတစ်ဦးက သယ်ဆောင်သွားပြီး အခြားတစ်နေရာတွင် ပစ်ချထားခဲ့သည့်အတွက် ဆိုင်ကယ်သမား သေဆုံးသွားသဖြင့် ဖြစ်စဉ်ပါ ကားနှင့်ကျူးလွန်သူများအား သီပေါရဲတပ်ဖွဲ့မှ အပူတပြင်းရှာဖွေလျက်ရှိကြောင်း သိရှိရသည်။

သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ #နယ်စည်းမခြားပရဟိတအသင်း 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~