က်ဳိင္းတံုၿမိဳ႕ ေနာင္ဖာရဲကင္းတြင္ မိုင္းယန္းဘက္က လာသည့္ ယာဥ္ေပၚမွ မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိ

က်ဳိင္းတံုၿမိဳ႕ ေနာင္ဖာရဲကင္းတြင္ မိုင္းယန္းဘက္က လာသည့္ ယာဥ္ေပၚမွ မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိ
သြဂုတ် 23, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ဳိင္းတံုၿမိဳ႕ရွိ ေနာင္ဖာရဲကင္းတြင္ မိုင္းယန္းၿမိဳ႕ဘက္မွ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္ေပၚက မူးယစ္ေဆး၀ါးမ်ားအား သယ္ေဆာင္လာသူႏွင့္အတူ ပူးေပါင္းအဖြဲ႔ျဖင့္ ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၂၈)က်ဳိင္းတံုမွ ရဲအုပ္ တင္ကိုကို ဦးစီးသည့္ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔ တို႔သည္ မူးယစ္ေဆး၀ါး သတင္းအရ ၾသဂုတ္လ(၂၃)ရက္ေန႔ ညေန(၅)နာရီ၀န္းက်င္အခ်ိန္က ေနာင္ဖာရဲကင္းတြင္ ေစာင့္ဆိုင္းေနစဥ္ မိုင္းယန္းၿမိဳ႕ဘက္မွ က်ဳိင္းတံုၿမိဳ႕တြင္းဘက္သို႔ ေက်ာ္ဟိန္းဇံ ေမာင္းႏွင္ၿပီး သန္းထြန္း လိုက္ပါလာသည့္ ယာဥ္အား ရပ္တန္႔ စစ္ေဆးရွာေဖြရာမွ မူးယစ္ေဆး၀ါးမ်ားကို ရွာေဖြဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔က ေမာ္ေတာ္ယာဥ္အတြင္း ရွာေဖြရာတြင္ ယာဥ္၏ အင္ဂ်င္စက္ခန္း၊ ၀ဲဘက္မီးခြက္ေနာက္တြင္ သို၀ွက္သယ္ေဆာင္လာသည့္ မက္အက္ဖီတမင္း(ICE) (၇)ကီလို၊ အင္ဂ်င္စက္ခန္း၏ ယာဘက္မီးခြက္အေနာက္တြင္ မက္အက္ဖီတမင္း(ICE) (၈)ကီလို ႏွင့္ ယာဥ္ေနာက္ခန္း ထိုင္ခံု အံ၀ွက္အတြင္း သို၀ွက္သယ္ေဆာင္လာသည့္ မက္အက္ဖီတမင္း(ICE) (၂၅)ကီလို စုစုေပါင္း မက္အက္ဖီတမင္း(ICE) စုစုေပါင္း ကီလို(၄၀)အား ရွာေဖြေတြ႕ရွိရျခင္း ျဖစ္ေၾကာင္း သိရသည္။

ယင္း ျဖစ္စဥ္ႏွင့္ ပတ္သက္၍ မူးယစ္ေဆး၀ါးမ်ား သယ္ေဆာင္လာသူ ႏွစ္ဦးအား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ အေရးယူရန္ ေဆာင္ရြက္လ်က္ရိွေၾကာင္း သိရွိရသည္။

သတင္း - ဇြဲျမတ္
ဓာတ္ပံု - ေအာင္ျမင္ပါေစ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ နောင်ဖာရဲကင်းတွင် မိုင်းယန်းမြို့ဘက်မှ မောင်းနှင်လာသည့် မော်တော်ယာဉ်ပေါ်က မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူနှင့်အတူ ပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ ရဲအုပ် တင်ကိုကို ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ တို့သည် မူးယစ်ဆေးဝါး သတင်းအရ သြဂုတ်လ(၂၃)ရက်နေ့ ညနေ(၅)နာရီဝန်းကျင်အချိန်က နောင်ဖာရဲကင်းတွင် စောင့်ဆိုင်းနေစဉ် မိုင်းယန်းမြို့ဘက်မှ ကျိုင်းတုံမြို့တွင်းဘက်သို့ ကျော်ဟိန်းဇံ မောင်းနှင်ပြီး သန်းထွန်း လိုက်ပါလာသည့် ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာမှ မူးယစ်ဆေးဝါးများကို ရှာဖွေဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်အတွင်း ရှာဖွေရာတွင် ယာဉ်၏ အင်ဂျင်စက်ခန်း၊ ဝဲဘက်မီးခွက်နောက်တွင် သိုဝှက်သယ်ဆောင်လာသည့် မက်အက်ဖီတမင်း(ICE) (၇)ကီလို၊ အင်ဂျင်စက်ခန်း၏ ယာဘက်မီးခွက်အနောက်တွင် မက်အက်ဖီတမင်း(ICE) (၈)ကီလို နှင့် ယာဉ်နောက်ခန်း ထိုင်ခုံ အံဝှက်အတွင်း သိုဝှက်သယ်ဆောင်လာသည့် မက်အက်ဖီတမင်း(ICE) (၂၅)ကီလို စုစုပေါင်း မက်အက်ဖီတမင်း(ICE) စုစုပေါင်း ကီလို(၄၀)အား ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း ဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ နှစ်ဦးအား ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်း - ဇွဲမြတ်
ဓာတ်ပုံ - အောင်မြင်ပါစေ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~