တာခ်ီလိတ္တြင္ မိုးအဆက္မျပတ္ရြာသြန္းမႈေၾကာင့္ နဂါးရံုဓမၼရိပ္သာေက်ာင္းတိုက္၌ ေတာင္ကမ္းပါးယံ ၿပိဳက်

တာခ်ီလိတ္တြင္ မိုးအဆက္မျပတ္ရြာသြန္းမႈေၾကာင့္ နဂါးရံုဓမၼရိပ္သာေက်ာင္းတိုက္၌ ေတာင္ကမ္းပါးယံ ၿပိဳက်
သြဂုတ် 17, 2017
By Tachileik News Agency

တာခ်ီလိတ္တြင္ ၾသဂုတ္လ(၁၆)ရက္ေန႔ ညပိုင္းက တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုရွိ နဂါးရံုဓမၼရိပ္သာေက်ာင္းတိုက္၌ ေတာင္ကမ္းပါးယံ ၿပိဳက်မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ၾသဂုတ္လ(၁၆)ရက္ေန႔ ည(၁၀)နာရီ၀န္းက်င္အခ်ိန္က နဂါးရံုဓမၼရိပ္သာေက်ာင္းတိုက္ ေက်ာင္းေဆာင္ အေရွ႕ေျမာက္ဘက္တြင္ ေတာင္ကမ္းပါးယံၿပိဳက်မႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိမႈ မရွိဘဲ ေရစင္အျဖစ္ အသံုးျပဳထားသည့္ ေရပံုးအႀကီးတစ္ခုသာ ပ်က္စီးဆံုးရႈံးမႈ ရွိခဲ့ေၾကာင္း အဆိုပါ ေက်ာင္းတိုက္ထံမွ သိရသည္။

တာခ်ီလိတ္တြင္ ၾသဂုတ္လ(၁၅)ရက္ေန႔ ညေနပိုင္းက စတင္၍ အဆက္မျပတ္မိုးရြာသြန္းမႈမ်ားေၾကာင့္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚခဲ့ၿပီးေနာက္ ၾသဂုတ္လ(၁၆)ရက္ေန႔ နံနက္ပိုင္းက ပုန္းထြန္ရပ္ကြက္ရွိ ေငြေတာင္ဦးကမၼဌာန္းေက်ာင္းတိုက္တြင္ ေတာင္ကမ္းပါးယံၿပိဳက်မွဳေၾကာင့္ ဆြမ္းခ်က္ေဆာင္တစ္ေဆာင္ ပ်က္စီးခဲ့ရၿပီး  ၾသဂုတ္လ(၁၆)ရက္ေန႔ ည(၁၀)နာရီ၀န္းက်င္တြင္လည္း နဂါးရံုဓမၼရိပ္သ ေက်ာင္းတိုက္၌ ေတာင္ကမ္းပါးယံ ၿပိဳက်မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ၾသဂုတ္လ(၁၅)ရက္ေန႔ အကူး ၾသဂုတ္လ(၁၆)ရက္ေန႔မွ စ၍ ညပိုင္းတြင္ နမ့္ယြန္းေခ်ာင္း ႏွင့္ မယ္ဆိုင္ေခ်ာင္းတို႔မွ ေရမ်ားတက္လာမႈေၾကာင့္ ၿမိဳ႕ေပၚရပ္ကြက္အခ်ဳိရွိ ေနအိမ္မ်ားအထိ ေရ၀င္ေရာက္မႈမ်ား ျဖစ္ေပၚခဲ့သည့္နည္းတူ ဖန္မင္ေက်းရြာအုပ္စု မယ္ဟုတ္ေခ်ာင္းတြင္လည္း ေရတက္လာမႈေၾကာင့္ အနီးရွိ လယ္မ်ားတြင္ ေရ၀င္ေရာက္မႈမ်ားႏွင့္ ႀကံဳခဲ့ရေၾကာင္း သိရသည္။

ဓာတ္ပံု - နဂါးရုံဓမၼရိပ္သာေက်ာင္းတိုက္



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်တွင် သြဂုတ်လ(၁၆)ရက်နေ့ ညပိုင်းက တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စုရှိ နဂါးရုံဓမ္မရိပ်သာကျောင်းတိုက်၌ တောင်ကမ်းပါးယံ ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သြဂုတ်လ(၁၆)ရက်နေ့ ည(၁၀)နာရီဝန်းကျင်အချိန်က နဂါးရုံဓမ္မရိပ်သာကျောင်းတိုက် ကျောင်းဆောင် အရှေ့မြောက်ဘက်တွင် တောင်ကမ်းပါးယံပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ ရေစင်အဖြစ် အသုံးပြုထားသည့် ရေပုံးအကြီးတစ်ခုသာ ပျက်စီးဆုံးရှုံးမှု ရှိခဲ့ကြောင်း အဆိုပါ ကျောင်းတိုက်ထံမှ သိရသည်။

တာချီလိတ်တွင် သြဂုတ်လ(၁၅)ရက်နေ့ ညနေပိုင်းက စတင်၍ အဆက်မပြတ်မိုးရွာသွန်းမှုများကြောင့် ရကြေီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် သြဂုတ်လ(၁၆)ရက်နေ့ နံနက်ပိုင်းက ပုန်းထွန်ရပ်ကွက်ရှိ ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်တွင် တောင်ကမ်းပါးယံပြိုကျမှုကြောင့် ဆွမ်းချက်ဆောင်တစ်ဆောင် ပျက်စီးခဲ့ရပြီး  သြဂုတ်လ(၁၆)ရက်နေ့ ည(၁၀)နာရီဝန်းကျင်တွင်လည်း နဂါးရုံဓမ္မရိပ်သ ကျောင်းတိုက်၌ တောင်ကမ်းပါးယံ ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သြဂုတ်လ(၁၅)ရက်နေ့ အကူး သြဂုတ်လ(၁၆)ရက်နေ့မှ စ၍ ညပိုင်းတွင် နမ့်ယွန်းချောင်း နှင့် မယ်ဆိုင်ချောင်းတို့မှ ရေများတက်လာမှုကြောင့် မြို့ပေါ်ရပ်ကွက်အချိုရှိ နေအိမ်များအထိ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည့်နည်းတူ ဖန်မင်ကျေးရွာအုပ်စု မယ်ဟုတ်ချောင်းတွင်လည်း ရေတက်လာမှုကြောင့် အနီးရှိ လယ်များတွင် ရေဝင်ရောက်မှုများနှင့် ကြုံခဲ့ရကြောင်း သိရသည်။

ဓာတ်ပုံ - နဂါးရုံဓမ္မရိပ်သာကျောင်းတိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~