ကယားပြည်နယ်အတွင်း အောင်ဘာလေထီများကို ဈေးနှုန်းတင်ရောင်းချခြင်းများ စိစစ်အရေးယူနေ
ကယားပြည်နယ်အတွင်း အောင်ဘာလေထီများကို ဈေးနှုန်းတင်ရောင်းချခြင်းများ စိစစ်အရေးယူနေ
သွဂုတျ 30, 2017
By Tachileik News Agency
ထီစာအုပ်ဝယ်ယူ ရောင်းချသူများအနေနှင့် ပဋိဥာဉ် စာချုပ်ပါ သဘောတူညီချက်များကို လေးစား လိုက်နာရန် ပျက်ကွက်ပါက အာမခံကြေးပေးသွင်းငွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူသွားမည်ဖြစ်ပြီး ပြည်တွင်းအခွန်များ ဦးစီးဌာနက အမည်ပျက်စာရင်းတွင် ထည့်သွင်းခြင်း၊ ဝယ်ယူသူသည် အောင်ဘာလေသိန်းထီလုပ်ငန်း နှင့် စပ်လျဉ်းပြီး တည်ဆဲဥပဒေ ၊ နည်းဥပဒေ တစ်ရပ်ရပ်အား လည်းကောင်း အောင်ဘာလေ သိန်းဆုဌာခွဲမှ နည်းဥပဒေနှင့်အညီ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက် တစ်စုံတစ်ရာကိုလည်းကောင်း ဖောက်ဖျက်ခြင်း၊ လိုက်နာရန်ပျက်ကွက်ခြင်း တစ်စုံတစ်ရာပေါ်ပေါက်ပါက ဝယ်ယူခွင့်ကို ရပ်စဲသွားမှာဖြစ်ကြောင်း သိရသည်။
အောင်ဘာလေထီ လစဉ်ဝယ်ယူရောင်းချခွင့်ရရှိသူကိုယ်စားလှယ်များ နှင့် ပြည်တွင်း အခွန်များဦးစီးဌာနတို့ အရောင်းအဝယ် ပဋိဥာဉ်စာချုပ်တွင် အောင်ဘာလေ သိန်းစုဌာနခွဲမှ လစဉ်ရောင်းချမည့် ထီစာအုပ်ကို ၂၀၁၇ ဘဏ္ဍာနှစ်အတွင်း သတ်မှတ်အုပ်ရေအတိုင်း လစဉ်မပျက်မကွက် ဝယ်ယူရန်၊ ထီစာအုပ် လစဉ်ဝယ်ယူရောင်းချသူအနေဖြင့် အောင်ဘာလေ သိန်းထီဌာနခွဲမှ ချမှတ်ထားသည့် အာမခံကြေး ဖြစ်သည့် ထီစာအုပ် တစ်အုပ်လျှင် ကျပ်(၁၀၀) နှုန်းဖြင့် သုံးလစာပေးသွင်းထားရန်၊ ဝယ်ယူခွင့်ရရှိခဲ့သည့် အရေအတွက် တိုင်းမှ စာအုပ်များကို လစဉ်ဝယ်ယူရန်တို့ ပါဝင်ပြီး ဝယ်ယူရန် တစ်ကြိမ်ပျက်ကွက်လျှင် ပေးသွင်းပြီး ဖြစ်သော အာမခံကြေးငွေ အားလုံးကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူခံရမည်ဖြစ်ကြောင်း၊ ဝယ်ယူခွင့်ရရှိသော ထီစာအုပ် အရေအတွက်အတိုင်း ဝယ်ယူရန်ပျက်ကွက်ပါက အမည်ပျက်စာရင်းဖြင့် သတ်မှတ်ခြင်းခံရပြီး ပြည်သူသိရှိအောင် ထုတ်ပြန်ခြင်း ကြေညာခြင်းခံရမည်ဖြစ်ကြောင်း၊ ထီ လက်မှတ် များကို ပြန်လည်ရောင်းချရာတွင် ထီလက်မှတ်ပေါ်တွင် ရိုက်နှိပ်ထားသည့် တန်ဖိုးအတိုင်း ရောင်းချပါမည်ဟု ဝန်ခံကတိပြုရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်တွင် ထီစာအုပ်များ ဝယ်ယူရောင်းချခြင်းမှ အမြတ်အစွန်းငွေပေါ်ပေါက်ပါက ဝင်ငွေခွန်ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဝင်ငွေခွန် ကြိုတင်ပေးသွင်းခြင်း ကျသင့် ဝင်ငွေခွန် ပေးဆောင်ခြင်းတို့အား တည်ဆဲဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆက်လက်ဝယ်ယူလိုခြင်း ဆန္ဒမရှိတော့ပါက ရောင်းချသူသို့ သုံးလ ကြိုတင် ၍ ရပ်စဲခွင့်ပြုပါရန် အကြောင်းကြားရမည်ဖြစ်ပြီး ရပ်စဲခွင့်ရရှိသောသူများမှ မူလပေးသွင်းထားသော အာမခံကြေးအား အပြည့်အဝ ပြန်လည်ထုတ်ယူခွင့်ပြုမှာဖြစ်ကြောင်းတို့ ပါဝင်လက်မှတ်ရေးထိုးထားခြင်းဖြစ်သည်။
အဆိုပါ အချက်အလက်များအား လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိနှင့် ဖောက်ဖျက်မှုရှိ/မရှိတို့ကို စောင့်ကြည့်စစ်ဆေးခြင်း၊ ရှောင်တခင် စစ်ဆေးခြင်းများကို ပြည်တွင်းအခွန်များဦးစီးဌာန ၊ ကယားပြည်နယ် အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
သတင်း #ဆန်းဖြိုးထွန်း
~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ် လွိုင်ကော်မြို့တွင် အောင်ဘာလေထီများကို နိုင်ငံတော်မှ သတ်မှတ်ဈေးနှုန်းထက် ပို၍ ရောင်းချနေသည့် ဆိုင်များအား စိစစ် အရေးယူခြင်းများ လုပ်ဆောင်နေကြောင်း ပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက ပြည်နယ်လွှတ်တော်တွင် ပြောကြားလိုက်သည်။
“ဈေးနှုန်းပိုမိုရောင်းချမှုကြောင့် တိုင်ကြားမှုများကိုလည်း ဖြေရှင်းဆောင်ရွက်လျက်ရှိပါတယ်။ အချို့သော ဈေးနှုန်းပိုမိုရောင်းချသူများသည် အခြားဒေသများမှတစ်ဆင့် ဝယ်ယူရောင်းချသူများဖြစ်ကြသဖြင့် ဈေးနှုန်းမြင့်မားမှုအခြေအနေကို အနီးဆုံးမြို့နယ်မှ ဝယ်ယူရောင်းချနိုင်ရေး စီစဉ်ပေးလျက်ရှိကြောင်း ရှင်းလင်း ဖြကြေားလိုပါတယ် "ဟု ကယားပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က လွှတ်တော်တွင် ဖြကြေားသည်။
"ကယားပြည်နယ်မှာ ရောင်းချနေတဲ့ နိုင်ငံတော်ပိုင် အောင်ဘာလေ သိန်းထီရဲ့ဈေးနှုန်းမှာ တစ်စောင် ခြောက်ရာကျပ်၊ ခုနှစ်ရာကျပ်၊ ရှစ်ရာကျပ် စသည်ဖြင့် ရောင်းချနေပါတယ်။ နိုင်ငံတော်က သတ်မှတ်ထားသော အောင်ဘာလေသိန်းထီ၏ ဈေးနှုန်းမှာ တစ်စောင်လျှင် ငါးရာကျပ်သာဖြစ်ပြီး ကယားပြည်နယ် ပြည်သူများအနေနဲ့ အောင်ဘာလေသိန်းထီဈေးနှုန်းများ ကြီးမြင့်နေမှုအပေါ် မကျေနပ်မှုနဲ့ တိုင်ကြားမှုတွေ ရှိနေပါတယ်။ သို့ဖြစ်၍ အောင်ဘာလေ သိန်းထီများ ဈေးနှုန်းမြင့်မားနေမှုအပေါ် မည်ကဲ့သို့အရေးယူဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း"မေးခွန်းအား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက သြဂုတ်လ (၂၉)ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။
"ထီကသာ ငါးရာတန်လို့ နာမည်တပ်ထားတာ တကယ်တမ်းကျတော့ ကိုးရာထိတောင် ဝယ်ရတာတွေရှိတယ်။ ဒါက မဖြစ်သင့်ဘူးလေ။ ဆင်းရဲသားတွေကအစ ဒီထီလေးကို လတိုင်း ဝယ်ထိုးနကြေရတာ။ သတ်မှတ်ထားတဲ့အတိုင်း ငါးရာပဲရောင်းပေါ့။ ဒါက ပိုအဆင်ပြေစေတာပေါ့ "ဟု လစဉ်ထီဝယ်ယူသူတစ်ဦးဖြစ်သည့် မသုသုစံက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
ထီစာအုပ်ဝယ်ယူ ရောင်းချသူများအနေနှင့် ပဋိဉာဉ် စာချုပ်ပါ သဘောတူညီချက်များကို လေးစား လိုက်နာရန် ပျက်ကွက်ပါက အာမခံကြေးပေးသွင်းငွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူသွားမည်ဖြစ်ပြီး ပြည်တွင်းအခွန်များ ဦးစီးဌာနက အမည်ပျက်စာရင်းတွင် ထည့်သွင်းခြင်း၊ ဝယ်ယူသူသည် အောင်ဘာလေသိန်းထီလုပ်ငန်း နှင့် စပ်လျဉ်းပြီး တည်ဆဲဥပဒေ၊ နည်းဥပဒေ တစ်ရပ်ရပ်အား လည်းကောင်း အောင်ဘာလေ သိန်းဆုဌာခွဲမှ နည်းဥပဒေနှင့်အညီ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက် တစ်စုံတစ်ရာကိုလည်းကောင်း ဖောက်ဖျက်ခြင်း၊ လိုက်နာရန်ပျက်ကွက်ခြင်း တစ်စုံတစ်ရာပေါ်ပေါက်ပါက ဝယ်ယူခွင့်ကို ရပ်စဲသွားမှာဖြစ်ကြောင်း သိရသည်။
ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းထီဌာနခွဲတွင် ထီဝယ်ယူခွင့်ရရှိသူများအနက် သဘောတူစာချုပ် ဖောက်ဖျက်မှုကြောင့် စည်းကမ်းဖောက်ဖျက်သူ(၁၃၁)ဦးထံမှ အာမခံတင်ထားသည့်ငွေ ကျပ်သိန်း(၇၀၀)ကျော်အား နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူထားခဲ့ကြောင်း သိရသည်။
အောင်ဘာလေထီ လစဉ်ဝယ်ယူရောင်းချခွင့်ရရှိသူကိုယ်စားလှယ်များ နှင့် ပြည်တွင်း အခွန်များဦးစီးဌာနတို့ အရောင်းအဝယ် ပဋိဉာဉ်စာချုပ်တွင် အောင်ဘာလေ သိန်းစုဌာနခွဲမှ လစဉ်ရောင်းချမည့် ထီစာအုပ်ကို ၂၀၁၇ ဘဏ္ဍာနှစ်အတွင်း သတ်မှတ်အုပ်ရေအတိုင်း လစဉ်မပျက်မကွက် ဝယ်ယူရန်၊ ထီစာအုပ် လစဉ်ဝယ်ယူရောင်းချသူအနဖြေင့် အောင်ဘာလေ သိန်းထီဌာနခွဲမှ ချမှတ်ထားသည့် အာမခံကြေး ဖြစ်သည့် ထီစာအုပ် တစ်အုပ်လျှင် ကျပ်(၁၀၀) နှုန်းဖြင့် သုံးလစာပေးသွင်းထားရန်၊ ဝယ်ယူခွင့်ရရှိခဲ့သည့် အရေအတွက် တိုင်းမှ စာအုပ်များကို လစဉ်ဝယ်ယူရန်တို့ ပါဝင်ပြီး ဝယ်ယူရန် တစ်ကြိမ်ပျက်ကွက်လျှင် ပေးသွင်းပြီး ဖြစ်သော အာမခံကြေးငွေ အားလုံးကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူခံရမည်ဖြစ်ကြောင်း၊ ဝယ်ယူခွင့်ရရှိသော ထီစာအုပ် အရေအတွက်အတိုင်း ဝယ်ယူရန်ပျက်ကွက်ပါက အမည်ပျက်စာရင်းဖြင့် သတ်မှတ်ခြင်းခံရပြီး ပြည်သူသိရှိအောင် ထုတ်ပြန်ခြင်း ကြေညာခြင်းခံရမည်ဖြစ်ကြောင်း၊ ထီ လက်မှတ် များကို ပြန်လည်ရောင်းချရာတွင် ထီလက်မှတ်ပေါ်တွင် ရိုက်နှိပ်ထားသည့် တန်ဖိုးအတိုင်း ရောင်းချပါမည်ဟု ဝန်ခံကတိပြုရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်တွင် ထီစာအုပ်များ ဝယ်ယူရောင်းချခြင်းမှ အမြတ်အစွန်းငွေပေါ်ပေါက်ပါက ဝင်ငွေခွန်ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဝင်ငွေခွန် ကြိုတင်ပေးသွင်းခြင်း ကျသင့် ဝင်ငွေခွန် ပေးဆောင်ခြင်းတို့အား တည်ဆဲဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆက်လက်ဝယ်ယူလိုခြင်း ဆန္ဒမရှိတော့ပါက ရောင်းချသူသို့ သုံးလ ကြိုတင်၍ ရပ်စဲခွင့်ပြုပါရန် အကြောင်းကြားရမည်ဖြစ်ပြီး ရပ်စဲခွင့်ရရှိသောသူများမှ မူလပေးသွင်းထားသော အာမခံကြေးအား အပြည့်အဝ ပြန်လည်ထုတ်ယူခွင့်ပြုမှာဖြစ်ကြောင်းတို့ ပါဝင်လက်မှတ်ရေးထိုးထားခြင်းဖြစ်သည်။
အဆိုပါ အချက်အလက်များအား လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိနှင့် ဖောက်ဖျက်မှုရှိ/မရှိတို့ကို စောင့်ကြည့်စစ်ဆေးခြင်း၊ ရှောင်တခင် စစ်ဆေးခြင်းများကို ပြည်တွင်းအခွန်များဦးစီးဌာန၊ ကယားပြည်နယ် အခွန်ဦးစီးဌာနမှူးရုံးအနဖြေင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
သတင်း #ဆန်းဖြိုးထွန်း
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~