မကွေးတိုင်းအတွင်းမှ အုတ်သဲကျောက်လုပ်ငန်းများ တင်ဒါစိစစ်ဆဲဖြစ်၍ တိုင်းနယ်နိမိတ်ကျော်တင်ပို့ခွင့် ခေတ္တပိတ်ထား
မကွေးတိုင်းအတွင်းမှ အုတ်သဲကျောက်လုပ်ငန်းများ တင်ဒါစိစစ်ဆဲဖြစ်၍ တိုင်းနယ်နိမိတ်ကျော်တင်ပို့ခွင့် ခေတ္တပိတ်ထား
သွဂုတျ 21, 2017
By Tachileik News Agency
လက်ရှိတွင် တိုင်းနယ်နိမိတ်ကျော်လွန် သယ်ယူခွင့်မပေးသဖြင့် မကွေးမြို့နယ် အုတ်၊သဲ၊ကျောက် လုပ်ငန်းရှင်များ အနေဖြင့် အခက်အခဲကြုံနေရကြောင်း သိရသည်။
“အခြားတိုင်းဒေသတွေမှာ တိုင်းနယ်နိမိတ်ကျော်ပြီး တင်ပို့ရောင်းချခွင့်တွေရှိနေပြီးတော့ မကွေးတိုင်းမှာက ခွင့်ပြုခြင်းမရှိသေးတဲ့အတွက် လုပ်ငန်းရှင်တွေမှာ အခက်အခဲတွေ့နေရတာကြောင့် အစိုးရအဖွဲ့ထံကို လုပ်ငန်းရှင်အားလုံးလက်မှတ်တွေ ရေးထိုးပြီးအသနားခံတင်ပြဖို့ ဆောင်ရွက်နေပါပြီ”ဟု မကွေးမြို့နယ် အုတ်သဲကျောက်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
သတင်း - ဖီးနစ်
~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီးအတွင်း မြစ်ကျောက်စရစ် လုပ်ငန်းများက ပြီးခဲ့သည့် နှစ်တွင် ဓာတ်သတ္တုခွန် ပေးသွင်းမှု နည်းနေသဖြင့် လုပ်ငန်းတင်ဒါများ စိစစ်နေစဉ်အတွင်း တိုင်းနယ်နိမိတ်ကျော် တင်ပို့ ရောင်းချခွင့်အား ခေတ္တပိတ်ထားကြောင်း သိရသည်။
“တိုင်းကျော်သယ်ယူခွင့် မပေးဘူးလို့ လုပ်ထားတာမဟုတ်ဘူး ပေးမှာပါ။ ပြီးခဲ့တဲ့နှစ်တွေမှာ ဓာတ်သတ္ထုခွန်က အစိုးရဆီကို အကုန်မဝင်ဘူး။ ဒါ့ကြောင့် စနစ်တကျဖြစ်အောင် လုပ်ငန်းရှင်တွေကို ပညာပေးတုန်း၊ တင်ဒါတွေစုံပြိီဆိုရင် တိုင်းကျော်သယ်ယူခွင့်ပြုနိုင်အောင် ခွင့်ပြုပေးသွားမှာပါ”ဟု ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးတင်နွယ်ဦးက သြဂုတ်လ (၂၀)ရက်နေ့တွင်ပြောကြားသည်။
လက်ရှိတွင် တိုင်းနယ်နိမိတ်ကျော်လွန် သယ်ယူခွင့်မပေးသဖြင့် မကွေးမြို့နယ် အုတ်၊သဲ၊ကျောက် လုပ်ငန်းရှင်များ အနဖြေင့် အခက်အခဲကြုံနေရကြောင်း သိရသည်။
“အခြားတိုင်းဒေသတွေမှာ တိုင်းနယ်နိမိတ်ကျော်ပြီး တင်ပို့ရောင်းချခွင့်တွေရှိနပြေီးတော့ မကွေးတိုင်းမှာက ခွင့်ပြုခြင်းမရှိသေးတဲ့အတွက် လုပ်ငန်းရှင်တွေမှာ အခက်အခဲတွေ့နေရတာကြောင့် အစိုးရအဖွဲ့ထံကို လုပ်ငန်းရှင်အားလုံးလက်မှတ်တွေ ရေးထိုးပြီးအသနားခံတင်ပြဖို့ ဆောင်ရွက်နေပါပြီ”ဟု မကွေးမြို့နယ် အုတ်သဲကျောက်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အုတ်၊ သဲ၊ ကျောက်၊ လုပ်ငန်းရှင်များအသင်းကို ၂၀၁၇ ခုနှစ် ဇူလိုင်လ (၉)ရက်နေ့က တရားဝင်ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ဈေးကွက်အတွင်း အုတ်သဲကျောက်ဈေးနှုန်းတည်ငြိမ်ရေးအတွက် လုပ်ဆောင်နေသည့်အဖွဲ့ဖြစ်ကြောင်း သိရသည်။
သတင်း - ဖီးနစ် 
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~