နတ္ေမာက္ၿမိဳ႕နယ္ ေလးအိမ္ေခ်ာင္းကိုျဖတ္ကူးရာမွ ယာဥ္ေမာင္း ေရစီးတြင္ ေမ်ာပါေပ်ာက္ဆံုး

နတ္ေမာက္ၿမိဳ႕နယ္ ေလးအိမ္ေခ်ာင္းကိုျဖတ္ကူးရာမွ ယာဥ္ေမာင္း ေရစီးတြင္ ေမ်ာပါေပ်ာက္ဆံုး
သြဂုတ် 21, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး နတ္ေမာက္ၿမိဳ ့နယ္ ေလးအိမ္ေခ်ာင္းအတြင္း ျဖတ္ကူးသည့္ ၁၂ ဘီးကုန္တင္ယာဥ္ တစ္စီး ၾသဂုတ္လ(၂၁)ရက္ေန႔ နံနက္ပိုင္းက ေခ်ာင္းလယ္တြင္ စက္ခ်ိဳ ့ယြင္းသြားၿပီး ယာဥ္ေမာင္းျဖစ္သူ ေရစီးႏွင့္ ေမ်ာပါေပ်ာက္ဆံုးသြားေၾကာင္း နတ္ေမာက္ၿမိဳ ့နယ္အုပ္ခ်ဳပ္ေရးမွဴးရံုးမွ သိရသည္။

"ကားေမာင္းသူက ယာဥ္ပိုင္ရွင္ရဲ႕သားလို ့သိရပါတယ္။ ကားက ျပည္ဘက္ကေန ဆန္ေတြတင္လာတာပါ။ ေတာင္တြင္းႀကီး - နတ္ေမာက္ - ေပ်ာ္ဘြယ္လမ္းအတိုင္း ေမာင္းလာၿပီး မႏၲေလးကိုသြားမယ့္ကားပါ။ စပယ္ယာကိုေတာ့ ကယ္ဆယ္ေရးအဖဲြ ့က ကယ္ဆယ္လိုက္နိုင္ပါတယ္" ဟု နတ္ေမာက္ၿမိဳ ့နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္ခိုင္ထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၾသဂုတ္လ(၂၀)ရက္ ညပိုင္းတြင္ မိုးသည္းထန္စြာရြာထားသျဖင့္ ေလးအိမ္ေက်းရြာအနီးရိွ ေလးအိမ္ေခ်ာင္းတြင္ ေခ်ာင္းေရမ်ား က်ေနခိုက္ ၾသဂုတ္လ(၂၁) ရက္ နံနက္ (၇)နာရီခဲြအခ်ိန္ခန္ ့တြင္ အဆိုပါယာဥ္က ေခ်ာင္းကိုျဖတ္ကူးစဥ္ စက္ပ်က္၍ ေခ်ာင္းလယ္တြင္ရပ္တန္ ့သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အခင္းျဖစ္ပြားရာသို႔ နတ္ေမာက္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးသန္းခ်ဳိ၊ စခန္းမွဴး ဒုရဲမွဴးေက်ာ္ေက်ာ္စိုးႏွင့္ ရဲတပ္ဖဲြ႕ဝင္မ်ား၊ ၿမဳိ႕ နယ္မီးသတ္တပ္ဖြဲ႕ဦးစီးမွဴး ဦးေစာေမာင္ႏွင့္ မီးသတ္တပ္ဖြဲ႕ဝင္မ်ား သြားေရာက္ၾကၿပီး ယာဥ္ေမာင္းျဖစ္သူအား ဆက္လက္ရွာေဖြခဲ့ေသာ္လည္း ရွာေဖြမေတြ႔ေသးေၾကာင္း သိရသည္။

သတင္း  - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လေးအိမ်ချောင်းအတွင်း ဖြတ်ကူးသည့် ၁၂ ဘီးကုန်တင်ယာဉ် တစ်စီး သြဂုတ်လ(၂၁)ရက်နေ့ နံနက်ပိုင်းက ချောင်းလယ်တွင် စက်ချို့ယွင်းသွားပြီး ယာဉ်မောင်းဖြစ်သူ ရေစီးနှင့် မျောပါပျောက်ဆုံးသွားကြောင်း နတ်မောက်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

"ကားမောင်းသူက ယာဉ်ပိုင်ရှင်ရဲ့သားလို့သိရပါတယ်။ ကားက ပြည်ဘက်ကနေ ဆန်တွေတင်လာတာပါ။ တောင်တွင်းကြီး - နတ်မောက် - ပျော်ဘွယ်လမ်းအတိုင်း မောင်းလာပြီး မန္တလေးကိုသွားမယ့်ကားပါ။ စပယ်ယာကိုတော့ ကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်လိုက်နိုင်ပါတယ်" ဟု နတ်မောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သြဂုတ်လ(၂၀)ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာထားသဖြင့် လေးအိမ်ကျေးရွာအနီးရှိ လေးအိမ်ချောင်းတွင် ချောင်းရေများ ကျနေခိုက် သြဂုတ်လ(၂၁) ရက် နံနက် (၇)နာရီခွဲအချိန်ခန့်တွင် အဆိုပါယာဉ်က ချောင်းကိုဖြတ်ကူးစဉ် စက်ပျက်၍ ချောင်းလယ်တွင်ရပ်တန့်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာသို့ နတ်မောက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းချို၊ စခန်းမှူး ဒုရဲမှူးကျော်ကျော်စိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့ နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးစောမောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကြပြီး ယာဉ်မောင်းဖြစ်သူအား ဆက်လက်ရှာဖွေခဲ့သော်လည်း ရှာဖွေမတွေ့သေးကြောင်း သိရသည်။

သတင်း - ဖီးနစ် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~