က်ိဳင္းတံုတြင္ ေတာရိုင္းတိရစၦာန္မ်ား သယ္ေဆာင္မႈအား ဘ႑ာႏွစ္(၂)ႏွစ္ အတြင္း ပထမဆံုးအႀကိမ္ ဖမ္းဆီးရမိ

က်ိဳင္းတံုတြင္ ေတာရိုင္းတိရစၦာန္မ်ား သယ္ေဆာင္မႈအား ဘ႑ာႏွစ္(၂)ႏွစ္ အတြင္း ပထမဆံုးအႀကိမ္ ဖမ္းဆီးရမိ
သြဂုတ် 31, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕တြင္ ၂၀၁၅- ၂၀၁၆ ဘ႑ာႏွစ္ေနာက္ပိုင္း ပထမဆံုးအႀကိမ္ ဖမ္းမိေသာ ရွားပါးလိပ္ (၁၀)ေကာင္အား ေဘးမဲ့သစ္ေတာႀကိဳးဝိုင္းတြင္ ျပန္လႊတ္ေပးလုိက္ၿပီး ဝက္ဝံေျခလက္(၄)ေခ်ာင္းအား ၾသဂုတ္လ (၃၀)ရက္ေန႔တြင္ မီးရိႈ႕ဖ်က္ဆီးလိုက္ေၾကာင္း သိရသည္။

“ဖမ္းဆီးရမိတာ ဝက္ဝံေျခ(၄)ေခ်ာင္း၊ လက္(၄)ေခ်ာင္းဗ်။ လိပ္က လိပ္ဘီးဝန္း (၁၀)ေကာင္။ ကၽြန္ေတာ္တို႔ ဒီမွာ ေနာက္ဆံုးဖမ္းဆီးရမိတာ ၂၀၁၅- ၂၀၁၆ ဘ႑ာႏွစ္မွာပါ။ အဲဒီတုန္းက ဘြတ္ကလံုငွက္ေတြ၊ ဒီေနာက္ ၂၀၁၆- ၂၀၁၇ မွာ ဖမ္းမိတာမရိွဘူး။ က်ိဳင္းတံုနဲ႔ မုိင္းခတ္လမ္းေပၚက ေနာင္ဖာရဲကင္းဂိတ္မွာ ဖမ္းဆီးရမိတာပါ” ဟု က်ိဳင္းတံုၿမိဳ႕ သစ္ေတာဦးစီးဌာန ဦးစီးအရာရိွ ဦးကိုကိုမ်ိဳးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ိဳင္းတံုၿမိဳ႕ ေနာင္ဖာဂိတ္တြင္ ဖမ္းမိေသာ ရွားပါးလိပ္မ်ားအား ၾသဂုတ္လ (၂၉)ရက္ေန႔တြင္ ၊ က်ိဳင္းတံုသစ္ေတာဦးစီးဌာနမွဴးႏွင့္ ဝန္ထမ္းမ်ား၊ က်ိဳင္းတံုၿမိဳ႕မရဲစခန္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ား၊ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးမ်ား၊ က်ိဳင္းတံုခရိုင္စားသံုးသူေရးရာဦးစီးဌာနႏွင့္ စရဖ ဝန္ထမ္းမ်ားပါဝင္သည့္အဖြဲ႕က လြယ္ေမြသဘာဝေဘးမဲ့ သစ္ေတာႀကိဳးဝိုင္းတြင္ လႊတ္ေပးလုိက္ၿပီး ဝက္ဝံအပိုင္းအစမ်ားအား ၾသဂုတ္လ (၃၀)ရက္ေန႔တြင္ သစ္ေတာဦးစီးဌာနဝန္ထမ္းမ်ားက ေနာင္ႏြန္းသစ္ေတာဦးစီးဌာနဝန္းအတြင္း မီးရိႈ႕ဖ်က္ဆီးလုိက္ေၾကာင္း သိရသည္။

က်ိဳင္းတံုႏွင့္ မိုင္းဆတ္လမ္းရိွ ေနာင္ဖာပူးေပါင္းစစ္ေဆးေရးစခန္းတြင္ ခရီးသည္တင္ကားတစ္စီးအား စစ္ေဆးရာမွ အဆိုပါလိပ္ႏွင့္ ဝက္ဝံကိုယ္ခႏၶာအစိတ္အပိုင္းမ်ား သယ္ေဆာင္လာသူအား ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရၿပီး သယ္ေဆာင္လာသူအား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ ေတာရိုင္းတိရစၦာန္ႏွင့္ သဘာဝအပင္မ်ားကာကြယ္ေရးႏွင့္ သဘာဝနယ္ေျမမ်ား ထိန္းသိမ္းေရးဥပေဒ ပုဒ္မ ၃၇(က) ျဖင့္အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း #ခ်ယ္ရီထုိက္
ဓာတ္ပံု #စားသံုးသူေရးရာဦးစီးဌာန




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖမ်းမိသော ရှားပါးလိပ် (၁၀)ကောင်အား ဘေးမဲ့သစ်တောကြိုးဝိုင်းတွင် ပြန်လွှတ်ပေးလိုက်ပြီး ဝက်ဝံခြေလက်(၄)ချောင်းအား သြဂုတ်လ (၃၀)ရက်နေ့တွင် မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

“ဖမ်းဆီးရမိတာ ဝက်ဝံခြေ(၄)ချောင်း၊ လက်(၄)ချောင်းဗျ။ လိပ်က လိပ်ဘီးဝန်း (၁၀)ကောင်။ ကျွန်တော်တို့ ဒီမှာ နောက်ဆုံးဖမ်းဆီးရမိတာ ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်မှာပါ။ အဲဒီတုန်းက ဘွတ်ကလုံငှက်တွေ၊ ဒီနောက် ၂၀၁၆- ၂၀၁၇ မှာ ဖမ်းမိတာမရှိဘူး။ ကျိုင်းတုံနဲ့ မိုင်းခတ်လမ်းပေါ်က နောင်ဖာရဲကင်းဂိတ်မှာ ဖမ်းဆီးရမိတာပါ” ဟု ကျိုင်းတုံမြို့ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုမျိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့ နောင်ဖာဂိတ်တွင် ဖမ်းမိသော ရှားပါးလိပ်များအား သြဂုတ်လ (၂၉)ရက်နေ့တွင်၊ ကျိုင်းတုံသစ်တောဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ကျိုင်းတုံမြို့မရဲစခန်းမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ကျိုင်းတုံခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် စရဖ ဝန်ထမ်းများပါဝင်သည့်အဖွဲ့က လွယ်မွေသဘာဝဘေးမဲ့ သစ်တောကြိုးဝိုင်းတွင် လွှတ်ပေးလိုက်ပြီး ဝက်ဝံအပိုင်းအစများအား သြဂုတ်လ (၃၀)ရက်နေ့တွင် သစ်တောဦးစီးဌာနဝန်ထမ်းများက နောင်နွန်းသစ်တောဦးစီးဌာနဝန်းအတွင်း မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

ကျိုင်းတုံနှင့် မိုင်းဆတ်လမ်းရှိ နောင်ဖာပူးပေါင်းစစ်ဆေးရေးစခန်းတွင် ခရီးသည်တင်ကားတစ်စီးအား စစ်ဆေးရာမှ အဆိုပါလိပ်နှင့် ဝက်ဝံကိုယ်ခန္ဓာအစိတ်အပိုင်းများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရပြီး သယ်ဆောင်လာသူအား ကျိုင်းတုံမြို့မရဲစခန်းတွင် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၃၇(က) ဖြင့်အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း #ချယ်ရီထိုက်
ဓာတ်ပုံ #စားသုံးသူရေးရာဦးစီးဌာန

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~