ကယားပြည်နယ်လွှတ်တော်တွင် "အချင်းချင်းပေါင်းစား နေမယ်ဆိုရင် "စကားရပ်ကြောင့် လွှတ်တော်ဥက္ကဌနှင့် နယ်စပ်ရေးရာဝန်ကြီးတို့ အခြေအတင် ဆွေးနွေးခဲ့ရ

ကယားပြည်နယ်လွှတ်တော်တွင် "အချင်းချင်းပေါင်းစား နေမယ်ဆိုရင် "စကားရပ်ကြောင့် လွှတ်တော်ဥက္ကဌနှင့် နယ်စပ်ရေးရာဝန်ကြီးတို့ အခြေအတင် ဆွေးနွေးခဲ့ရ
သွဂုတျ 31, 2017
By Tachileik News Agency


ကယားပြည်နယ်ပြင်ပတွင် ဖမ်းဆီးရမိသည့် တရားမဝင်ကျွန်းသစ်တုံးများ၊ ပိတောက်တုံးများ၊ ကယားပြည်နယ် မော်ချီးဒေသထွက် ခဲမဖြူများနှင့် ပတ်သက်၍ ကယားပြည်နယ်အစိုးရအနေဖြင့် ဖမ်းဆီးရရှိသော ကိစ္စများကို အခြားတိုင်းဒေသကြီး၊ ပြည်နယ်များရှိ တာဝန်ရှိသူများဖြင့် ပူးပေါင်း ဖော်ထုတ်၍ အချိန်နှင့်တစ်ပြေးညီ အရေးယူဆောင်ရွက်နိုင်ရန်နှင့် တရားဥပဒေ စိုးမိုးမှုဆောင်ရွက်ရန် ပြည်နယ်အစိုးရအား တိုက်တွန်းကြောင်းအဆို ကို ဒီးမော့ဆိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်က သြဂုတ်လ ၂၉ ရက်နေ့တွင် ကျင်းပခဲ့သော အစည်းအဝေးတွင် ထောက်ခံဆွေးနွေးရာ၌ "အချင်းချင်းပေါင်းစား နေမယ်ဆိုရင် "ဟူသော စကားရပ် သုံးနှုန်းသည့်အပေါ် နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီးက အဆိုပါစကားရပ်မှာ လွှတ်တော် နည်းဥပဒေနှင့် မညီသလို လွှတ်တော်တွင် ဆွေးနွေးရန် မသင့်သော အသုံးအနှုန်း ဖြစ်သောကြောင့် ပြန်လည် ပယ်ဖျက်ပေးရန် မတ်တပ်ရပ် ကန့်ကွက်ကာ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။


အဆိုပါ စကားရပ်အား ကန့်ကွက်မှုကို ပြည်နယ်လွှတ်တော်ဥက္ကဌက မိမိအနေဖြင့် ပယ်ဖျက်ရန် မသင့်ကြောင်းနှင့် တရားမဝင်သော လုပ်ငန်းများအား ဖမ်းဆီးရေးများ လုပ်ဆောင်ရန် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ၊ အဖွဲ့စည်းများအား အသိပေးအရေးယူ ဆောင်ရွက်ရန် အကြိမ်ကြိမ် စေခိုင်းသော်လည်း ဌာနများမှ ထိရောက်စွာ မလုပ်ဆောင်သလို အချင်းချင်း လာဘ်စားမှုများ ရှိနေသည့်အတွက် အခုလို စကားလုံး အသုံးအနှုန်းအပေါ် မပယ်ဖျက်သင့်ကြောင်းနှင့် အခုလိုပြောဆိုခြင်းမှာလည်း သယံဇာတများအား တရားမဝင် လုပ်ကိုင်နေသည့် အပေါ် အောက်ခြေဌာန များတွင်လည်း အရေးယူ ဆောင်ရွက်မှုများ မရှိသည်ကို အချက်လက် အပြည့်အစုံ မိမိတွင်ရှိနေသည့်အတွက် ပြောဆိုရခြင်း ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးနှင့် အပြန်လှန် အခြေအတင် ဆွေးနွေးခဲ့သည်။


လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ကလည်း အဆိုပါ စကားရပ်မှာ လက်ရှိ တာဝန်ထမ်းဆောင်နေကြသူများ အားလုံးအပေါ် ပြောဆိုနေခြင်းမျိုး ဖြစ်နေသဖြင့် ယခင်က တာဝန်ထမ်းဆောင်ခဲ့သူများထဲမှ လာဘ်ပေးလာဘ်ယူမှုများ ရှိသူများနှင့်သာ သက်ဆိုင်သည့် စကားရပ်မျိုးကိုသာ သုံးနှုန်းသင့်ကြောင်းနှင့် မိမိတို့လက်ရှိ တာဝန်ထမ်းဆောင်နေချိန်တွင် ယခုတင်ပြခဲ့သော ဥပဒေစိုးမိုးရေး နှင့် တရားမဝင် သယံဇာတများကို တားဆီးရေးလုပ်ငန်းများအား လွှတ်တော်နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပြီး အဆိုပါ အသုံးနှုန်းအပေါ် လွှတ်တော်ဥက္ကဌ နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့ အချိန်ကြာမြင့်စွာ အပြန်လှန်ဆွေးနွေးခဲ့ကြသည်။


သတင်း - ဆန်းဖြိုးထွန်း


~~~~~~~~⊰❂ unicode ~~~~~~~~

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် မယ်စဲ့မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦး တင်သွင်းခဲ့သည့် အဆိုတစ်ခုအား ထောက်ခံသောအဆိုမှ စကားရပ်တစ်ခုနှင့် ပတ်သက်၍ လွှတ်တော်ဥက္ကဌ နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့ သဘောထားကွဲလွဲ၍ အချိန်ကြာမြင့်စွာ အခြေအတင် ဆွေးနွေးခဲ့ကြသည်။

ကယားပြည်နယ်ပြင်ပတွင် ဖမ်းဆီးရမိသည့် တရားမဝင်ကျွန်းသစ်တုံးများ၊ ပိတောက်တုံးများ၊ ကယားပြည်နယ် မော်ချီးဒေသထွက် ခဲမဖြူများနှင့် ပတ်သက်၍ ကယားပြည်နယ်အစိုးရအနဖြေင့် ဖမ်းဆီးရရှိသော ကိစ္စများကို အခြားတိုင်းဒေသကြီး၊ ပြည်နယ်များရှိ တာဝန်ရှိသူများဖြင့် ပူးပေါင်း ဖော်ထုတ်၍ အချိန်နှင့်တစ်ပြေးညီ အရေးယူဆောင်ရွက်နိုင်ရန်နှင့် တရားဥပဒေ စိုးမိုးမှုဆောင်ရွက်ရန် ပြည်နယ်အစိုးရအား တိုက်တွန်းကြောင်းအဆို ကို ဒီးမော့ဆိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်က သြဂုတ်လ ၂၉ ရက်နေ့တွင် ကျင်းပခဲ့သော အစည်းအဝေးတွင် ထောက်ခံဆွေးနွေးရာ၌ "အချင်းချင်းပေါင်းစား နေမယ်ဆိုရင် "ဟူသော စကားရပ် သုံးနှုန်းသည့်အပေါ် နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီးက အဆိုပါစကားရပ်မှာ လွှတ်တော် နည်းဥပဒေနှင့် မညီသလို လွှတ်တော်တွင် ဆွေးနွေးရန် မသင့်သော အသုံးအနှုန်း ဖြစ်သောကြောင့် ပြန်လည် ပယ်ဖျက်ပေးရန် မတ်တပ်ရပ် ကန့်ကွက်ကာ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

"အသုံးပြုသွားတဲ့ စကားလုံး စကားရပ်များတွင် အချင်းချင်း ပူးပေါင်း၍ တားမြစ်ရန်အစား အချင်းချင်း ပူးပေါင်း၍ စားနေသည်ဆိုတဲ့ စကားရပ်သည် လွှတ်တော်တွင်တင်ပြရန် မသင့်သော အသုံးအနှုန်းဖြစ်ပြီး လွှတ်တော်ဆိုင်ရာ နည်းဥပဒေများနှင့်လည်း ကိုက်ညီခြင်းမရှိကြောင်း တွေ့ရှိရတဲ့အတွက်၎င်းစကားရပ်ကို ပယ်ဖျက်ပေးရန် တင်ပြလိုပါတယ် "ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဆွေးနွေးခဲ့သည်။

အဆိုပါ စကားရပ်အား ကန့်ကွက်မှုကို ပြည်နယ်လွှတ်တော်ဥက္ကဌက မိမိအနဖြေင့် ပယ်ဖျက်ရန် မသင့်ကြောင်းနှင့် တရားမဝင်သော လုပ်ငန်းများအား ဖမ်းဆီးရေးများ လုပ်ဆောင်ရန် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ အဖွဲ့စည်းများအား အသိပေးအရေးယူ ဆောင်ရွက်ရန် အကြိမ်ကြိမ် စေခိုင်းသော်လည်း ဌာနများမှ ထိရောက်စွာ မလုပ်ဆောင်သလို အချင်းချင်း လာဘ်စားမှုများ ရှိနေသည့်အတွက် အခုလို စကားလုံး အသုံးအနှုန်းအပေါ် မပယ်ဖျက်သင့်ကြောင်းနှင့် အခုလိုပြောဆိုခြင်းမှာလည်း သယံဇာတများအား တရားမဝင် လုပ်ကိုင်နေသည့် အပေါ် အောက်ခြေဌာန များတွင်လည်း အရေးယူ ဆောင်ရွက်မှုများ မရှိသည်ကို အချက်လက် အပြည့်အစုံ မိမိတွင်ရှိနေသည့်အတွက် ပြောဆိုရခြင်း ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးနှင့် အပြန်လှန် အခြေအတင် ဆွေးနွေးခဲ့သည်။

" အဲဒါက ကျွန်တော့်မှာ အခိုင်အမာတွေရှိတယ်။ ကျွန်တော်ဥက္ကဌ တစ်ယောက်အနေနဲ့တော့ မပယ်ဖျက်သင့်ဘူးလို့ထင်တယ်။ ကျွန်တော့်မှာ အခိုင်အမာ အထောက်အထားအများကြီးရှိတယ်။ ဝန်ကြီး လိုချင်ရင် ပေးလို့ရတယ်။ ဝန်ကြီးတို့ မှန်မှန်ကန်ကန်လုပ်မယ်ဆို ပေးလို့ရတယ်။ အခု ဝန်ကြီးတို့ ဂိတ်ကလူတွေက ပေါင်းစားနေတာပေါ့။ ပေါင်းစားလို့ ပြင်ပကိုရောက်တာပေါ့။ ကျွန်တော့်မှာ အထောက်ထားအများကြီးရှိတယ် "ဟု ပြည်နယ်လွှတ်တော် ဥက္ကဌ မှ ပြန်လည်ပြောဆိုဆွေးနွေးခဲ့သည်။

လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ကလည်း အဆိုပါ စကားရပ်မှာ လက်ရှိ တာဝန်ထမ်းဆောင်နကြေသူများ အားလုံးအပေါ် ပြောဆိုနခြေင်းမျိုး ဖြစ်နေသဖြင့် ယခင်က တာဝန်ထမ်းဆောင်ခဲ့သူများထဲမှ လာဘ်ပေးလာဘ်ယူမှုများ ရှိသူများနှင့်သာ သက်ဆိုင်သည့် စကားရပ်မျိုးကိုသာ သုံးနှုန်းသင့်ကြောင်းနှင့် မိမိတို့လက်ရှိ တာဝန်ထမ်းဆောင်နေချိန်တွင် ယခုတင်ပြခဲ့သော ဥပဒေစိုးမိုးရေး နှင့် တရားမဝင် သယံဇာတများကို တားဆီးရေးလုပ်ငန်းများအား လွှတ်တော်နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပြီး အဆိုပါ အသုံးနှုန်းအပေါ် လွှတ်တော်ဥက္ကဌ နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့ အချိန်ကြာမြင့်စွာ အပြန်လှန်ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးတွင် အဆိုပါ စကားရပ်ကို သုံးနှုန်းခဲ့သော အဆိုအား ထောက်ခံသူ လွှတ်တော်ကိုယ်စားလှယ်က၎င်း အသုံးနှုန်းအစား အခြားသင့်တော်သော အသုံးအနှုန်း ဖြည့်စွက်ရန် ပြန်လည်ဆွေးနွေးခဲ့ပြီး၎င်း အဆိုအား လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံခဲ့သည့်အတွက် လွှတ်တော်မှ အတည်ပြုခဲ့သည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~